
ဗုဒ္ဓဟူးည ချန်ပီယံလိဂ် ၁၆ သင်းအဆင့်(ဒု-ကျော့) ပွဲကြိုသုံးသပ်ချက်
စပါး နှင့် အေစီမီလန်(ည ၂း၃၀)(သတိုးမှော်ဘီ)
အီတလီကပထမအကျော့မှာ ပွဲအစ ၇ မိနစ်မှာတင်ပေးရတဲ့ဘရာဟင်ဒီယက်ဇ်ရဲ့တစ်လုံးတည်းသောဂိုးနဲ့ ရှုံးခဲ့ရတာမို့ စပါးဟာအိမ်ကွင်းကဒုတိယအကျော့မှာပြန်နိုင်ဖို့လိုသွားပါပြီ။လက်ရှိမှာကွန်တီရဲ့အသင်းဟာနောက်ဆုံး ၂ ပွဲဆက်ရှုံးထားပေမယ့်အဝေးကွင်းတွေချည်းမှာပါ။အိမ်ကွင်းမှာတော့စပါးဟာနောက်ဆုံး ၃ ပွဲဆက်နိုင်ထားပြီးအဲဒီထဲမှာမန်စီးတီးနဲ့ချဲလ်ဆီးတို့ကို နိုင်ခဲ့တဲ့ပွဲတွေလည်းပါ၀င်ပါတယ်။
အေစီကတော့ပြီးခဲ့တဲ့စနေ အဝေးကွင်းမှာဖီအိုကို ရှုံးနိမ့်ခဲ့လို့ ၄ ပွဲဆက်အနိုင်ဆုံးသတ်ခဲ့တာပါ။ဒါ့အပြင်ပီအိုလီရဲ့အသင်းဟာနောက်ဆုံးအဝေးကွင်း၄ ပွဲမှာလည်း၃ပွဲရှုံ့းထားပါတယ်။အိမ်ကွင်းမှာစပါးပြန်အနိုင်ရမှာပါ။
zawgyi