”ဖွင့်လှစ်ထားတဲ့ ဂိုးပေါင်းစျေးက ပျော့တောင်ပျော့နေသေး”

ဗုဒ္ဓဟူးည ယူရိုပါလိဂ် ၃၂သင်းအဆင့်(ဒု-အကျော့) ပွဲကြိုသုံးသပ်ချက်

စပါး နှင့် ဝုဖ်ဘာဂါ (ည ၁၁:၃၀)(စိုင်းကို- တောင်ကြီး)

အိမ်ကွင်းသြစတြီးယားမြေမှာတုန်းက ၁-၄ဂိုးနဲ့ အရေးနိမ့်ထားခဲ့တာကြောင့်ဝုဖ်ဘာဂါအတွက်မျှော်လင့်ချက်ကမရှိသလောက်ဖြစ်နေပါပြီ။ဒါကြောင့် အခုကစားမယ့်စပါးကွင်းကပွဲမှာပွဲစတယ်ဆိုကတည်းကဝုဖ်ဘာဂါဖောင်ဖျက်တိုက်ပွဲဝင်လာပါလိမ့်မယ်။

နဂိုကတည်းကတိုက်စစ်အားကောင်းသလောက်ခံစစ်ယိုယွင်းလွန်းတဲ့ ဝုဖ်ဘာဂါရဲ့ သေမထူးနေမထူးကစားလာမယ့်ဒီပွဲကဂိုးတွေမြင်ကိုမြင်ရမှာပါ။အိမ်ရှင်ပရီးမီးယားလိဂ်ကလပ်စပါးကလည်းဟာရီကိန်း၊ လူးကပ်စ်မိုရာ၊ ဗီနီဆီးယက်စ်တို့ အတွဲအဖက်မိမှုနဲ့ အတူတိုက်စစ်အားကောင်းလွန်းတဲ့အသင်းဖြစ်တယ်။

ဒါပေမဲ့တိုက်စစ်အသားပေးနည်းဗျူဟာသုံးတဲ့အသင်းပီပီခံစစ်ကလည်းယိုယွင်းလွန်းလှတယ်။ဒါကြောင့်ဒီလိုပွဲမျိုးမှ ဂိုးမပေါ်ရင်ဘယ်ပွဲမှကိုပေါ်မှာမဟုတ်ပါဘူး။ဖွင့်လှစ်ထားတဲ့ဂိုးပေါင်းကြေး ၃-၅၀ဆိုတာပျော့တောင်ပျော့လွန်းနေပါသေးတယ်။သေချာပေါက်ကိုဂိုးပေါင်းအပေါ်အောင်မှာပါ။

zawgyi

”ဖွင့်လှစ်ထားတဲ့ ဂိုးပေါင်းဈေးက ပျော့တောင်ပျော့နေသေး”



