ဆွီဒင်မှာ ဆိုက်ကပ်ထားတဲ့ လှေသုံးစင်း

Play Maker 3D

🈁 ဟန်စိုးသွေး၊မင်းနဒီ(Change)၊Nကြယ်မင်း

နိုင်ငံတကာပွဲများ နောက်တစ်ကြိမ်ဝင်ရောက်လာပြန်သည်။ကလပ်ပွဲစဉ်တွေအရှိန်ရပြီဆိုဒင်းတို့ဝင်ရောက်လာတတ်မြဲဟုကျနော်တို့ကြိမ်းပကားခဲ့ကြသည်မှာဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ရာသီတိုင်ခဲ့ပြီလဲမဆိုနိုင်တော့။ ဒီဘက်နှစ်တွေထဲပိုဆိုးလာသည်မှာနိုင်ငံအသင်းတွေလည်းရေကြောင်းသွားလာရေးမှာ အကျွမ်းတဝင်ဖြစ်လာကြတာပဲ။ နေးရှင်းလိဂ်အပါအဝင်ခေါင်းစဉ်တွေကစုံလင်လှသည်။ ပြိုင်ပွဲကျင်းပပုံတွေကလည်းမတူညီ။ ကစားသမားဆိုသူတွေကရောဘယ်အထိအပြည့်အဝကစားကြသလဲကျနော်တို့လည်းမသိနိုင်ကြ။

ဒီတော့လည်းနိုင်ငံအသင်းတွေ၏ချေမိုးနိုင်မှု၊ အဖြည့်ခံဆန်မှုတွေကြည့်ပြီးကြေးတွေဖွင့်လှစ်ကြ၊ကျနော်တို့လည်းကိုယ့်အတွေ့အကြုံကိုယ်ဖောက်ချပြီး ခုန်ဝင်လိုက်ကြရတာပဲဖြစ်သည်။ သို့သော်အခုနောက်ပိုင်းမှာတော့အလှူပေးနေကျအသင်းငယ်တွေခေါင်းကြောမာလာကြတာပဲဖြစ်သည်။ ဆိုက်ပရပ်စ်၊ အာမေးနီးယား၊ အစ္စရေးတို့လိုအသင်းတွေပင်အလွယ်တကူထိပ်ပုတ်ခေါင်းပုတ်လုပ်လို့မရကြတော့။အဲ့ဒီလိုအသင်းတွေထဲကိုဆိုဗိုလည်းပါဝင်ပါ သည်။ 3D မှာ၃ပတ်ဆက်မှန်ကန်အောင် ပွဲသွင်းကောင်းသူဖြစ်နေသောဆရာဟန်စိုးသွေးကဒီတစ်ပတ်မှာအဲ့ဒီကိုဆိုဗိုကိုအကဲစမ်းချင်ပုံရပါသည်။ ဆွီဒင်နှင့်အဲ့ဒီကိုဆိုဗိုပွဲဘာတွေဖြစ်လာမည်လဲ..

ဆွီဒင် – ကိုဆိုဗို

🈁  ဆွီဒင် (1-70)

ဆွီဒင်ရဲ့အဓိပ္ပာယ်ကဘယ်တော့မှပြောင်းလဲမသွားပါဘူး။ ဘယ်တော့မှလျှော့တွက်လို့မရခြင်း၊ထို့အတူအသင်းကြီးတစ်သင်းလိုအားကိုးအားထားပြုရန် မတင့်တယ်ခြင်း၊ ဂိုးလုပ်တဲ့စက်များနည်းပါးခြင်း၊ သို့သော်မာဂုဏ်တစ်ခုအမြဲရှိခြင်းတွေပဲဖြစ်ပါတယ်။ဒါကကျနော်တို့ဘောလုံးပွဲတွေကြည့်တတ်၊ အ နည်းငယ်လည်းကစားတတ်ချိန်ကစလို့ အခုတိုင်အောင်ပါပဲ။ ကစားသမားတွေကြည့်ရင်လည်းလာဆင်လို၊ မိုဗစ်ချ်လို အကျော်အမော်တွေသူ့အချိန်နဲ့သူပေါ်ပေါက်ခဲ့ကြတာကလွဲလို့ အလတ်တန်းစားတွေချည်း။

နိုင်ငံအသင်းနဲ့ကစားသမားတွေအစပ်အဟပ်အတည့်ဆုံးစာရင်းထဲဒင်းတို့အမြဲပါဝင်ခဲ့တာပေါ့။ သူတို့အုပ်စုမှာစပိန်နောက်ရောက်နေပေမယ့်နှစ်ပွဲလျော့ကစားထားတာပါ။ အုပ်စုကသိပ်ပြီးရှုပ်ရှုပ်ထွေးထွေးမရှိပါဘူး။ စပိန်ကိုကျော်မယ်လို့ စိတ်ကူးမယဉ်ဘူးဆိုရင်တောင်ဒီနေရာမှာမြဲဖို့ ဒီပွဲမျိုးအနိုင်ကစားထားရမှာပဲ။ထုံးစံအတိုင်းပဲဂိုးပြတ်နိုင်ပွဲတွေသိပ်မရှိခဲ့ပေမယ့်အိမ်ကွင်းမှာစပိန်ကိုတောင်အနိုင်ကစားထားပါတယ်။

ကိုဆိုဗိုကရောဘာဖြစ်ချင်ပြီလဲ၊ ဒါမှမဟုတ်ဘာဖြစ်နိုင်မှာလဲသိပ်တော့မသဲကွဲပါဘူး။ သူတို့ရလဒ်တွေကြည့်ရင် ဟာ..ဘယ့်နှယ့်ဘာညာထင်စရာရှိပေမယ့် ပြီးတော့လည်းအိမ်ကွင်းမှာတောင်အရာရောက်လှတာမဟုတ်ပါဘူး။ ဒီဆွီဒင်ကိုလည်း အိမ်ကွင်းမှာတောင် (0-3)နဲ့ ဂိုးပြတ်ရှုံးထားတာပါ။ နိုင်ငံကငယ်ငယ်၊ ကစားသမားကမြင့်မြင့်လို့ပြောရလောက်အောင်ချွန်ထွက်နေသူမျိုးလည်းရှာမတွေ့နိုင်ပါဘူး။ နောက်ဆုံးတွေ့ဆုံမှုနှစ်ပွဲမှာလည်းသူတို့တစ်ဂိုးတောင်လုပ်နိုင်ခဲ့ကြခြင်းမရှိပါဘူး။ ဒီပွဲမှာအခြားအကွန့်အညွန့်တွေလျှောက်ရှာမနေပါနဲ့။ ဆွီဒင်ယူပြီးနှစ်ဂိုးပြတ်ဖို့ အချိန်ပေးစောင့်ကြည့်ရုံပဲရှိပါတယ်။

🈁 ဟန်စိုးသွေး

အန်ဒါဆန်ရဲ့ဆွီဒင်ကနိုင်ငံတကာပြိုင်ပွဲအဆင့်အိမ်ကွင်းနောက်ဆုံး၇ပွဲလုံးအနိုင်ယူထားတယ်။အဲ့ဒီထဲမှာစပိန်၊ခရိုအေးရှားတို့လိုအသင်းတွေပါနေတယ်။ ဆွီဒင်ကအစဉ်အဆက်အိမ်ကွင်းမာဂုဏ်မြင့်တဲ့အသင်းတစ်သင်းဖြစ်သလိုအခုချိန်မှာလည်းအဲ့ဒီအစဉ်အလာကိုအပျက်မခံဘူး။ ဆွီဒင်ကနောက်ဆုံး၁၈ ပွဲမှာသူ့ထက်ကမ္ဘာ့အဆင့်သတ်မှတ်ချက်နိမ့်တဲ့အသင်းတွေကိုမရှုံးခဲ့တဲ့အပြင်သရေပွဲတောင်မရှိခဲ့ဘူး။

နောက်ဆုံးကစားခဲ့တဲ့ပွဲမှာမှသူ့ထက်နိမ့်တဲ့ဂရိကို ရှုံးနိမ့်ခဲ့ရတာကလွဲရင်ဆွီဒင်ကအင်အားနည်းတဲ့ပြိုင်ဘက်တွေကိုအခွင့်အရေးပေးတတ်တဲ့အသင်းမျိုးမဟုတ်ဘူး။တစ်ဖက်မှာဂရိကဂျော်ဂျီယာနဲ့ ကစားရမယ့်အခ်ျိန်မှာဆွီဒင်ကဒီပွဲကို အနိုင်မရခဲ့ရင်သူတို့ရဲ့ကမ္ဘာ့ဖလားအိပ်မက်ကဒုက္ခများသွားနိုင်တယ်။ အသင်းမှာကလည်းဒါဏ်ရာရ၊ပွဲပယ်ကစားသမားကမရှိသလောက်ဖြစ်နေပါတယ်။

ကိုဆိုဗိုကဖွဲ့စည်းထားတာမကြာသေးပေမယ့်ခြေစွာတယ်လို့သတ်မှတ်လို့ရတယ်။ အသင်းငယ်တွေထဲမှာတော့ကိုဆိုဗိုကိုလျှော့တွက်လို့မရဘူး။ ဒါပေမယ့်အသင်းကြီးတွေနဲ့ ကစားရတဲ့ပွဲတွေမှာတော့ကိုဆိုဗိုကအမြဲတစ်ဆင့်နိမ့်နေတယ်။ ဒီအုပ်စုတွင်းမှာလည်းစပိန်၊ဆွီဒင်တို့နဲ့တွေ့တိုင်း ဂိုးပြတ်ရှုံးနိမ့်ထားတယ်။ မူရီကွီ၊ရာချီကာ၊ရာခ်ျမနီ တို့လိုကြယ်ပွင့်ကစားသမားတွေပိုင်ဆိုင်ထားတယ်ဆိုပေမယ့် ဆွီဒင်ကိုယှဉ်နိုင်ဖို့တော့မလွယ်သေးပါဘူး။

ဆွီဒင်လိုကျဉ်းမြောင်းတဲ့ရလဒ်တွေနဲ့ အနိုင်ကစားတတ်တဲ့အသင်းကကိုဆိုဗိုလိုခြေစွာတဲ့အသင်းကို 1-80 ထိပေးထားတဲ့ဆိုတာကနည်းနည်းတော့ပြင်း ရှတယ်လို့ဆိုနိုင်ပါတယ်။ဒါပေမယ့်ဒါဟာကိုဆိုဗိုရဲ့အသင်းကြီးတွေနဲ့ တွေ့တိုင်းဂိုးပြတ်ရှုံးတတ်တာရယ်၊ ဆွီဒင်ကစားသမားအားလုံး လန်းဆန်းနေတာကြောင့်ရယ်ဖြစ်နိုင်ပါတယ်။အိုင်ဆက်၊ကူလူဆက်စကီး၊ ဖော့စ်ဘတ်တို့ရဲ့ ဆွီဒင်တိုက်စစ်ကိုကိုဆိုဗိုတားဆီးဖို့ ခက်ခဲမှာပါ။ ဆွီဒင်အနိုင်ပြတ်သားပါလိမ့်မယ်။

🈁 မင်းနဒီ(change)

အိုင်းဆက်၊ ဖော့စ်ဘာ့ဂ်၊ သြဂတ်စတင်ဆန်တို့ရဲ့ ဘယ်ခြမ်းတိုက်စစ်နဲ့ ဆွီဒင်ဟာ အတိမ်းအစောင်းမရှိ

ဆွီဒင်က 1-70 နဲ့ ဂိုးပေါင်းကြေးက 3+70 ပေးထားပါတယ်။ဆွီဒင်ဟာကမ္ဘာ့ဖလားခြေစစ်ပွဲ ၄ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲရှုံးရလဒ်နဲ့ အုပ်စုဒုတိယနေရာမှာရပ် တည်နေရပေမဲ့ ၂ ပွဲပိုကစားထားတဲ့စပိန်ကို ၄ မှတ်အကွာနဲ့ အကောင်းဆုံးဖိအားပေးနေပြီး ၂၀၂၂ ကမ္ဘာ့ဖလားကို တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့အခြေ အနေကောင်းတစ်ရပ်ကိုရရှိထားတယ်။ အိမ်ကွင်းခြေစွမ်းမာကြောတယ်။ ခိုင်မာတဲ့တိုက်စစ်ကစားဟန်ရှိတယ်။ ဒါပေမဲ့ ဂရိကို ၂-၁ နဲ့ ရှုံးလိုက်တဲ့အဝေး ကွင်းပွဲစဉ်က သူတို့အတွက်ဖိအားတွေဖြစ်သွားခဲ့တယ်။

ကိုဆိုဗိုနဲ့ပွဲပြီးရင် ဂရိကို အိမ်ကွင်း၊ဂျော်ဂျီယာနဲ့စပိန်ကိုအဝေးကွင်းတွေမှာဆက်တိုက်ကစားရမယ့်အနေအထားကဆွီဒင်ရဲ့ကမ္ဘာ့ဖလားတိုက်ရိုက်ခြေ စစ်ပွဲအောင်မြင်ရေးအတွက် အမှတ်လျော့လို့မရတဲ့ အနေအထားတွေဖြစ်နေတယ်။ ဒါကြောင့်ဂရိ၊ စပိန်တို့နဲ့ ပွဲကြပ်ပွဲစဉ်တွေမတိုင်မီပွဲချောင်တဲ့ပွဲစဉ်တွေမှာအမှတ်ပြည့်ယူထားနိုင်ဖို့လိုအပ်နေတယ်။ ပြီးတော့ဂိုးကွာခြားချက်ကလည်း စပိန်နဲ့ တော်တော်လေးကွာဟနေတာကြောင့်ဆွီဒင်အတွက်သွင်းဂိုးတွေရသလောက်သွင်းထားနိုင်ဖို့ လိုအပ်နေတယ်။

ကိုဆိုဗိုကအုပ်စုတွင်းမှာအားအနည်းဆုံးဖြစ်တဲ့ဂျော်ဂျီယာတစ်သင်းတည်းကိုပဲအနိုင်ရထားတာကြောင့်ဆွီဒင်အတွက်အမှတ်ပြည့်ရဖို့ဆိုတာမခက်ခဲလောက်ဘူးလို့ယုံကြည်တယ်။ လိုအပ်တဲ့သွင်းဂိုးတွေအရယူနိုင်မလားဆိုတာကိုစဉ်းစားရာမှာတော့ ဆွီဒင်ရဲ့တိုက်စစ်အပေါ်မှာ မူတည်နေတယ်။ ကိုဆိုဗိုဟာ ၅ ပွဲကစားပြီးချိန်မှာခံစစ်က ၉ ဂိုးပေးထားရတယ်။ ပထမအကျော့အိမ်ကွင်းပွဲစဉ်မှာဆွီဒင်ကို ၃-၀ ဆိုတဲ့ ဂိုးပြတ်ရလဒ်နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲစဉ်ကိုပြန်ကြည့်ရင်အဲ့ဒီပွဲစဉ်မှာဆွီဒင်ကအိုင်းဆက်၊ဖော့စ်ဘာ့ဂ်၊ သြဂတ်စတင်ဆန်တို့ရဲ့ဘယ်ခြမ်းတိုက်စစ်ကအကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီးကိုဆိုဗိုခံစစ်ဘယ် လိုမှမထိန်းနိုင်ခဲ့တာကိုတွေ့ရတယ်။

ဆွီဒင်ရဲ့ တိုက်စစ်အားအကောင်းဆုံးကဘယ်ခြမ်းဖြစ်ပြီးလက်ရှိမှာလည်းအိုင်းဆက်၊ ဖော့စ်ဘာ့ဂ်၊ သြဂတ်စတင်ဆန်တို့ဟာနားလည်မှုအားကောင်းနေဆဲဖြစ်သလိုအချိတ်အဆက်မိမိကစားနိုင်တာကြောင့်လည်းကိုဆိုဗိုအတွက်နောက်ထပ်ဂိုးပြတ်ရှုံးပွဲတစ်ပွဲဖြစ်လာလိမ့်မယ်လို့ မှတ်ယူမိတယ်။ ဆွီဒင်ဟာ ဂိုးကွာခြားချက်မှာစပိန်နဲ့တော်တော်လေးကွာဟနေတာကြောင့်လည်း သွင်းဂိုးတွေရသလောက်သွင်းယူနိုင်ဖို့ လိုအပ်နေတယ်။ ကိုဆိုဗိုရဲ့ခံစစ်ကလည်း တစ်ပွဲကို ပျမ်းမျှ ၂ ဂိုးနီးနီးလောက်ပေးထားရတာကြောင့်စပိန်ကိုအိမ်ကွင်းမှာအနိုင်ကစားထားနိုင်တဲ့ဆွီဒင်ဟာပထမအကျော့ကရလဒ်မျိုးတိုင်းဂိုးပြတ် နိုင်ပွဲရသွားလိမ့်မယ်။

🈁ဒီတစ်ပတ် 3D

ပြီးခဲ့တဲ့အပတ်ဝုဗ်ပွဲတုန်းကသုံးယောက်လုံးတစ်သံတည်းထွက်ခဲ့သလိုပဲဒီတစ်ပတ်လည်းအဲ့ဒီလိုရှိပါတယ်။ ဆွီဒင်မှာချည်းဆရာသမားများဆိုက်ကပ်ခဲ့ကြပုံပေါ့။ Play Maker 3D SpecialChoice ပေါ့။ ဆွီဒင်မှာဆိုက်ကပ်ထားတဲ့လှေသုံးစင်းကို ယုံကြည်ပေးကြပါ။ အဲ့ဒါပျော်စရာတစ်ခုပါပရိသတ်ကြီး..