စူပါလိဂ်ကြောင့် ထိပ်သီးကလပ်များချန်ပီယံလိဂ် ၂ နှစ်ပိတ်ပင်ခြင်းခံရနိုင်သေး

ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာ၊ဂျူဗင်တပ်နှင့်အေစီမီလန်တို့ဟာဥရောပစူပါလိဂ်ပြိုင်ပွဲမှနုတ်ထွက်လိုက်လျှင်လည်းချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက်ခွင့်၂နှစ်ပိတ်ပင်ခြင်းခံရနိုင်သေးကြောင်းသိရပါတယ်။

ဥရောပထိပ်သီးကလပ်များဟာဥရောပစူပါလိဂ်ဖြစ်ပေါ်လာရေးအတွက်အစွမ်းကုန်ကြိုးပမ်းခဲ့ပြီးဖြစ်မြောက်လာနိုင်တဲ့အခြေအနေမျိုးတွင်ရှိနေခဲ့သော်လည်းပရီးမီးယားလိဂ်ထိပ်သီးခြောက်သင်းဖြစ်တဲ့မန်စီးတီး၊မန်ယူ၊လီဗာပူး၊ချဲလ်ဆီး၊စပါးစ်၊အာဆင်နယ်အသင်းတို့ကတစ်ညတည်းတွင်နုတ်ထွက်လိုက်မှုနှင့်အတူဖြစ်မြောက်လာနိုင်တဲ့အခြေအနေမျိုးတွင်မရှိတော့ပါဘူး။

အင်္ဂလိပ်ထိပ်သီးကလပ်များရဲ့နုတ်ထွက်လိုက်မှုကိုကြည့်လျှင်ဥရောပစူပါလိဂ်စိတ်ကူးမှာအဆုံးသတ်သွားပြီဟုယူဆရသော်လည်းကျန်ဥရောပထိပ်သီးကလပ်၁၂ခုမှာမူမျှော်လင့်နေကြတုန်းဖြစ်ပါတယ်။

ESPN သတင်းဌာနရဲ့ဖော်ပြချက်အရပရီးမီးယားလိဂ်ကလပ်များဟာယူအီးအက်ဖ်အေထံမှအပြစ်တစ်စုံတစ်ရာခံရခြင်းမရှိစေရန်အတွက်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ထားကြပြီးဖြစ်ကြောင်းသိရပါတယ်။ဒါပေမယ့်ဥရောပစူပါလိဂ်ပြိုင်ပွဲမှနုတ်ထွက်ခြင်းမရှိသေးတဲ့ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာ၊ဂျူဗင်တပ်စတဲ့ကလပ်အသင်းများမှာမူချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက်ခွင့်၂နှစ်အထိပိတ်ပင်ခံရနိုင်ပါသေးတယ်။

ပရီးမီးယားလိဂ်ထိပ်သီးခြောက်သင်းနှင့်အတူနောက်ထပ်ဥရောပစူပါလိဂ်ပြိုင်ပွဲမှနုတ်ထွက်လာမယ့်အသင်းများအဖြစ်အက်သလက်တီကိုနှင့်စကူဒက်တိုဖလားချန်ပီယံအင်တာမီလန်တို့ဖြစ်လာနိုင်ပါသေးတယ်။

အကယ်၍အက်သလက်တီကိုနှင့်အင်တာမီလန်တို့သာနုတ်ထွက်လိုက်ပါကဥရောပစူပါလိဂ်ပြိုင်ပွဲကျင်းပရေးကိုရပ်ဆိုင်းထားဖို့လည်းရှိနေပါတယ်။ဥရောပစူပါလိဂ်ပြိုင်ပွဲကိုပြိုင်ပွဲဝင်၉သင်း(သို့မဟုတ်)၁၂သင်းတည်းသာရှိလျှင်ပြိုင်ပွဲကိုရပ်ဆိုင်းထားဖို့အစောပိုင်းကတည်းကဆုံးဖြတ်ချက်ချထားပြီးဖြစ်ပါတယ်။

zawgyi

စူပါလိဂ္ေၾကာင့္ ထိပ္သီးကလပ္မ်ား ခ်န္ပီယံလိဂ္ ၂ ႏွစ္ပိတ္ပင္ျခင္းခံရႏိုင္ေသး

ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာ၊ဂ်ဴဗင္တပ္ႏွင့္ေအစီမီလန္တို႔ဟာဥေရာပစူပါလိဂ္ၿပိဳင္ပြဲမွႏုတ္ထြက္လိုက္လွ်င္လည္းခ်န္ပီယံလိဂ္ၿပိဳင္ပြဲဝင္ေရာက္ခြင့္၂ႏွစ္ပိတ္ပင္ျခင္းခံရႏိုင္ေသးေၾကာင္းသိရပါတယ္။

ဥေရာပထိပ္သီးကလပ္မ်ားဟာဥေရာပစူပါလိဂ္ျဖစ္ေပၚလာေရးအတြက္အစြမ္းကုန္ႀကိဳးပမ္းခဲ့ၿပီးျဖစ္ေျမာက္လာႏိုင္တဲ့အေျခအေနမ်ိဳးတြင္ရွိေနခဲ့ေသာ္လည္းပရီးမီးယားလိဂ္ထိပ္သီးေျခာက္သင္းျဖစ္တဲ့မန္စီးတီး၊မန္ယူ၊လီဗာပူး၊ခ်ဲလ္ဆီး၊စပါးစ္၊အာဆင္နယ္အသင္းတို႔ကတစ္ညတည္းတြင္ႏုတ္ထြက္လိုက္မႈႏွင့္အတူျဖစ္ေျမာက္လာႏိုင္တဲ့အေျခအေနမ်ိဳးတြင္မရွိေတာ့ပါဘူး။

အဂၤလိပ္ထိပ္သီးကလပ္မ်ားရဲ႕ႏုတ္ထြက္လိုက္မႈကိုၾကည့္လွ်င္ဥေရာပစူပါလိဂ္စိတ္ကူးမွာအဆုံးသတ္သြားၿပီဟုယူဆရေသာ္လည္းက်န္ဥေရာပထိပ္သီးကလပ္၁၂ခုမွာမူေမွ်ာ္လင့္ေနၾကတုန္းျဖစ္ပါတယ္။

ESPN သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရပရီးမီးယားလိဂ္ကလပ္မ်ားဟာယူအီးအက္ဖ္ေအထံမွအျပစ္တစ္စုံတစ္ရာခံရျခင္းမရွိေစရန္အတြက္ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ထားၾကၿပီးျဖစ္ေၾကာင္းသိရပါတယ္။ဒါေပမယ့္ဥေရာပစူပါလိဂ္ၿပိဳင္ပြဲမွႏုတ္ထြက္ျခင္းမရွိေသးတဲ့ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာ၊ဂ်ဴဗင္တပ္စတဲ့ကလပ္အသင္းမ်ားမွာမူခ်န္ပီယံလိဂ္ၿပိဳင္ပြဲဝင္ေရာက္ခြင့္၂ႏွစ္အထိပိတ္ပင္ခံရႏိုင္ပါေသးတယ္။

ပရီးမီးယားလိဂ္ထိပ္သီးေျခာက္သင္းႏွင့္အတူေနာက္ထပ္ဥေရာပစူပါလိဂ္ၿပိဳင္ပြဲမွႏုတ္ထြက္လာမယ့္အသင္းမ်ားအျဖစ္အက္သလက္တီကိုႏွင့္စကူဒက္တိုဖလားခ်န္ပီယံအင္တာမီလန္တို႔ျဖစ္လာႏိုင္ပါေသးတယ္။

အကယ္၍အက္သလက္တီကိုႏွင့္အင္တာမီလန္တို႔သာႏုတ္ထြက္လိုက္ပါကဥေရာပစူပါလိဂ္ၿပိဳင္ပြဲက်င္းပေရးကိုရပ္ဆိုင္းထားဖို႔လည္းရွိေနပါတယ္။ဥေရာပစူပါလိဂ္ၿပိဳင္ပြဲကိုၿပိဳင္ပြဲဝင္၉သင္း(သို႔မဟုတ္)၁၂သင္းတည္းသာရွိလွ်င္ၿပိဳင္ပြဲကိုရပ္ဆိုင္းထားဖို႔အေစာပိုင္းကတည္းကဆုံးျဖတ္ခ်က္ခ်ထားၿပီးျဖစ္ပါတယ္။