လက်ရှိဘောလုံးလောကရဲ့အကောင်းဆုံးတိုက်စစ်မှူး ၁၀ ဦးထဲမှာ ဘယ်သူတွေပါဝင်သလဲ

လက်ရှိကမ္ဘာ့ဘောလုံးလောကရဲ့အကောင်းဆုံးတိုက်စစ်မှူး ၁၀ဦးစာရင်းထွက်ပေါ်လာပြီဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်စတားရောဘတ်လီဝန်ဒေါ့စကီးဟာကိုင်လီယန်အမ်ဘက်ပီ၊ခရစ္စတီယာနိုရော်နယ်ဒိုတို့အားကျော်ဖြတ်ကာကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးအဖြစ်ရပ်တည်လာနိုင်ခဲ့ပါတယ်။

အသက်၃၂နှစ်ရှိပိုလန်လက်ရွေးစင်တိုက်စစ်မှူးဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပြိုင်ပွဲအရပ်ရပ်တွင်ဘိုင်ယန်မြူးနစ်အတွက်၄၇ပွဲကစားရာမှာ၅၅ဂိုးသွင်းယူပြီး၁၀ကြိမ်ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

လီဝန်ဒေါ့စကီးရဲ့မြင့်မားတဲ့ဂိုးသွင်းစွမ်းရည်ကြောင့်ဘိုင်ယန်မြူးနစ်ဟာ၂၀၁၉-၂၀ဘောလုံးရာသီမှာချန်ပီယံလိဂ်ဖလား၊ဘွန်ဒက်စ်လီဂါဖလားနှင့်ဂျာမန်ပိုကယ်ဖလားတို့ကိုဆွတ်ခူးနိုင်ခဲ့ပါတယ်၊

ပိုလန်အသင်းခေါင်းဆောင်ဟာ 2020 Ballon d’Or Award ကိုဆွတ်ခူးရရှိမယ်လို့အားလုံးရဲ့ယူဆခြင်းခံခဲ့ရပေမယ့်လည်း France Football က ကိုဗစ်ကြောင့်ဆုမချီးမြှင့်မှုနဲ့အတူဆုနဲ့လွဲခဲ့ပါတယ်။ဒါပေမယ့်သူဟာယူအီးအက်ဖ်အေနှင့်ဖီဖာတို့ကချီးမြှင့်တဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတို့ကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာ France Football က ချီးမြှင့်တဲ့ Ballon d’Or Award ကိုမဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်းယခုရာသီမှာလည်းအကောင်းဆုံးပုံစံဖြင့်ဆက်လက်ကစားနေတုန်းဖြစ်ပါတယ်။သူဟာယခုရာသီမှာလည်း၃၈ပွဲကစားရာမှာ၄၆ဂိုးသွင်းယူပြီး၉ကြိမ်ဖန်တီးမှုပြုလုပ်ထားပါတယ်။

လက်ရှိဘောလုံးလောကရဲ့ဒုတိယအကောင်းဆုံးတိုက်စစ်မှူးအဖြစ်ရပ်တည်နေတာကတော့ပီအက်စ်ဂျီနှင့်ပြင်သစ်စတားကိုင်လီယန်အမ်ဘက်ပီဖြစ်ပြီးတတိယနေရာမှာဂျူဗင်တပ်စူပါစတားခရစ္စတီယာနိုရော်နယ်ဒိုကရပ်တည်နေပါတယ်။စတုတ္ထနေရာမှာဒေါ့မွန်တိုက်စစ်မှူးအာလင်းဟာလန်းကလည်းကောင်း၊အဆင့်၅နေရာမှာအက်သလက်တီကိုတိုက်စစ်မှူးလူးဝစ်ဆွာရက်ဇ်ကလည်းရပ်တည်နေပါတယ်။

၎င်းတို့ရဲ့အောက်မှာဟယ်ရီကိန်း(စပါးစ်)၊ကာရမ်ဘန်ဇီးမား(ရီးရဲလ်မက်ဒရစ်)၊ရိုမီလူလူကာမူ(အင်တာမီလန်)၊အင်ဒရေဆေးလ်ဗား(ဖရန့်ဖတ်)၊စီရိုအမ်မိုဘိုင်း(လာဇီယို)တို့အသီးသီးရပ်တည်နေပါတယ်။

zawgyi







