စိုင်းကို တောင်ကြီးရဲ့ တနင်္ဂနွေအကျိုးပြုစျေးကွက်

စိုင်းကို တောင်ကြီးရဲ့ တနင်္ဂနွေအကျိုးပြုစျေးကွက်

နိုင်ငံတကာပွဲပြီးကာလရောက်တိုင်းကြေးပြောင်းတွေဖမ်းရတာမလွယ်ပါလား။ကိုယ့်ဘာသာကိုယ်ဖော်မြူလာတစ်ခုတည်းနောက်ကိုလိုက်တာအကောင်း။ အခုများကျတော့ ဖြစ်သင့်လား မဖြစ်သင့်လား လျှောက်တွေးနေတာနဲ့တင်ခေါင်းစားကုန်ရော။အဲဒီတော့ ရှုပ်ပါတယ်လေ။ ဒီကနေ့ စူပါဆန်းဒေးကစပြီး အရင်လိုမျိုး ကြေးပြင်းလေလက်ရှောင်လေအသင်းကိုပဲရွေးချယ်ပေးပါတော့မယ်။၄နှစ်ကြာ ပြုစုလာတဲ့စစ်တမ်းမို့ ရဲရဲတင်းတင်းပဲဆက်သွားတော့မယ်ဗျာ။မကြိုက်တဲ့အသင်းဆိုလက်ရှောင်လိုက်မယ်။ ဘက်ကန်မနေတော့ဘူး။ ရှုပ်ကုန်မှာစိုးလို့ပါ။ စစ်တမ်းတစ်ခုလုပ်ရတာ မလွယ်ပါဘူး။ကြေးပြောင်းစစ်တမ်းဆိုတာမျိုးက လုပ်ရတာ ပိုခက်ပါတယ်။ အဲဒီစစ်တမ်ကိုဘယ်သူမှလည်း ချမပြခဲ့ပါဘူး။ ကိုယ်တိုင်ပင်ပင်ပန်းပန်းလုပ်ထားတဲ့ဟာမို့ပါ။ထုံးစံအတိုင်းပရီးမီးယားလိဂ်ထဲစဝင်မွှေကြတာပေါ့။

အင်္ဂလန်ပရီးမီးယားလိဂ်မှာလိဒ်-လီဗာပူးတစ်ပွဲပဲရှိတယ်။ဘော်ဒီစျေးမှာ လီဗာပူးဘက်ကနေ ၁+၃၅စတင်ခဲ့ရာက လက်ရှိနေ့လည် ၁၂နာရီအချိန် ၁+၄၅ဆိုတော့ သိပ်မပြောင်းလဲဘူး။ ဂိုးပေါင်းစျေးကလည်း ၃-၃၅ကနေ ၃-၁၅တဲ့။အဲဒီတော့စပိန်လာလီဂါထဲခြေဆက်လှမ်းမိလိုက်တယ်။ လာလီဂါမှာတော့ ၄ပွဲရှိနေတယ်ဗျ။ကြေးအနေအထားတစ်ချက်ကြည့်လိုက်တော့မလှုပ်မယှက်။ဒီလိုနဲ့ပဲ အီတလီစီးရီးအေထဲ ခပ်မြန်မြန်ပဲ ရောက်လာခဲ့ရပါတယ်။စီးရီးအေမှာတော့ တနင်္ဂနွေထုံးစံအတိုင်း စုစုပေါင်း ၆ပွဲတောင် ရှိနေတယ်။

တိုရီနို-ဆလာနီတာနာပွဲရဲ့ဂိုးပေါင်းကြေးအပြောင်းကို ရှာတွေ့မိတယ်။ စတင်စျေး ၃+၆၀ ရှိခဲ့တဲ့စျေးဟာ ဒီနေ့နေ့လည် ၁၂ခွဲမှာတော့ ၂ဂိုးအရှုံးနားထိ ချဉ်းကပ်လာတယ်။တော်တော်လေးကို ကျရိပ်ပြလာနေတာပါ။တကယ်တော့ တိုရီနိုရော ဆလာနီတာနာပါ နှစ်သင်းစလုံး ဒီရာသီမှာ ခံစစ်ပိုင်းယိုယွင်းလွန်းပြီး တိုက်စစ်လည်း ဂိုးတွေသွင်းနေကြတာကြောင့် အခုလိုမျိုး ကြေးကျလာစရာအကြောင်းမရှိဘူး။အပြင်းစားလှည့်ကွက်ကြီးပါ။ အထူးသဖြင့် ဆလာနီတာနာရဲ့ လက်ရှိကစားဟန်က ကသိုင်းကရိုင်းနိုင်လွန်းလို့ ဂိုးနည်းဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းလွန်းတယ်။လှည့်ကွက်ကိုကျောခိုင်းရင်း တိုရီနိုပွဲဂိုးပေါင်းအပေါ်က ပထမဆုံးပစ်မှတ် ဖြစ်လာခဲ့ရပါပြီ။ အခြားပွဲတွေထူးခြားမှုမရှိလို့ ဂျာမန်ဘွန်ဒက်စ်လီဂါကိုသွားရအောင်။

ဘွန်ဒက်စ်လီဂါမှာစုစုပေါင်း ၃ပွဲရှိတဲ့ထဲကနေ ဘိုချမ်-ဟာသာဘာလင်ပွဲရဲ့ဘော်ဒီကြေးပြောင်းတစ်ခုပဲရှာတွေ့မိတယ်။ ဒါတောင်သတ်မှတ်စံချိန်ပြား၅၀မပြည့်ပါဘူး။ရွေးချယ်စရာနည်းလွန်းနေပြီး ကြေးဆင်းသွားပုံကိုလည်းသဘောကျလို့ ရွေးချယ်ပေးလိုက်တာပါ။ကနဦးမှာ ဟာသာဘာလင်ဘက်ကနေသရေ ၃၀ရှုံး အကျောပေးခဲ့ပြီး လက်ရှှိမှာတော့ ဒဲ့စျေးဖြစ်လာတယ်။စျေးဆင်းလာပုံကိုကြည့်ပြီး ဘိုချမ်ကို အထင်ကြီးရတော့မှာလား။ရာသီအဖွင့် ၃ပွဲစလုံးဟာသာဘာလင်ရှုံးခဲ့တာမှန်ပေမယ့် ပွဲကျပ်တာကြောင့်ဆိုတာကိုလည်း မမေ့ကြပါနဲ့။

နောက်ပြီးတော့ ဟာသာဘာလင်ဆိုတာ ခံစစ်ယိုယွင်းပေမယ့် တိုက်စစ်မဆိုးလှတဲ့အသင်းပါ။တန်းတက်ဘိုချမ်ဆိုတာက ခြေစွမ်းနိမ့်ကျလှတဲ့အသင်းဖြစ်ပြီး အိမ်ကွင်းရာသီအဖွင့်မှာ မိန့်ဇ်ကို နိုင်လိုက်တယ်ဆိုတာကလည်း ပြိုင်ဘက်ရဲ့ကချော်ကချွတ်နိုင်မှုကြောင့်ဖြစ်တယ်။အဲဒီတော့အခုပွဲမှာအိမ်ကွင်းဆိုပေမယ့်လည်းဘိုချမ်အတွက်သိပ်ပြီးမလွယ်နိုင်ဘူး။အနိမ့်ဆုံးသရေတစ်မှတ်အရယူနိုင်စွမ်းရှိပြီးအနိုင်ရလဒ်လည်းရှာဖွေသွားနိုင်တဲ့ဟာသာဘာလင်ကိုဒုတိယပစ်မှတ်အဖြစ် လှမ်းပစ်မိတယ်။

အဲဒီတော့ ဒီကနေ့ညစူပါဆန်းဒေးအတွက်စျေးကွက်အနေအထားအရပေါ်ထွက်လာတာနှစ်ကြောင်း။စီးရီးအေရပ်ဝန်းဆီကတိုရီနိုပွဲ ဂိုးပေါင်းအပေါ်၊ ဂျာမန်ဘွန်ဒက်စ်လီဂါက ဟာသာဘာလင်ဘော်ဒီတို့ ဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေ။