ရော်နယ်ဒိုရဲ့အမြင့်ခုန်စံချိန်ကို ရိုက်ချိုးလိုက်တဲ့ ချဲလ်ဆီးနောက်ခံလူ

ဖီကာယိုတိုမိုရီဟာအေစီမီလန်ကဂျူဗင်တပ်ကို၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာခရစ္စတီယာနိုရော်နယ်ဒိုရဲ့စီးရေးအေအမြင့်ခုန်စံချိန်ကိုရိုက်ချိုးနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးမှအငှားဖြင့်လာရောက်ကစားနေတဲ့တိုမိုရီဟာတနင်္ဂနွေနေ့ကဂျူဗင်တပ်နှင့်ပွဲစဉ်တွင်ခြေစွမ်းပြကစားနိုင်ခဲ့ပြီးအေစီမီလန်အတွက်တတိယဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာအေစီမီလန်အတွက်တတိယဂိုးကိုခေါင်းတိုက်သွင်းယူခဲ့ရာမှာဂျော့ဂျီယိုချီရယ်လီနီ၊မားသီးယပ်စ်ဒီလက်တို့အားကျော်ကာအဆင့်မြင့်၈ပေ၊၆လက်မအထိခုန်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၁၉ခုနှစ်တုန်းကဆမ်ဒိုးရီးယားနှင့်ပွဲစဉ်မှာ၈ပေ၊၃လက်မခုန်ပြီးခေါင်းတိုက်သွင်းယူကာစီးရီးအေတွင်အမြင့်မားဆုံးခေါင်းခုန်တိုက်ဂိုးအဖြစ်သမိုင်းမှတ်တမ်းရေးထိုးခဲ့ပါတယ်။

ဒါ့အပြင်တိုမိုရီဟာလွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်တုန်းကဒေးဗစ်ဘက်ဟမ်းဂိုးသွင်းယူပြီးနောက်အေစီမီလန်အတွက်ဂိုးသွင်းယူနိုင်တဲ့ပထမဆုံးအင်္ဂလိပ်ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။

အသက်၂၃နှစ်ရှိအင်္ဂလန်လက်ရွေးစင်နောက်ခံလူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဖရန့်လမ်းပတ်လက်အောက်မှာပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့ပေမယ့်ယခုရာသီအစောပိုင်းတွင်နေရာရရှိရန်ရုန်းကန်ရမှုနှင့်အတူဇန်နဝါရီအပြောင်းအရွှေ့တွင်အေစီမီလန်သို့အငှားဖြင့်ထွက်ခွာလာခဲ့သူဖြစ်ပါတယ်။

သူဟာအေစီမီလန်အတွက်စီးရီးအေပွဲ၁၄ပွဲအထိကစားခွင့်ရရှိထားပါတယ်။အေစီမီလန်ဟာသူ့ကိုအငှားဖြင့်ခေါ်ယူခဲ့ရာမှာပေါင်၂၃သန်းဖြင့်အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။အေစီမီလန်ဟာလာမယ့်နွေရာသီမှာသူ့ကိုအပြီးသတ်ခေါ်ယူနိုင်ရေးအတွက်လုပ်ဆောင်နေပါတယ်။

zawgyi

ေရာ္နယ္ဒိုရဲ႕အျမင့္ခုန္စံခ်ိန္ကို ႐ိုက္ခ်ိဳးလိုက္တဲ့ ခ်ဲလ္ဆီးေနာက္ခံလူ

ဖီကာယိုတိုမိုရီဟာေအစီမီလန္ကဂ်ဴဗင္တပ္ကို၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕စီးေရးေအအျမင့္ခုန္စံခ်ိန္ကို႐ိုက္ခ်ိဳးႏိုင္ခဲ့ပါတယ္။

ခ်ဲလ္ဆီးမွအငွားျဖင့္လာေရာက္ကစားေနတဲ့တိုမိုရီဟာတနဂၤေႏြေန႔ကဂ်ဴဗင္တပ္ႏွင့္ပြဲစဥ္တြင္ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီးေအစီမီလန္အတြက္တတိယဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။

သူဟာေအစီမီလန္အတြက္တတိယဂိုးကိုေခါင္းတိုက္သြင္းယူခဲ့ရာမွာေဂ်ာ့ဂ်ီယိုခ်ီရယ္လီနီ၊မားသီးယပ္စ္ဒီလက္တို႔အားေက်ာ္ကာအဆင့္ျမင့္၈ေပ၊၆လက္မအထိခုန္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂၀၁၉ခုႏွစ္တုန္းကဆမ္ဒိုးရီးယားႏွင့္ပြဲစဥ္မွာ၈ေပ၊၃လက္မခုန္ၿပီးေခါင္းတိုက္သြင္းယူကာစီးရီးေအတြင္အျမင့္မားဆုံးေခါင္းခုန္တိုက္ဂိုးအျဖစ္သမိုင္းမွတ္တမ္းေရးထိုးခဲ့ပါတယ္။

ဒါ့အျပင္တိုမိုရီဟာလြန္ခဲ့တဲ့ဆယ္စုႏွစ္တစ္ခုေက်ာ္တုန္းကေဒးဗစ္ဘက္ဟမ္းဂိုးသြင္းယူၿပီးေနာက္ေအစီမီလန္အတြက္ဂိုးသြင္းယူႏိုင္တဲ့ပထမဆုံးအဂၤလိပ္ကစားသမားလည္းျဖစ္လာခဲ့ပါတယ္။

အသက္၂၃ႏွစ္ရွိအဂၤလန္လက္ေ႐ြးစင္ေနာက္ခံလူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဖရန႔္လမ္းပတ္လက္ေအာက္မွာပုံမွန္ပြဲထြက္ခြင့္ရရွိခဲ့ေပမယ့္ယခုရာသီအေစာပိုင္းတြင္ေနရာရရွိရန္႐ုန္းကန္ရမႈႏွင့္အတူဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ေအစီမီလန္သို႔အငွားျဖင့္ထြက္ခြာလာခဲ့သူျဖစ္ပါတယ္။

သူဟာေအစီမီလန္အတြက္စီးရီးေအပြဲ၁၄ပြဲအထိကစားခြင့္ရရွိထားပါတယ္။ေအစီမီလန္ဟာသူ႔ကိုအငွားျဖင့္ေခၚယူခဲ့ရာမွာေပါင္၂၃သန္းျဖင့္အၿပီးသတ္ေခၚယူႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

ေအစီမီလန္ဟာလာမယ့္ေႏြရာသီမွာသူ႔ကိုအၿပီးသတ္ေခၚယူႏိုင္ေရးအတြက္လုပ္ေဆာင္ေနပါတယ္။