အေဂျက်စ်ပရိသတ်များအတွက်လက်ဆောင်ကြယ်ပွင့်ဖန်တီး
အေဂျက်စ်ဟာသူတို့ရဲ့ ၂၀၂၀-၂၁ Eredivisie Trophy ကိုအရည်အကြိုကာတစ်ရာသီစာလက်မှတ်ပိုင်ရှင်များအားတလေးတစားတုံ့ပြန်သောအားဖြင့်ကြယ်ပွင့်များဖန်တီးကာလက်ဆောင်ပေးသွားပါမယ်။
ဒတ်ချ်ထိပ်သီးကလပ်ဟာကိုဗစ်ကြောင့်ယခုရာသီအိမ်ကွင်းပွဲစဉ်ကိုပရိသတ်မပါဘဲကစားခဲ့ရပါတယ်။ဒါပေမယ့်အေဂျက်စ်ဟာ၎င်းတို့ရဲ့ချန်ပီယံဖလားကိုအရည်ကြိုပြီးကြယ်ပွင့်ပြုလုပ်ကာတစ်ရာသီစာလက်မှတ်ပိုင်ရှင်များကိုကျေးဇူးတုံ့ပြန်သွားတာ့မှာဖြစ်ပါတယ်။
အေဂျက်စ်အသင်းဒါရိုက်တာဗန်ဒါးဆားက “ဒီရာသီမှာကျွန်တော်တို့ဟာပွဲအားလုံးနီးပါးကိုပရိသတ်တွေမပါဝင်ဘဲကစားခဲ့ရပါတယ်။ပရိသတ်တွေလာမကြည့်နိုင်ဘူးဆိုပေမယ့်ပွဲတိုင်းမှာပရိသတ်တွေရှိနေတယ်လို့ခံစားရပါတယ်။
Ajax melts trophy for fans
အရင်ကတည်းကဆုဖလားတွေကပရိသတ်တွေအတွက်လို့ပြောခဲ့ပါတယ်။အခုကျွန်တော်တို့လုပ်ဆောင်လိုက်တဲ့အရာကကျွန်တော်တို့ဟာဘယ်လိုကလပ်မျိုးလဲဆိုတာသက်သေပြလာတာလည်းဖြစ်ပါတယ်”လို့ပြောကြားသွားပါတယ်။
zawgyi