
တနင်္ဂနွေည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၁၃ ပွဲကြိုသုံးသပ်ချက်
စပါး နှင့် နယူးကာဆယ်(ည ၁၀း၀၀)(စိုင်းကိုတောင်ကြီး)
ဒီရာသီအိမ်ကွင်းပွဲတိုင်းနိုင်ထားတဲ့ကွန်တီရဲ့အသင်းအတွက်ငှက်ကျားတွေကစိန်ခေါ်မှုကောင်းတစ်ခုဖြစ်နေတယ်။မှတ်မှတ်ရရဆိုအက်ဒီဟိုဝီရဲ့အသင်းဟာဒီရာသီပရီးမီးယားလိဂ်မှာလီဗာပူးနဲ့တစ်ပွဲပဲရှုံးသေးတာပါ။
ဒါတောင်အန်ဖီးလ်မှာကြိုးကြာနီတို့ကို ၉၈ မိနစ်ဂိုးနဲ့ ကပ်ရှုံးခဲ့တာဖြစ်ပြီးစပါးဘာမှမလုပ်နိုင်ခဲ့တဲ့အိုးလ်ထရက်ဖို့ဒ်မှာတောင်သရဲနီတို့ကိုဂိုးမရှိသရေကန်နိုင်ခဲ့တယ်။ဒီလိုကျစ်လစ်မာကျောတဲ့ကာဆယ်ကိုကိန်းနဲ့ဆွန်တို့ ခက်ခက်ခဲခဲထိုးဖောက်ရမှာပါ။လန်ဒန်မြောက်ပိုင်းဟာဂိုးနည်းရပ်၀န်းထဲကျရောက်နေပါတယ်။
zawgyi