
Ballon d’Or ဆုကိုဘောလုံးကစားသမားတစ်ဦးအတွက်ကစားသမားအတွက်ဂုဏ်သိက္ခာအမြင့်မားဆုံးဆုအဖြစ်သတ်မှတ်ပါတယ်။ဒါပေမဲ့တကယ်လို့များ Ballon d’Or ဆုရဲ့ရှေ့မှာ Super ဆိုတဲ့စကားလုံးထည့်သွင်းလာမယ်ဆိုရင် ဘယ်လောက်တောင်ဂုဏ်သိက္ခာမြင့်မားလာမလဲ?
ပထမဆုံး Ballon d’Or ဆုကို၁၉၅၆ခုနှစ်မှာစတင်ချီးမြှင့်ခဲ့တာဖြစ်ပြီးကမ္ဘာ့အကောင်းဆုံးကစားသမားများကိုသာချီးမြှင့်လာခဲ့ပါတယ်။
ဒါပေမဲ့ သမိုင်းမှာထူးထူးခြားခြား Super Ballon d’Or ဆုဆိုပြီးတော့တစ်ကြိမ်ချီးမြှင့်ခဲ့ပါသေးတယ်။ယင်းတစ်ကြိမ်တည်းချီးမြှင့်တဲ့ဆုကိုရယူနိုင်ခဲ့တဲ့သူကလည်းတစ်ဦးတည်းပဲရှိပါတယ်။ယင်းကစားသမားကတော့ရီးရဲလ်မက်ဒရစ်ဂန္ထဝင်အယ်ဖရီဒိုဒီစတီဖာနိုဖြစ်ပါတယ်။
ဒီစတီဖာနိုဟာရီးရဲလ်မက်ဒရစ်အတွက်၃၀၈ဂိုးသွင်းခဲ့သူဖြစ်ပြီး၁၉၅၆ခုနှစ်မှ၁၉၆၀ခုနှစ်အထိဥရောပဖလားငါးကြိမ်ဆက်ဆွတ်ခူးရာမှာအဓိကနေရာမှပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။
France Football Magazine ဟာနှစ်သုံးဆယ်ပြည့်အထိမ်းအမှတ်အဖြစ် Super Ballon d’Or အမည်နှင့် ချီးမြှင့်ခဲ့ပါတယ်။
ဒီစတီဖာနိုဟာအာဂျင်တီးနားမှာမွေးဖွားသူဖြစ်ပြီးအာဂျင်တီးနားအတွက်၁၉၄၉ခုနှစ်အထိကစားခဲ့ပါတယ်။သူဟာနောက်ပိုင်းမှာနိုင်ငံပြောင်းပြီး ကိုလံဘီယာနှင့်စပိန်တို့အတွက်ကစားခဲ့ပါတယ်။သူဟာစပိန်အတွက်ကစားမှုနဲ့အတူ Ballon d’Or ဆုအတွက်အကျုံးဝင်လာခဲ့ပါတယ်။
ထိုစဉ်တုန်းကဆန်ကာတင်စာရင်းမှာဂန္ထဝင်ကစားသမားများဖြစ်ကြတဲ့ဂျိုဟန်ခရိုက်ဖ်၊မစ်ချယ်ပလာတီနီတို့ပါဝင်ခဲ့ကြပါတယ်။ဒါပေမဲ့ Super Ballon d’Or ဆုကို ဒီစတီဖာနိုကဆွတ်ခူးသွားခဲ့ပါတယ်။ဒီစတီဖာနိုဟာ နှစ်ကြိမ်ဆက်အဖြစ်ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။
Super Ballon d’Or ကလက်ရှိချီးမြှင့်နေတဲ့ Ballon d’Or နဲ့တော်တော်များများဆင်တူပါတယ်။ဒါပေမဲ့ထူးခြားတာကတော့အောက်ခြေမှာFerrero Rocherကိုရည်ရွယ်တဲ့ဘောလုံးငယ်များပါဝင်ပါတယ်။
ယင်း Super Ballon d’Or ကိုဆန်တီယာဂိုဘာနေဗျူးရှိ ရီးရဲလ်မက်ဒရစ်ဆုဖလားပြတိုက်မှာနှစ်ပေါင်းများစွာပြသခဲ့ပါတယ်။ဒါပေမဲ့၂၀၂၁ခုနှစ်၊စက်တင်ဘာလမှာအယ်ဖရီဒိုဒီစတီဖာနိုရဲ့အမွေဆက်ခံသူကယင်းဆုနှင့်အခြားအမှတ်တရပစ္စည်းများကိုလန်ဒန်မှာလေလံတင်ရောင်းချခဲ့ပါတယ်။
ယင်း Super Ballon d’Or ကို ပေါင်၁၈၇၅၀၀ဖြင့်လေလံတင်ရောင်းချခဲ့ရပါတယ်။
Ballon d’Or ကိုယခင်တုန်းကဥရောပကစားသမားများကိုသာချီးမြှင့်လာခဲ့တာဖြစ်ပြီး၁၉၉၅ခုနှစ်မှစတင်ကာဥရောပပြင်ပစတားများကိုပါချီးမြှင့်လာခဲ့ပြီးမာရာဒိုနာကဆွတ်ခူးခဲ့ပါတယ်။
ယခုလည်းပရိသတ်အချို့တို့ကဆယ်စုနှစ်သုံးခုတစ်ကြိမ်ချီးမြှင့်တဲ့ Super Ballon d’Or ဆုကို ပြီးခဲ့တဲ့နှစ်များအတွင်းမှာ ၇ကြိမ်ဆွတ်ခူးခဲ့တဲ့အပြင် ကမ္ဘာ့ဖလားဆုလည်းပူပူနွေးနွေးရရှိထားတဲ့လီယွန်နယ်မက်ဆီကိုချီးမြှင့်ဂုဏ်ပြုသင့်ကြောင်းပရိသတ်တွေကအဆိုပြုနေကြပါတယ်။
ZawGyi
Super Ballon d’Or သို႔မဟုတ္ ဂုဏ္သကၡာအျမင့္ဆုံးဆု။ ထူးထူးျခားျခားခ်ီးျမႇင့္တဲ့ဆုကို ကစားသမားတစ္ဦးတည္းသာရရွိဖူး
Ballon d’Or ဆုကိုေဘာလုံးကစားသမားတစ္ဦးအတြက္ကစားသမားအတြက္ဂုဏ္သိကၡာအျမင့္မားဆုံးဆုအျဖစ္သတ္မွတ္ပါတယ္။ဒါေပမဲ့တကယ္လို႔မ်ား Ballon d’Or ဆုရဲ႕ေရွ႕မွာ Super ဆိုတဲ့စကားလုံးထည့္သြင္းလာမယ္ဆိုရင္ ဘယ္ေလာက္ေတာင္ဂုဏ္သိကၡာျမင့္မားလာမလဲ?
ပထမဆုံး Ballon d’Or ဆုကို၁၉၅၆ခုႏွစ္မွာစတင္ခ်ီးျမႇင့္ခဲ့တာျဖစ္ၿပီးကမာၻ႔အေကာင္းဆုံးကစားသမားမ်ားကိုသာခ်ီးျမႇင့္လာခဲ့ပါတယ္။
ဒါေပမဲ့ သမိုင္းမွာထူးထူးျခားျခား Super Ballon d’Or ဆုဆိုၿပီးေတာ့တစ္ႀကိမ္ခ်ီးျမႇင့္ခဲ့ပါေသးတယ္။ယင္းတစ္ႀကိမ္တည္းခ်ီးျမႇင့္တဲ့ဆုကိုရယူႏိုင္ခဲ့တဲ့သူကလည္းတစ္ဦးတည္းပဲရွိပါတယ္။ယင္းကစားသမားကေတာ့ရီးရဲလ္မက္ဒရစ္ဂႏၴဝင္အယ္ဖရီဒိုဒီစတီဖာႏိုျဖစ္ပါတယ္။
ဒီစတီဖာႏိုဟာရီးရဲလ္မက္ဒရစ္အတြက္၃၀၈ဂိုးသြင္းခဲ့သူျဖစ္ၿပီး၁၉၅၆ခုႏွစ္မွ၁၉၆၀ခုႏွစ္အထိဥေရာပဖလားငါးႀကိမ္ဆက္ဆြတ္ခူးရာမွာအဓိကေနရာမွပါဝင္ခဲ့သူလည္းျဖစ္ပါတယ္။
France Football Magazine ဟာႏွစ္သုံးဆယ္ျပည့္အထိမ္းအမွတ္အျဖစ္ Super Ballon d’Or အမည္ႏွင့္ ခ်ီးျမႇင့္ခဲ့ပါတယ္။
ဒီစတီဖာႏိုဟာအာဂ်င္တီးနားမွာေမြးဖြားသူျဖစ္ၿပီးအာဂ်င္တီးနားအတြက္၁၉၄၉ခုႏွစ္အထိကစားခဲ့ပါတယ္။သူဟာေနာက္ပိုင္းမွာႏိုင္ငံေျပာင္းၿပီး ကိုလံဘီယာႏွင့္စပိန္တို႔အတြက္ကစားခဲ့ပါတယ္။သူဟာစပိန္အတြက္ကစားမႈနဲ႔အတူ Ballon d’Or ဆုအတြက္အက်ဳံးဝင္လာခဲ့ပါတယ္။
ထိုစဥ္တုန္းကဆန္ကာတင္စာရင္းမွာဂႏၴဝင္ကစားသမားမ်ားျဖစ္ၾကတဲ့ဂ်ိဳဟန္ခ႐ိုက္ဖ္၊မစ္ခ်ယ္ပလာတီနီတို႔ပါဝင္ခဲ့ၾကပါတယ္။ဒါေပမဲ့ Super Ballon d’Or ဆုကို ဒီစတီဖာႏိုကဆြတ္ခူးသြားခဲ့ပါတယ္။ဒီစတီဖာႏိုဟာ ႏွစ္ႀကိမ္ဆက္အျဖစ္ဆြတ္ခူးခဲ့တာျဖစ္ပါတယ္။
Super Ballon d’Or ကလက္ရွိခ်ီးျမႇင့္ေနတဲ့ Ballon d’Or နဲ႔ေတာ္ေတာ္မ်ားမ်ားဆင္တူပါတယ္။ဒါေပမဲ့ထူးျခားတာကေတာ့ေအာက္ေျခမွာFerrero Rocherကိုရည္႐ြယ္တဲ့ေဘာလုံးငယ္မ်ားပါဝင္ပါတယ္။
ယင္း Super Ballon d’Or ကိုဆန္တီယာဂိုဘာေနဗ်ဴးရွိ ရီးရဲလ္မက္ဒရစ္ဆုဖလားျပတိုက္မွာႏွစ္ေပါင္းမ်ားစြာျပသခဲ့ပါတယ္။ဒါေပမဲ့၂၀၂၁ခုႏွစ္၊စက္တင္ဘာလမွာအယ္ဖရီဒိုဒီစတီဖာႏိုရဲ႕အေမြဆက္ခံသူကယင္းဆုႏွင့္အျခားအမွတ္တရပစၥည္းမ်ားကိုလန္ဒန္မွာေလလံတင္ေရာင္းခ်ခဲ့ပါတယ္။
ယင္း Super Ballon d’Or ကို ေပါင္၁၈၇၅၀၀ျဖင့္ေလလံတင္ေရာင္းခ်ခဲ့ရပါတယ္။
Ballon d’Or ကိုယခင္တုန္းကဥေရာပကစားသမားမ်ားကိုသာခ်ီးျမႇင့္လာခဲ့တာျဖစ္ၿပီး၁၉၉၅ခုႏွစ္မွစတင္ကာဥေရာပျပင္ပစတားမ်ားကိုပါခ်ီးျမႇင့္လာခဲ့ၿပီးမာရာဒိုနာကဆြတ္ခူးခဲ့ပါတယ္။
ယခုလည္းပရိသတ္အခ်ိဳ႕တို႔ကဆယ္စုႏွစ္သုံးခုတစ္ႀကိမ္ခ်ီးျမႇင့္တဲ့ Super Ballon d’Or ဆုကို ၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းမွာ ၇ႀကိမ္ဆြတ္ခူးခဲ့တဲ့အျပင္ ကမာၻ႔ဖလားဆုလည္းပူပူေႏြးေႏြးရရွိထားတဲ့လီယြန္နယ္မက္ဆီကိုခ်ီးျမႇင့္ဂုဏ္ျပဳသင့္ေၾကာင္းပရိသတ္ေတြကအဆိုျပဳေနၾကပါတယ္။