This Is Anfield ဆိုင်းဘုတ်ကို ထိခဲ့မှုနှင့်ပတ်သက်ပြီး ဝေါက်ဝက်ဟော့စ်ရှင်းလင်းလာ

ဝေါက်ဝက်ဟော့စ်ဟာတနင်္ဂနွေနေ့တုန်းကအန်ဖီးလ်ကွင်းတွင်လီဗာပူးကို၇-၀ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်တဲ့ပွဲစဉ်တွင်This Is Anfield ဆိုင်းဘုတ်ကိုထိတွေ့မှုနှင့်ပတ်သက်ပြီးရှင်းလင်းလာပါတယ်။

အသက်၃၀နှစ်ရှိတိုက်စစ်မှူးဟာတနင်္ဂနွေနေ့တုန်းကအန်ဖီးလ်ကွင်းအတွင်းသို့မဆင်းမီ This Is Anfield ဆိုင်းဘုတ်ကိုထိကိုင်ခဲ့မှုအတွက်ယူနိုက်တက်ပရိသတ်များရဲ့အပြင်းအထန်ဝေဖန်ခြင်းခံရပါတယ်။

This Is Anfield ဆိုင်းဘုတ်မှာအန်ဖီးလ်ရဲ့နာမည်ကျော်ဆိုင်းဘုတ်တစ်ခုဖြစ်ပြီးလီဗာပူးကစားသမားများသာကိုင်လေ့ရှိပြီး ပြိုင်ဘက်ကစားသမားကိုင်လေ့မရှိပါဘူး။

ယခုအခါမှာတော့ဝက်ဟော့စ်က This Is Anfield ဆိုင်းဘုတ်ကိုထိကိုင်ခဲ့ခြင်းမှာဒတ်ချ်လက်ရွေးစင်ကစားဖော်ဗန်ဒိုက်ကိုအဆုံးသတ်နိုင်ရေးအတွက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းကာကွယ်ပြောကြားလာပါတယ်။

ဝက်ဟော့စ်ဟာအင်စတာဂရမ်တွင်ပို့စ်တင်ပြီးရှင်းလင်းလာခဲ့တာလည်းဖြစ်ပါတယ်။၎င်းက “ပုံမှန်အတိုင်းဆိုရင်မီဒီယာတွေရေးတာနဲ့ပတ်သက်ပြီးမတုံ့ပြန်ပါဘူး။ဒါပေမဲ့အခုတစ်ကြိမ်မှာတော့အရမ်းအံ့ဩစရာကောင်းတဲ့ယူနိုက်တက်ပရိသတ်တွေကကျွန်တော့်အတွက်အရမ်းအရေးကြီးလို့ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးရှင်းလင်းလာရတာဖြစ်ပါတယ်။လက်ရွေးစင်အသင်းမှာကတည်းကဗာဂယ်(ဗန်ဒိုက်)ဟာဒီဆိုင်းဘုတ်ကိုထိတာတွေ့ရပါတယ်။ကျွန်တော်သူမထိအောင်တားဖို့ကြိုးစားတာပါ။ပြီးတော့ပွဲမတိုင်ခင်သူ့ကိုအထိနာအောင်လုပ်ချင်တာပါ။ကျွန်တော်ကငယ်စဉ်ကတည်းကတွမ်တီးအသင်းကိုအားပေးလာတာပါ။မန်ချက်စတာယူနိုက်တက်ကစားသမားဖြစ်ခွင့်ရလို့ဂုဏ်ယူပါတယ်။ကျွန်တော့်ရဲ့ဒီကလပ်အတွက်ပေးဆပ်မှုကမေးခွန်းထုတ်နေစရာမရှိပါဘူး။တနင်္ဂနွေနေ့ကကျွန်တော်တို့အားလုံးအတွက်ဆိုးရွားလွန်းလှတဲ့နေ့ပါ။လာမယ့်အပတ်တွေမှာလမ်းမှန်ပေါ်သို့ရောက်အောင်အစွမ်းကုန်ကြိုးပမ်းပါမယ်။ကျွန်တော်တို့အတူလက်တွဲပြီးပြန်ရုန်းထမယ်၊ဒီရာသီရည်မှန်းချက်ရအောင်ယူမယ်”လို့ဆိုသွားပါတယ်။

ZawGyi

This Is Anfield ဆိုင္းဘုတ္ကို ထိခဲ့မႈႏွင့္ပတ္သက္ၿပီး ေဝါက္ဝက္ေဟာ့စ္ရွင္းလင္းလာ

ေဝါက္ဝက္ေဟာ့စ္ဟာတနဂၤေႏြေန႔တုန္းကအန္ဖီးလ္ကြင္းတြင္လီဗာပူးကို၇-၀ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္တဲ့ပြဲစဥ္တြင္This Is Anfield ဆိုင္းဘုတ္ကိုထိေတြ႕မႈႏွင့္ပတ္သက္ၿပီးရွင္းလင္းလာပါတယ္။

အသက္၃၀ႏွစ္ရွိတိုက္စစ္မႉးဟာတနဂၤေႏြေန႔တုန္းကအန္ဖီးလ္ကြင္းအတြင္းသို႔မဆင္းမီ This Is Anfield ဆိုင္းဘုတ္ကိုထိကိုင္ခဲ့မႈအတြက္ယူႏိုက္တက္ပရိသတ္မ်ားရဲ႕အျပင္းအထန္ေဝဖန္ျခင္းခံရပါတယ္။

This Is Anfield ဆိုင္းဘုတ္မွာအန္ဖီးလ္ရဲ႕နာမည္ေက်ာ္ဆိုင္းဘုတ္တစ္ခုျဖစ္ၿပီးလီဗာပူးကစားသမားမ်ားသာကိုင္ေလ့ရွိၿပီး ၿပိဳင္ဘက္ကစားသမားကိုင္ေလ့မရွိပါဘူး။

ယခုအခါမွာေတာ့ဝက္ေဟာ့စ္က This Is Anfield ဆိုင္းဘုတ္ကိုထိကိုင္ခဲ့ျခင္းမွာဒတ္ခ်္လက္ေ႐ြးစင္ကစားေဖာ္ဗန္ဒိုက္ကိုအဆုံးသတ္ႏိုင္ေရးအတြက္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္းကာကြယ္ေျပာၾကားလာပါတယ္။

ဝက္ေဟာ့စ္ဟာအင္စတာဂရမ္တြင္ပို႔စ္တင္ၿပီးရွင္းလင္းလာခဲ့တာလည္းျဖစ္ပါတယ္။၎က “ပုံမွန္အတိုင္းဆိုရင္မီဒီယာေတြေရးတာနဲ႔ပတ္သက္ၿပီးမတုံ႔ျပန္ပါဘူး။ဒါေပမဲ့အခုတစ္ႀကိမ္မွာေတာ့အရမ္းအံ့ဩစရာေကာင္းတဲ့ယူႏိုက္တက္ပရိသတ္ေတြကကြၽန္ေတာ့္အတြက္အရမ္းအေရးႀကီးလို႔ဒီဗီဒီယိုဖိုင္နဲ႔ပတ္သက္ၿပီးရွင္းလင္းလာရတာျဖစ္ပါတယ္။လက္ေ႐ြးစင္အသင္းမွာကတည္းကဗာဂယ္(ဗန္ဒိုက္)ဟာဒီဆိုင္းဘုတ္ကိုထိတာေတြ႕ရပါတယ္။ကြၽန္ေတာ္သူမထိေအာင္တားဖို႔ႀကိဳးစားတာပါ။ၿပီးေတာ့ပြဲမတိုင္ခင္သူ႔ကိုအထိနာေအာင္လုပ္ခ်င္တာပါ။ကြၽန္ေတာ္ကငယ္စဥ္ကတည္းကတြမ္တီးအသင္းကိုအားေပးလာတာပါ။မန္ခ်က္စတာယူႏိုက္တက္ကစားသမားျဖစ္ခြင့္ရလို႔ဂုဏ္ယူပါတယ္။ကြၽန္ေတာ့္ရဲ႕ဒီကလပ္အတြက္ေပးဆပ္မႈကေမးခြန္းထုတ္ေနစရာမရွိပါဘူး။တနဂၤေႏြေန႔ကကြၽန္ေတာ္တို႔အားလုံးအတြက္ဆိုး႐ြားလြန္းလွတဲ့ေန႔ပါ။လာမယ့္အပတ္ေတြမွာလမ္းမွန္ေပၚသို႔ေရာက္ေအာင္အစြမ္းကုန္ႀကိဳးပမ္းပါမယ္။ကြၽန္ေတာ္တို႔အတူလက္တြဲၿပီးျပန္႐ုန္းထမယ္၊ဒီရာသီရည္မွန္းခ်က္ရေအာင္ယူမယ္”လို႔ဆိုသြားပါတယ္။