TeamViewer နှင့် ပေါင် ၄၇ သန်းတန် အင်္ကျီရင်ဘတ်စပွန်ဆာ စာချုပ်ချုပ်ဆိုလိုက်တဲ့ သရဲနီ

မန်ယူဟာနည်းပညာကုမ္ပဏီ TeamViewer နှင့် ငါးနှစ်သက်တမ်းရှိ အင်္ကျီရင်ဘတ်စပွန်ဆာစာချုပ်ချုပ် ဆိုရန်သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။မန်ယူအသင်းဟာနည်းပညာကုမ္ပဏီရဲ့လိုဂိုကိုလာမယ့်ရာသီမှ စတင်ကာအင်္ကျီရင်ဘတ်စပွန်ဆာအဖြစ်အသုံးပြုသွားပါမယ်။

ပရီးမီးယားလိဂ်ထိပ်သီးဟာTeamViewer ထံမှတစ်နှစ်လျှင်ပေါင်၄၇သန်းရရှိမှာဖြစ်ပြီးစာချုပ်တန်ဖိုးမှာ ပေါင်၂၃၅သန်းရှိပါတယ်။

မန်ယူရဲ့နည်းပညာကုမ္ပဏီနှင့်ပူးပေါင်းမှုကပရီးမီးယားလိဂ်သမိုင်းမှာအကြီးမားဆုံးအင်္ကျီရင်ဘတ်စပွန်ဆာ စာချုပ်ဖြစ်ပြီးကိုဗစ်ကာလအတွင်းတွင်ချုပ်ဆိုတဲ့စာချုပ်များထဲတွင်အကြီးမားဆုံးစာချုပ်လည်းဖြစ်ပါတယ်။

TeamViewer ရဲ့လိုဂိုဟာ Chevrlet နေရာမှာအစားထိုးတာဝန်ယူသွားမှာဖြစ်ပါတယ်။

မီဒီယာများရဲ့ဖော်ပြချက်အရ TeamViewer ရဲ့လိုဂိုကိုအပြာရောင်ဖြစ်သော်လည်းမန်ယူအသင်းအင်္ကျီရင် ဘတ်တွင်အဖြူရောင်ဖြင့်ဖော်ပြသွားမယ်လို့သိရပါတယ်။

ZawGyi

TeamViewer ႏွင့္ ေပါင္ ၄၇ သန္းတန္ အက်ႌရင္ဘတ္စပြန္ဆာ စာခ်ဳပ္ခ်ဳပ္ဆိုလိုက္တဲ့ သရဲနီ

မန္ယူဟာနည္းပညာကုမၸဏီ TeamViewer ႏွင့္ ငါးႏွစ္သက္တမ္းရွိ အက်ႌရင္ဘတ္စပြန္ဆာစာခ်ဳပ္ခ်ဳပ္ ဆိုရန္သေဘာတူညီမႈ ရရွိသြားခဲ့ပါတယ္။မန္ယူအသင္းဟာနည္းပညာကုမၸဏီရဲ႕လိုဂိုကိုလာမယ့္ရာသီမွ စတင္ကာအက်ႌရင္ဘတ္စပြန္ဆာအျဖစ္အသုံးျပဳသြားပါမယ္။

ပရီးမီးယားလိဂ္ထိပ္သီးဟာTeamViewer ထံမွတစ္ႏွစ္လွ်င္ေပါင္၄၇သန္းရရွိမွာျဖစ္ၿပီးစာခ်ဳပ္တန္ဖိုးမွာ ေပါင္၂၃၅သန္းရွိပါတယ္။

မန္ယူရဲ႕နည္းပညာကုမၸဏီႏွင့္ပူးေပါင္းမႈကပရီးမီးယားလိဂ္သမိုင္းမွာအႀကီးမားဆုံးအက်ႌရင္ဘတ္စပြန္ဆာ စာခ်ဳပ္ျဖစ္ၿပီးကိုဗစ္ကာလအတြင္းတြင္ခ်ဳပ္ဆိုတဲ့စာခ်ဳပ္မ်ားထဲတြင္အႀကီးမားဆုံးစာခ်ဳပ္လည္းျဖစ္ပါတယ္။

TeamViewer ရဲ႕လိုဂိုဟာ Chevrlet ေနရာမွာအစားထိုးတာဝန္ယူသြားမွာျဖစ္ပါတယ္။

မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရ TeamViewer ရဲ႕လိုဂိုကိုအျပာေရာင္ျဖစ္ေသာ္လည္းမန္ယူအသင္းအက်ႌရင္ ဘတ္တြင္အျဖဴေရာင္ျဖင့္ေဖာ္ျပသြားမယ္လို႔သိရပါတယ္။