မိုးနံ့လေး သင်းလာပြီမို့ စပါးခင်းကြီးအနာဂတ် ဂွတ်ရှယ်ပဲ

တနင်္ဂနွေည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၃၆ ပွဲကြိုသုံးသပ်ချက်

စပါး နှင့် ဝုဗ် (ည ၇း၃၅)(အိုဇုန်း)

လိုအပ်တယ်ဆိုရင် ခံစစ်ပိုင်းလုံခြုံအောင်၊ ကွင်းလယ်တည်ငြိမ်အောင်ဝုဗ်ကြိုးစားကစားနိုင်စွမ်းရှိပါတယ်။ဒါပေမဲ့တန်းတင်ကျန်ရစ်ဖို့ သေချာပြီးကတည်း ကဝုဗ်ဖိအားကင်းကင်းကစားနေပြီးတိုက်စစ်ပိုင်းကဂိုးရသလောက်နောက်တန်းကလည်းပေးဂိုးများလာတယ်။

စပါးကတော့ယူရိုပါလိဂ်ဝင်ခွင့်မျှော်မှန်းနေနိုင်ဆဲဖြစ်လို့ လက်ကျန်ပွဲတွေရလဒ်ကောင်းဖို့ လိုအပ်နေတဲ့အသင်းပါ။အဝေးကွင်းဆိုရင်သာစပါးရဲ့ခြေစွမ်း ညံ့ဖျင်းပေမယ့်အိမ်ကွင်းဆိုရင်တော့ ဘယ်လိုအသင်းမျိုးကိုမဆိုအသာစီးယူကစားနိုင်စွမ်းရှိနေတယ်။

တစ်ဂိုးသရေဖွင့်လှစ်မှုမှာစပါးရဲ့သွင်းဂိုးတွေကိုပဲလက်ချိုးရေတွက်ရမယ်လို့ ယုံကြည်တယ်။မိုးနံ့လေးသင်းလာပြီမို့ စပါးခင်းကြီးရဲ့အနာဂတ်ဂွတ်ရှယ်ပါပဲ။

zawgyi



စပါး နှင့် ဝုဗ် (ည ရး၃၅)(အိုဇုန်း)

