Best Choice Fighter (5)Sunday

Best Choice Fighter (5)Sunday

Tipster Thiri ShinnThant

F(2)Torino Vs Roma(-70,3+20)

အဆင့်(၁၇)ကတိုရီနိုဟာတန်းဆင်းဇုန်နဲ့ကပ်လျက်ဖြစ်နေသော်ငြားလက်ကျန်(၁)ပွဲကစားရဖို့ရှိနေပါသေးတယ်။အဆင့်(၇)ကယူရိုပါလိဒ်ပွဲပန်းထားတဲ့ရိုးမားရဲ့ဒီဇစ်ကိုတို့ လူတစ်သိုက်ဟာဥရောပပစ်မှတ်ဖြစ်တဲ့ချန်ပီယံလိဒ်ဝင်ခွင့်အတွက်အထူးကြိုးစားလာနိုင်ပါတယ်။

ယူရိုပါလိဒ်ဆီမီးဖိုင်နယ်ကိုဗီလာရီလ်ရဲလ်၊ယူနိုက်တက်၊အာဆင်နယ်တို့ ဟာရိုးမားနဲ့အတူတက်ရောက်သွားတာကြောင့်ဧည့်သည်အနေနဲ့ဘယ်အသင်းနဲ့ပဲ အကြိုဗိုလ်လုပွဲမှာတွေ့တွေ့မချောင်လှသလို ဗိုလ်လုပွဲရောက်ခဲ့ရင်တောင်ဒုတိယချန်ပီယံလောက်နဲ့သာကျေနပ်ရမယ့်သဘောပါ။ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုပေမယ့် ဤခန့်မှန်းမှု့ဟာစာရေးသူရဲ့အာဘော်သာ ဖြစ်ပါသည်။

အိမ်ရှင်တိုရီနိုဟာဘာလော့တီ၊ဇာဇာတို့လောက်သာ အားကိုးရပေမယ့် ဒီဘက်နှစ်မှာအဆိုပါတိုက်စစ်မှူးတွေရောကွင်းလယ်ကစားသမားတွေကပါ ရုန်း ကန်နေရတာကြောင့်တိုရီနိုဟာလက်ရှိအဆင့်မှာရပ်တည်နေခဲ့ရခြင်းပါ။သူတို့အသင်းကိုဖိအားပေးလာနိုင်တဲ့ အဆင့်(၁၈)နဲ့(၁၉)အသင်းတွေဖြစ်တဲ့ ကက်ကလီယာရီနဲ့ပါးမားဟာ ထိပ်တိုက်တွေ့နေရသလို၊သူ့အထက်ကဗန်နီဗန်တိုဟာဇယားအဆင့်(၆)ကလာဇီယိုနဲ့ထိပ်တိုက်ဆုံနေရလို့ ဘာရလာဒ်ပဲထွက်ထွက်တိုရီနိုရဲ့ရပ်တည်ချက်ဟာဒီပွဲစဉ်မှာသိပ်ပြီးတော့ပြဿနာမရှိလှပါဘူး။

ရိုးမားအနေနဲ့က အဆင့်(၃)နဲ့အဆင့်(၄)ဖြစ်တဲ့ အတ္တလန်တာနဲ့ဂျုဗင်တပ်ထိပ်တိုက်တွေ့ဆုံနေရခြင်း၊အဆင့်(၁)ကအင်တာမီလန်နှင့်အဆင့်(၅)ကနာပိုလီတို့ ထိပ်တိုက်တွေ့ဆုံနေမှု့၊အဆင့်(၆)ကလာဇီယိုနှင့်တန်းဆင်းဇုန်ကပ်လျက်အဆင့်(၁၆)ကဗန်နီဗန်တိုတို့ ထိပ်တိုက်ဆုံနေချိန်မှာသူနိုင်ကိုယ်နိုင်အပြိုင်ကျဲလိမ့်မယ်ပွဲတွေဖြစ်တာနှင့်အညီအဆိုပါ အခွင့်အရေးကိုအသုံးချတတ်ရင်ဖြင့်ဇယားထိပ်ပိုင်းနားကို ရောက်နိုင်သမျှ ချည်းကပ်ဖို့ရာအချိန်အခါကောင်းပါပဲ။စာရေးသူကတော့ပွဲစဉ်တွေတောက်လျှောက်ကန်နေရသော်ငြားကစားသမားအင်အားတောင့်တင်းသလိုပတ်ဒရို၊ဒီဇစ်ကို၊‌မက်ခီတာယန်းတို့ခြေစွမ်းပြနေသော ” Roma ” ကိုသာဖိုက်တာ(၂)အဖြစ် ‌အားပေးသင့်ပါကြောင်းအကြံပြုပါသည်။

zawgyi

Best Choice Fighter (5)

Tipster Thiri ShinnThant

F(2)Torino Vs Roma(-70,3+20)

