”အနိမ့်ဆုံး သရေယူဖို့ အခက်အခဲမရှိဘူး”

သောကြာည အင်္ဂလန်ချန်ပီယံရှစ် ပွဲစဉ်-၂၆ ပွဲကြိုသုံးသပ်ချက်

စတုတ်စီးတီး နှင့် ဝက်ဖို့ဒ် (ည ၂:၁၅)(ဇေကြီး)

ပြိုင်ပွဲစုံနောက်ဆုံး ၁၁ပွဲမှာနိုင်ပွဲတစ်ပွဲသာရရှိထားတဲ့စတုတ်စီးတီးရဲ့ခြေစွမ်းကအတော်လေးစိတ်ပျက်စရာကောင်းနေပါပြီ။ဒါပေမဲ့သေချာကြည့်မယ်ဆိုရင် သူတို့ဟာချန်ပီယံရှစ်မှာအရှုံးမရှိအောင်ထိန်းကစားနေနိုင်ပြီးချန်ပီယံရှစ်နောက်ဆုံး ၈ပွဲမှာဘုန်းမောက်တစ်သင်းတည်းကိုပဲအရေးနိမ့်ထားတယ်။

ဝက်ဖို့ဒ်ကတော့ဒီရာသီမှာခြေစွာပြီးပုံမှန်အားဖြင့်ဆိုရင်အိမ်ကွင်းခြေစွမ်းလည်းထက်မြက်လွန်းတဲ့အသင်းပါ။ဒါပေမဲ့အခုနောက်ပိုင်းအဝေးကွင်းခြေစွမ်းနဲ့ ရလဒ်ပိုင်းတွေဆိုးရွားလာပြီးတိုက်စစ်ရောကွင်းလယ်ပိုင်းပါတည်ငြိမ်မှုမရှိတော့ဘူး။

တိတိကျကျပြောရရင်ဝက်ဖို့ဒ်ရဲ့ချန်ပီယံရှစ်အဝေးကွင်းနောက်ဆုံး ၈ပွဲမှာနိုင်ပွဲဆိုလို့ ရှားရှားပါးပါး တစ်ပွဲကလေးသာရှိထားတာပါ။ဒါကိုတောင်သရေဆိုရင် ဝက်ဖို့ဒ်က ၃၅ နစ်နာရမှာလို့အကျောပေးထားတာရယ်စရာကောင်းလွန်းလှတယ်။အိမ်ကွင်းမာတဲ့စတုတ်စီးတီးအနိမ့်ဆုံးသရေတစ်မှတ်ယူဖို့ အခက်အခဲမရှိပါဘူး။

zawgyi




