ကြေးပြင်းလွန်းပေမယ့် ရွေးချယ်ဖို့ တွန့်ဆုတ်မနေဘူး
ကြာသပတေးည နိုင်ငံတကာခြေစမ်းပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
ဆွစ်ဇာလန် နှင့် လက်ချင်စတိန်း (ည ၁၀း၃၀)(စိုင်းကို တောင်ကြီး)
ဒီနှစ်သင်းတွေ့ဖူးတဲ့ ၇ပွဲစလုံး ဆွစ်ဇာလန်ကချည်းပဲ ရာနှုန်းပြည့်အနိုင်ရရှိထားခဲ့ပါတယ်။အစဉ်အလာပိုင်းအပြတ်အသတ်သာလွန်ထားတဲ့ ဆွစ်ဇာလန်ဟာ လက်ရှိမှာ တိုက်စစ်အသားပေးနည်းဗျူဟာသုံးရင်း နိုင်ပွဲတွေဆက်တိုက်ရရှိနေတဲ့အသင်းပါ။ခံစစ်ပိုင်းကဘယ်လောက်ပဲယိုယွင်းယွင်း ဆီဖီရိုဗစ်၊ မက်မာဒီ၊ ဂါဗရာနိုဗစ်တို့ရဲ့ဆွစ်ဇာလန်တိုက်စစ်ကထက်မြက်လွန်းလှတယ်။
ဘယ်ပြိုင်ဘက်ကိုမဆိုဂိုးအလှူပေးလွန်းတဲ့ လက်ချင်စတိန်းခံစစ်ကြောင်းက အခုပွဲမှာလည်းဆွစ်ဇာလန်တိုက်စစ်အတားအဆီးမရှိထိုးဖောက်တာကို လက်ပိုက်ကြည့်နေရပါလိမ့်မယ်။၄ဂိုးပြတ်နိုင်ဖို့ လိုအပ်တဲ့အထိအကျောပေးမှု ပြင်းရှလွန်းပေမယ့်လည်းအိမ်ရှင်ဆွစ်ဇာလန်ကို ရွေးချယ်ဖို့ တွန့်ဆုတ်မနေပါဘူး။
zawgyi