ဆိုးလ်ရှားကိုတစ်ပွဲလောက်ဝင်ကယ်ရင်အဆင်ပြေမလား..

Play Maker 3D

🈁 Min Naddy ,Han Soe Thway,N Kyal Minn

ကျော်ကြားပြီးသား၊ ရောက်ရှိပြီးသား၊ ပေါက်မြောက်ပြီးသားကစားသမားတစ်ယောက်နောက်တစ်ဆင့်တက်ပြီဆိုသည့်အခါနည်းနည်းတော့ပြောရခက်ပါသည်။ သူကဘယ်အဆင့်ရောက်သွားမည်လဲ။ ဆိုပါစို့၊ ဆာလာဆိုပါစို့။ သူကချန်ပီယံလိဂ်ရပြီးပြီ။လီဗာပူး၏ ဆယ်စုနှစ်များစွာပြတ်တောက်နေသောလိဂ်ချန်ပီယံအိပ်မက်ကိုလည်းအသက်သွင်းပြီးပြီ။ဘောလုံးမှာသူမလုပ်နိုင်တာဘာများကျန်သေးလို့လဲ။လက်ရှိမှာလည်းသူ့လောက်တောက်ပနိုင်သော ကစားသမားအခြားတစ်ယောက်ရှာတွေ့ရန်မှာ စိတ်ကူးယဉ်ဆန်လွန်းလှပြီ။

ကောင်းပြီ။သူကဘယ်အဆင့်လဲ။လူတွေက ကစားသမားတစ်ယောက်နားပြီဆိုမှတခမ်းတနားဖွဲ့ချင်နွဲ့ချင်ကြတာမဟုတ်လား။ကိုယ်တော်မြတ်ဆာလာစွန့်ခွာတော်မူခန်းမှစလို့ပေါ့လေ။သူလှုပ်ရှားသက်ဝင်နေချိန်မှာအဆင့်တစ်ခုသတ်မှတ်ပေးဖို့သိပ်ကိုလက်ခက်တတ်ကြတာပဲ။ဒါဖြင့်သူကဘယ်လိုအဆင့်မျိုးပါလိမ့်။မက်ဆီ၊ ရော်နယ်ဒိုတို့နှင့်တစ်တန်းတည်းလား။ ဒီမှာအဲ့ဒီလိုနှိုင်းစရာလိုလို့လား..။ ဆာလာဟာ ဆာလာရဲ့ကောင်းကင်ကို ချန်ထားရစ်ခဲ့ပဲပြီးပြီမဟုတ်ဘူးလား။ လောကမှာကိုယ့်နည်းကိုယ့်ဟန်ဖြင့်အောင်မြင်ခွင့်၊ ကျဆုံးခွင့်တွေမပိုင်ဆိုင်ရတော့ဘူးတဲ့လား။ ဒီလိုပဲမန်ယူကရောဘယ်လိုအဆင့်မျိုးပါလိမ့်။

ကြီးဘယ်နှစ်ကြီးလဲ၊ အဲ့ဒီလိုအသင်းကြီးစာရင်းထဲမှလွတ်ကျလိမ့်ဆင်းသွားရန်ရာနှုန်းပြည့်သေချာသွားသောအစုအဖွဲ့လား။ ကယ်တင်နိုင်သူတစ်ဦးမှမရှိသောလေယာဉ်တစ်စင်းထဲမှာပိတ်မိနေကြသူတွေလား။သူတို့ဟာ ပြီးဆုံးသွားသောချန်ပီယံလား၊ ဒီလမ်းထဲကိုနောက်တစ်ခါဘယ်တော့မှမလာတော့ဘူးဆိုသောချန်ပီယံလား၊ ပရိသတ်ကိုကျီစားသန်သောချန်ပီယံလား။ဆိုးလ်ရှားကအခုထုတ်ရန်လား။ အချိန်ပေးစောင့်ကြည့်ရန်မောင်မင်းတို့ပျက်ကွက်ကြတာပဲဆိုသောကြိမ်းပကားသံလား။ ဘာနေနေဒီတစ်ပတ်စပါးကွင်းမှာကစားရန်ကရှိနေပြန်သည်။ ဘယ်လိုလဲ၊ ကြောင်ကြာကြာရေမငုပ်တာသေချာလို့လား..

စပါး – မန်ယူ (မန်ယူ(-25)

🈁 Nကြယ်မင်း

ဧကရာဇ်တစ်ဦးရဲ့နောက်ဆုံးအချိန်တွေလိုမန်ယူကိုဝိုင်းထားလိုက်ကြပုံရပါတယ်။သူတို့ဘယ်လိုတွေတောင်အရှုံးပေးဦးမှာလဲ။ သူတို့ဆီကနောက်ထပ်ရစရာကဘာမျာလဲ။အဲ့ဒီလိုချဉ်းကပ်ကြရအောင်လည်းမန်ယူဖြစ်နေပုံကဆိုးပါတယ်။အဲ့ဒါကိုငြင်းစရာမရှိပါဘူး။ ဒါပေမဲ့လှုပ်ယိမ်းနေတဲ့ပုံရိပ်တွေ၊ ဆူညံနေတဲ့အသံတွေ၊ ဘာမှမတတ်နိုင်စွာရမ်းခါလိုက်တဲ့ဦးခေါင်းတွေကိုကြည့်ပြီး အများနည်းတူအိပ်မက်တစ်ခုကိုထုတ်မက်တော့မယ်လို့ပြင်ဆင်လိုက်တာဟာမှန်ကန်ပါရဲ့လား။ ဖြစ်ရောဖြစ်သင့်ရဲ့လား။ အဲ့ဒါလေးတော့တစ်ချက်ပြန်စဉ်းစားပေးရမယ်ထင်ပါတယ်။

စပါးခံစစ်ဟာအောင်မြင်နေတဲ့ဘက်မရောက်ခဲ့ပါဘူး။မော်ရင်ညိုတုန်းကလိုပဲလက်ထဲကဖဲကိုဘယ်လိုတွဲတွဲဒေါင်းဖဲဖြစ်လာမယ့်အထွေတစ်ထွေတောင် မမြင်ရသေးပါဘူး။ ဒီလိုပဲ၊ ဆွန်နဲ့ကိန်းကြားက Connection ပြတ်တောက်နေတာကလည်းစပါးတိုက်စစ်ကိုရုပ်ပေါက်စေပါတယ်။ကွင်းလယ်မှာဘယ်သူတွေဘယ်လိုဝင်ကစားစမ်းပါစေ၊သူတို့နှစ်ယောက်နားလည်မှုမရှိသရွေ့ဂိုးဖြစ်မလာတာကြာခဲ့ပါပြီ။အဆိုးရွားဆုံးကစပါးဟာပိုချက်တီနို၊မော်ရင်ညိုတို့လက်ထက်တွေနဲ့ လုံးဝကွဲထွက်သွားပြီးကိုယ်ပိုင်ဟန်ပျောက်ဆုံးလာတာပဲဖြစ်ပါတယ်။

ရလဒ်တွေဆိုးနေတာ၊ အံ့သြစရာဖြစ်ရတာနဲ့ လုပ်မရတော့တာ၊ ခြောက်ခမ်းသွားတာတွေဟာမတူပါဘူး။ရလဒ်ဆိုးနေတာကအကြောင်းရင်းတစ်စုံတရာမှာပြန်ပြီးလှည့်ပြောင်းသွားနိုင်သေးပေမယ့်လမ်းပျောက်နေတဲ့အသင်းကဘယ်အချိန်ထိမျောတော့မလဲသာစောင့်ကြည့်နေရတတ်တာပါ။သူတို့နှစ်သင်းကြားကခြားနားချက်ဟာအဲ့ဒါပါပဲ။ ဆိုးလ်ရှားကို ၃ပွဲအချိန်ပေးမယ်၊ နောက်ကွယ်ကဖာဂူဆန်ကူညီမယ်ဆိုတာတွေဟာရေရှည်အတွက်ထူးပြီးကောင်းလာစရာမရှိဘူးဆိုရင်တောင်အနိမ့်ဆုံးတစ်ပွဲစာအပြောင်းအလဲတစ်ခုတော့ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ သရေကျတာထက်ဆိုးတော့မယ်မထင်လို့ မန်ယူဘက်ခြေဦးလှည့်ထားမိပါတယ်။

🈁 ဟန်စိုးသွေး

စပါးဟာခုထိသရေပွဲမရှိသေးဘဲ၅ပွဲနိုင်၄ပွဲရှုံးထားတယ်။၉ပွဲမှာ၉ဂိုးသာသွင်းနိုင်ခဲ့ပြီး၁၃ဂိုးပေးခဲ့ရတာမို့တိုက်စစ်ရောခံစစ်ပါအားရစရာမကောင်းတာတွေ့ရတယ်။အသင်းလိုက်ကစားပုံကောင်းပေမယ့်နေရာစုံအားနည်းချက်တွေရှိနေလို့လည်းစပါးတို့ပြိုင်ဘက်တိုင်းကိုခက်ခက်ခဲခဲယှဉ်ကစားနေရတာမျိုးဖြစ်တယ်။နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာစပါးဟာ၂ပွဲနိုင်ပြီး၃ပွဲရှုံးခဲ့တယ်။နယူးကာဆယ်နဲ့ဗီလာကိုနိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်း အာဆင်နယ် ချဲလ်ဆီးကိုရှုံးခဲ့တဲ့စပါးဟာမန်ယူကိုလွယ်လွယ်အနိုင်မရနိုင်တာထင်ရှားပါတယ်။

မန်ယူကလည်းမယုံရလောက်အောင်ရလဒ်တွေဆိုးရွားခဲ့တယ်။နောက်ဆုံး၅ပွဲမှာ၁ပွဲသာအနိုင်ရခဲ့ပြီး၁ပွဲသရေ ၃ပွဲရှုံးခဲ့တဲ့အထိမန်ယူအခြေအနေဆိုး ရွားခဲ့တာမျိုးဖြစ်တယ်။တိုက်စစ်စုဖွဲ့မှုတောင့်တင်းပေမယ့်ကွင်းလယ်စွမ်းဆောင်မငြိမ်သလို ခံစစ်ကလည်းအမှားများလွန်းလို့မန်ယူရလဒ်တွေညံ့ခဲ့တာမျိုးဖြစ်တယ်။နောက်ဆုံးလိဂ်၂ပွဲမှာဆိုရင်လက်စတာကို၄ဂိုးလီဗာပူးကို၅ဂိုးပေးခဲ့ရတဲ့အထိမန်ယူအဖြစ်ဆိုးခဲ့တယ်။ဒီပွဲမှာမန်ယူကသရေ၃၀ရှုံးဆိုပြီးအကျောပေးထားတယ်။

၂ပွဲဆက်၉ဂိုးပေးခဲ့ရပြီးရုပ်ပျက်ဆင်းပျက်ရှုံးခဲ့တဲ့မန်ယူကိုအိမ်ရှင်လည်းဖြစ်တဲ့စပါးကခပ်ပါးပါးလေးအကျောပေးသင့်တာကိုမန်ယူကပြန်အကျော ပေးထားတာကထူးခြားတယ်။အမှန်တော့လည်းမန်ယူဟာစပါးကိုကောင်းကောင်းယှဉ်နိုင်စွမ်းရှိတယ်။နောက်ဆုံး၄နှစ်မန်ယူဟာစပါးကွင်းမှာရှုံးပွဲမရှိခဲ့ဘဲ ၁ပွဲသရေ၃ပွဲအနိုင်ရအောင်ကစားနိုင်ခဲ့တယ်။ပျက်နေတဲ့မန်ယူကိုအထင်သေးပြီးစပါးတို့တိုက်စစ်နဲ့ချဉ်းကပ်ခဲ့ရင်တန်ပြန်တိုက်စစ်ကောင်းတဲ့မန်ယူအကြိုက်ဖြစ်သွားနိုင်တာမို့ ဧည့်သည်မန်ယူကိုသာရွေးချယ်စွန့်စားသင့်ပါတယ်။

🈁 မင်းနဒီ(Change)

မန်ယူက -25 နဲ့ ဂိုးပေါင်းကြေး 3+55 ပေးထားပါတယ်။ မန်ယူရဲ့ မူလဖွင့်လှစ်က -60 နဲ့ 3+65 ဖြစ်ပါတယ်။ဘော်ဒီကြေးကျပြီးဂိုးပေါင်းအနည်းငယ်တက်သွားတဲ့အနေအထားလောက်ပဲဆိုပေမဲ့မန်ယူရဲ့ကြေးကမူမမှန်တော့တာသေချာတယ်။မန်ယူမှာဆိုးလ်ရှားတစ်ပွဲစာဆက်ရှိနေခြင်းမှာ ကစားသမားတွေရဲ့ယုံကြည်မှုတွေပျောက်သွားခဲ့တယ်။ခြေစွမ်းမပြနိုင်တဲ့ကစားသမားကိုပွဲထုတ်ပြီးအရန်ကစားသမားတွေကိုအခွင့်အရေးမပေးတာဘာကြောင့်လဲဆိုတဲ့စောဒကတက်မှုတွေရှိလာနေပြီးနည်းပြအပေါ်မလိုလားမှုတွေနဲ့ အသင်းအတွင်းပြိုကွဲမှုတွေရှိနေပြီဆိုတဲ့သတင်းတွေကို တွေ့လာရတယ်။

အသင်းရဲ့ခြစွမ်းပိုင်းကလည်းအသင်းခေါင်းဆောင်မက်ဂွိုင်းယားရဲ့အမှားအယွင်းတွေဆက်တိုက်ကျူးလွန်မှုတွေ၊ ကွင်းလယ်လူဖရက်ဒ်ရဲ့ကယောင်ကမ်းပြေးလွှားနေမှုတွေ၊ ပေါ့ဘာပွဲပယ်ခံထားရတာတွေကအသင်းအပေါ် နည်းနည်းလေးမှယုံကြည်ချင်စရာမကောင်းတော့ဘူး။ ဆိုးလ်ရှားမှာဘယ် လိုနည်းဗျူဟာမျိုးမှမရှိပဲကစားကွက်တစ်ခုတည်းကိုပုံသေထားကစားနေတဲ့ ပုံစံမှာနည်းဗျူဟာအပြောင်းအလဲဆိုတာကိုလည်းမျှော်လင့်စရာမရှိဘူး။ နောက်ပြီးနည်းဗျူဟာမဲ့လူစားလဲမှုတွေနဲ့ ကစားသမားရဲ့ကံတရားအပေါ်မှီခိုနေရတာတွေကစိတ်ကုန်စရာသိပ်ကောင်းတယ်။ တစ်ဖက်ကစပါးကလည်းပုံမှန်ခြေစွမ်းတစ်ခုနဲ့ရပ်တည်နေနိုင်တဲ့အသင်းမျိုးတော့လည်းမဟုတ်ဘူး။

သူတို့လည်းရလဒ်တွေညံ့နေတာကြောင့်နူနိုဆန်တိုမှာဖိအားတွေများနေရတယ်။ ဖိအားများနေတာခြင်းတူပေမဲ့စပါးရဲ့အပျက်ဓာတ်ကမန်ယူရဲ့အပျက်ဓာတ်လောက်မဆိုးသေးဘူး။လုပ်မယ်ဆိုရင်အိမ်ကွင်းလည်းဖြစ်နေတာကြောင့်စပါးမှာအခွင့်အရေးပိုရှိနေတယ်လို့ မြင်မိတယ်။မန်ယူဟာအပျက်ဓာတ် ကြီးမားနေပြီးကစားသမားတွေဟာသူတို့နည်းပြအပေါ်ယုံကြည်မှုပျောက်ဆုံးသွားတာအဆိုးဆုံးပဲ။နည်းပြအပေါ် ကစားသမားတွေရဲ့ယုံကြည်မှုပျောက်သွားရင်ဘာမှလုပ်လို့မရတော့ဘူး။

မန်ယူဟာကစားသမားစုဖွဲ့မှုအရ စပါးထက်တောင့်တင်းတာမှန်တယ်။ ဒါပေမဲ့လီဗာပူးနဲ့ပွဲမှာစီရော်နယ်ဒိုရဲ့အလိုအကျမှုကြီးနေတဲ့စိတ်အချဉ်ပေါက်မှုတွေ၊ ကစားသမားတွေမှာယုံကြည်မှုကင်းမဲ့သွားခဲ့တဲ့အရှိန်တွေကစပါးနဲ့ပွဲအထိပါလာမယ့်သဘောရှိပါတယ်။ နောက်ဆုံးဆိုးလ်ရှားကိုထုတ်ပယ်လိုက်မှ ကစားသမားတွေပြန်ပြီးကြည်လင်သွားလိမ့်မယ်လို့လည်းမှတ်ယူမိတယ်။ ဆိုးလ်ရှားနဲ့ မန်ယူဟာပြီးဆုံးဖို့အချိန်တန်နေပြီဆိုတာကိုကစားသမားတွေရဲ့ ကွင်းထဲကအသွင်သဏ္ဍာန်မှာ အထင်အရှားပေါ်လွင်နေတယ်။ ဒါကြောင့်မန်ယူကိုရင်နာနာနဲ့ ဆန့်ကျင်လိုက်တယ်။အဲ့ဒီဆန့်ကျင်မှုကအသင်းအပေါ် သစ္စာ ဖောက်တဲ့ဆန့်ကျင်မှုမျိုးမဟုတ်ပဲဆိုးလ်ရှားအပေါ် အယုံအကြည်ကင်းမဲ့သွားတဲ့စိတ်ခံစားမှုကြောင့်ပဲဖြစ်တယ်လို့ပြောလိုက်ရပါတယ်။ ဝှိုက်ဟတ်လိန်းမှာဟယ်ရီကိန်းရဲ့ သွင်းဂိုးတွေကိုကျွန်တော်ပိုပြီးမက်မောနေမိတယ်။

🈁 ဒီတစ်ပတ် 3D

ဆရာမင်းနဒီလည်းအဖွင့်လှခဲ့ပြန်ပါတယ်။ မန်စီးတီးဟာပူပန်ရတဲ့အဆင့်မရှိလိုက်ပါဘူး။ ဒီတစ်ပတ်လည်းသူပဲဆက်ရွေးရာမှာထူးခြားမှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ်ကသူယူလိုက်တဲ့ ဘရိုက်တန်ဘက်မှာသူတစ်ယောက်တည်းဖြစ်ပြီးမန်စီးတီးအောင်သွားပါတယ်။ဒီတစ်ပတ်လည်းသူတင်သွင်းလာတဲ့ပွဲမှာသူတစ်ယောက်တည်းစပါးဖြစ်ပြီးဆရာဟန်တို့နှစ်ယောက်ကမန်ယူဘက်ရောက်နေကြပြန်တာပါ။ ဒါဟာအစတစ်စအနေနဲ့တင်ပြတာပါ။ ဘောလုံးပွဲဟာ Tipster တွေရဲ့အခြားတစ်ဖက်မိုင်များစွာမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့မာရသွန်ပြေးနေတုန်းဖြစ်ပါတယ်။ ဒီမှာဘာနေနေ’မန်ယူ’ဖြစ်ပါတယ်။ ဒီတစ်ပတ် 3D ဟာ နော်ဝေတောအုပ်ထဲကထွက်လာပါလိမ့်မယ်။