”တီကိုဘက်ကနေ ပုံအောပစ်လိုက်စမ်းပါ”

တနင်္လာည စပိန်လာလီဂါ ပွဲစဉ်-၂၂ ပွဲကြိုသုံးသပ်ချက်

အက်သလက်တီကို နှင့် ဆယ်တာဗီဂို (ည ၂:၃၀)(သတိုး- မှော်ဘီ)

ရီးရဲလ်နဲ့ဘာစီလိုနာကိုအမှတ်ဖြတ်ပြီး လာလီဂါဇယားကိုဦးဆောင်နေနိုင်တဲ့အက်သလက်တီကိုအနေနဲ့ ချန်ပီယံလမ်းကြောင်းကနေချော်ကျမသွားဖို့ ပွဲတိုင်းကိုအထူးဂရုစိုက်ကြိုးစားကစားနေပါတယ်။

ဘုရင့်ဖလားကနေတောင်လွယ်လွယ်ကူကူ ထွက်ခွာလိုက်တာဟာလာလီဂါချန်ပီယံဆု သေချာစေရေးအတွက်တီကိုကြိုးစားဖို့ပါ။အဝေးကွင်းဖြစ်ဖြစ် အိမ်ကွင်းဖြစ်ဖြစ်လာလီဂါဟေ့ဆိုတာနဲ့ တီကိုတစ်သင်းလုံးသေသေကျေကျေ အားထည့်ကစားပြီးမြိုင်ဆိုင်လွန်းတာလည်း တွေ့ရတယ်။

ဆယ်တာဗီဂိုဆိုတာကလက်ရှိခြေစွမ်းကျဆင်းလွန်းနေတဲ့အသင်းပါ။ ဆယ်တာဗီဂိုကိုကြည့်လိုက်ရင်ဘယ်နေရာမှအားကောင်းမောင်းသန်မရှိဘဲညံ့လှတဲ့ပြိုင်ဘက်တွေနဲ့ တွေ့ရင်တောင်ရုန်းကန်နေရတာတွေ့ရတယ်။

ဒါကြောင့်ခြေစွမ်းနဲ့ လူအင်အားအပြင်းစိတ်ဓာတ်ပိုင်း၊ ယုံကြည်မှုတို့ပါ အဆမတန်သာလွန်ပြီးအိမ်ရှင်အားသာချက်လည်းရှိနေတဲ့တီကိုကချည်းပဲပွဲအစအဆုံးဖိအားပေးတိုက်စစ်ဆင်ပါလိမ့်မယ်။

ကြေးကလည်းနေချင်စရာကောင်းလွန်းလှပါတယ်။ တစ်ဂိုးလေးကပ်နိုင်ရင်ပဲအက်သလက်တီကိုက ၄၀ ရပြီလို့ အကျောပေးထားတယ်။တီကိုဘက်ကနေ အိမ်တိုင်ချွတ်ပြီးတောင်ပုံအောပစ်လိုက်စမ်းပါ။

zawgyi




