
တနင်္ဂနွေည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၂၀ ပွဲကြိုသုံးသပ်ချက်
စပါး နှင့် အာဆင်နယ်(ည ၁၁း၀၀)(စိုင်းကိုတောင်ကြီး)
ကြားထဲမှာခြေချော်မှုတွေ၊ ထင်သလောက်မရောက်ခဲ့တာတွေရှိပေမယ့်ပြီးခဲ့တဲ့ရက်သတ္တပတ်တာကစပါးမှာနိုင်ပွဲအငွေ့အသက်တွေပြန်လည်ခံစားလာရတယ်။စပါးရဲ့လက်ရှိအိမ်ကွင်းခြေကစိတ်မချရဘူးဆိုရင်တောင်မြောက်လန်ဒန်ဒါဘီဆိုတာနဲ့ သူတို့ကလုံး၀အနိုင်မခံအရှုံးမပေးကစားပြတတ်တာပါ။
ဒါကြောင့်မို့လည်းအာဆင်နယ်နဲ့အိမ်ကွင်းတွေ့ဆုံမှုနောက်ဆုံး၇ကြိမ်မှာ၆ကြိမ်အနိုင်ရခဲ့တာပါ။ဦးဆောင်သူဂန်းနားတွေကတော့နောက်ဆုံးကန်ခဲ့တဲ့လိဂ် ပွဲဖြစ်တဲ့ကာဆယ်နဲ့ပွဲမှာဒီရာသီရှားရှားပါးပါးအဖြစ်ဂိုးမရခဲ့ပါဘူး။နောက်ပြီးအာတီတာရဲ့အသင်းဟာပွဲကြီးပွဲကောင်းတွေမှာဆိုဂျီးဆပ်မပါတဲ့သက် ရောက်မှုကိုပိုခံစားရပါတယ်။အမြောက်သံတွေတိတ်ဆိတ်နေမယ့်မြောက်လန်ဒန်ဒါဘီပါ။
zawgyi