နွေရာသီတွင် အနာဂတ်ကို ဆုံးဖြတ်ချက်ချသွားမယ့် လူးဝစ်ဆွာရက်ဇ်

လူးဝစ်ဆွာရက်ဇ်ဟာလာမယ့်နွေရာသီမှာသူ့ရဲ့အက်သလက်တီကိုအနာဂတ်ကိုဆုံးဖြတ်ချက်ချသွားမယ်လို့သိရပါတယ်။

အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကဘာစီလိုနာမှပြောင်းလာခဲ့သူဖြစ်ပြီးတစ်နှစ်စာချုပ်ကျန်ပါသေးတယ်။ဒါပေမယ့်သူ့ရဲ့စာချုပ်အတွင်းမှာအက်သလက်တီကိုမှထွက်ခွာနိုင်တဲ့အချက်လည်းပါဝင်နေပါတယ်။

ဥရုဂွေးတိုက်စစ်မှူးနှင့်မိသားစုဟာဘာစီလိုနာမှာခြောက်နှစ်ကြာနေထိုင်ခဲ့ပြီးတဲ့နောက်မက်ဒရစ်တွင်လည်းအလွယ်တကူဘဲအထိုင်ကျလျက်ရှိပါတယ်။သူကိုယ်တိုင်မှာလည်းအက်သလက်တီကိုမှာပျော်နေတဲ့အပြင်ကွင်းပြင်ပမှာလည်းပျော်ရွှင်နေပါတယ်။

ဒါပေမယ့်လီဗာပူးတိုက်စစ်မှူးဟောင်းဟာကစားသမားဘဝမကုန်ဆုံးမီအမေရိကန်မေဂျာလိဂ်သို့သွားရောက်ကစားလိုနေရာယခုအခါအသက်၃၄နှစ်ရှိပြီဖြစ်မှုကြောင့်ပြောင်းကစားရေးအပေါ်စဉ်းစားနေပါတယ်။အခြားတစ်ဖက်မှာဒေးဗစ်ဘက်ဟမ်းပူးတွဲပိုင်ဆိုင်တဲ့အင်တာမီယာမီကလည်းလူးဝစ်ဆွာရက်ဇ်ကိုခေါ်ယူရန်စိတ်ဝင်စားနေရာအပြောင်းအရွှေ့မှာဖြစ်မြောက်လာနိုင်တဲ့အနေအထားမျိုးမှာလည်းရှိနေပါတယ်။

လူးဝစ်ဆွာရက်ဇ်ဟာအက်သလက်တီကိုအတွက်ကစားတဲ့ပထမဆုံးရာသီမှာလာလီဂါဂိုး၁၉ဂိုးသွင်းယူပေးထားကာချန်ပီယံဆုအတွက်တိုက်ပွဲဝင်ပေးနေပါတယ်။

zawgyi

ေႏြရာသီတြင္ အနာဂတ္ကို ဆုံးျဖတ္ခ်က္ခ်သြားမယ့္ လူးဝစ္ဆြာရက္ဇ္

လူးဝစ္ဆြာရက္ဇ္ဟာလာမယ့္ေႏြရာသီမွာသူ႔ရဲ႕အက္သလက္တီကိုအနာဂတ္ကိုဆုံးျဖတ္ခ်က္ခ်သြားမယ္လို႔သိရပါတယ္။

အက္သလက္တီကိုမက္ဒရစ္တိုက္စစ္မႉးဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကဘာစီလိုနာမွေျပာင္းလာခဲ့သူျဖစ္ၿပီးတစ္ႏွစ္စာခ်ဳပ္က်န္ပါေသးတယ္။ဒါေပမယ့္သူ႔ရဲ႕စာခ်ဳပ္အတြင္းမွာအက္သလက္တီကိုမွထြက္ခြာႏိုင္တဲ့အခ်က္လည္းပါဝင္ေနပါတယ္။

ဥ႐ုေဂြးတိုက္စစ္မႉးႏွင့္မိသားစုဟာဘာစီလိုနာမွာေျခာက္ႏွစ္ၾကာေနထိုင္ခဲ့ၿပီးတဲ့ေနာက္မက္ဒရစ္တြင္လည္းအလြယ္တကူဘဲအထိုင္က်လ်က္ရွိပါတယ္။သူကိုယ္တိုင္မွာလည္းအက္သလက္တီကိုမွာေပ်ာ္ေနတဲ့အျပင္ကြင္းျပင္ပမွာလည္းေပ်ာ္႐ႊင္ေနပါတယ္။

ဒါေပမယ့္လီဗာပူးတိုက္စစ္မႉးေဟာင္းဟာကစားသမားဘဝမကုန္ဆုံးမီအေမရိကန္ေမဂ်ာလိဂ္သို႔သြားေရာက္ကစားလိုေနရာယခုအခါအသက္၃၄ႏွစ္ရွိၿပီျဖစ္မႈေၾကာင့္ေျပာင္းကစားေရးအေပၚစဥ္းစားေနပါတယ္။အျခားတစ္ဖက္မွာေဒးဗစ္ဘက္ဟမ္းပူးတြဲပိုင္ဆိုင္တဲ့အင္တာမီယာမီကလည္းလူးဝစ္ဆြာရက္ဇ္ကိုေခၚယူရန္စိတ္ဝင္စားေနရာအေျပာင္းအေ႐ႊ႕မွာျဖစ္ေျမာက္လာႏိုင္တဲ့အေနအထားမ်ိဳးမွာလည္းရွိေနပါတယ္။

လူးဝစ္ဆြာရက္ဇ္ဟာအက္သလက္တီကိုအတြက္ကစားတဲ့ပထမဆုံးရာသီမွာလာလီဂါဂိုး၁၉ဂိုးသြင္းယူေပးထားကာခ်န္ပီယံဆုအတြက္တိုက္ပြဲဝင္ေပးေနပါတယ္။