ဂိုးများများသွင်းတာကြည့်ချင်ရင် တိုရီနို-ဆမ်ဒိုးပွဲကိုကြည့်

စနေည အီတလီစီးရီးအေ ပွဲစဉ်-၁၁ ပွဲကြိုသုံးသပ်ချက်

တိုရီနို နှင့် ဆမ်ဒိုးရီးယား(ည ၁း၁၅)(ရွှေဘိုသား)

ကြားရက်ထဲမှာအေစီမီလန်ကိုတစ်လုံးသောဂိုးနဲ့ကပ်ရှုံးခဲ့တာဟာတိုရီနိုအတွက်နောက်ဆုံးစီးရီးအေ ၄ ပွဲမှာ၃ ပွဲမြောက်အရှုံးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့တိုရီနိုဟာအဲဒီ ၄ ပွဲမှာဂျူဗင်တပ်၊နာပိုလီနဲ့အေစီမီလန်တို့လိုအသင်းကြီးတွေကိုသာ ၁-၀ နဲ့ ရှုံးခဲ့တာဖြစ်ပြီးဂျီနိုအာကိုတော့နိုင်ခဲ့တာပါ။

ဆမ်ဒိုးရီးယားကလည်းလတ်တလောမှာရလဒ်မကောင်းဖြစ်နေပေမယ့်အပြန်အလှန်သွင်းဂိုးတွေနဲ့ တောက်လျှောက်ဂိုးပေါ်နေတဲ့အသင်းပါ။နောက် ပိုင်းနှစ်တွေအတွင်းတိုရီနိုအိမ်ကွင်းတွေ့ဆုံမှုတွေမှာအပြန်အလှန်ဂိုးတွေမြင်ခဲ့ရမှုအစဉ်အလာကိုသူတို့ဆက်ထိန်းမှာပါ။

zawgyi




