ဘီလီဖီးလ် အမှတ်လိုအပ်နေ

စနေည ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်-၃၄ ပွဲကြိုသုံးသပ်ချက်

စတုဂတ် နှင့် ဘီလီဖီးလ် (ည ၈းဝဝ)(မော်ကွန်း)

နောက်ဆုံး ၂ပွဲဆက်တိုက်စတုဂတ်အနိုင်ရလဒ်တွေ ရရှိခဲ့ပေမယ့်လည်းအမှတ်မလိုအပ်ကြတော့တဲ့အသင်းတွေဖြစ်လို့ သိပ်ပြီးအထင်ကြီးချင်စရာမရှိပါဘူး။နဂိုကတည်းကခံစစ်အမှားများလွန်းတဲ့ စတုဂတ်မှာဒဏ်ရာပြဿနာတွေလည်း ရှိနေတယ်။

ဘီလီဖီးလ်ကတော့ဘွန်ဒက်စ်လီဂါမှာခံစစ်လုံအောင်တည်ဆောက်ပြီးအရှုံးမရှိရလဒ်တွေအများကြီးရယူထားနိုင်တဲ့အသင်းပါ။

လောလောဆယ်ဘွန်ဒက်စ်လီဂါမှာ သေချာပေါက်တန်းတင်ကျန်ရစ်ဖို့ ဘီလီဖီးလ်အမှတ်လိုအပ်နေပါသေးတယ်။ဘီလီဖီးလ် အနိမ့်ဆုံးသရေကစားနိုင်ဖို့သေချာပြီးနိုင်သွားရင်လည်း အံ့သြစရာမရှိနိုင်ပါဘူး။

zawgyi




