တော့တီရဲ့မှတ်တမ်းရုပ်ရှင် အီတလီအော်စကာဆုဆွတ်ခူး

ဖရန်ဆစ္စကိုတော့တီရဲ့ရုပ်ရှင်ဟာအီတလီရုပ်ရှင်လောကရဲ့အမြင့်မားဆုံးဆုဖြစ်တဲ့ David di Donatello ဆွတ်ခူးခဲ့ပါတယ်။အီတလီဗားရှင်းအော်စကာဆုပေးပွဲတွင်ဖရန်ဆစ္စကိုတော့တီရုပ်ရှင်ဟာမှတ်တမ်းရုပ်ရှင်ဇာတ်ကားဆုဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။

ရိုးမားဂန်ထဝငျကစားသမားဖရနျဆစ်စကိုတော့တီရဲ့အကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့မှတ်တမ်းရုပ်ရှင်အမည်က Mi Chiamo Francesco Totti ဖြစ်ပါတယ်။

Mi Chiamo Francesco Totti ကို ဒါရိုက်တာအဲလက်စ်အန်ဖက်စ်ဆယ်လီကရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီးအီတလီတွင်သာမကနိုင်ငံခြားတွင်လည်းပြသခဲ့ပါတယ်။

အဆိုပါမှတ်တမ်းရုပ်ရှင်တွင်ဖရန်ဆစ္စကိုတော့တီရဲ့ဟာသများပြည့်နှက်နေတဲ့နေထိုင်မှုဘဝ၊နည်းပြလူစီယာနိုစပယ်လက်တီနှင့်ပြဿနာတက်ခဲ့မှု၊ရိုးမားကစားသမားဘဝနောက်ဆုံးနှစ်များကိုအဓိကအသားပေး တင်ဆက်ထားတာဖြစ်ပါတယ်။ဖရန်ဆစ္စကိုတော့တီဟာကစားသမားဘဝတစ်ခုလုံးကိုရိုးမားတွင်ကုန်ဆုံးခဲ့သူဖြစ်ပါတယ်။

zawgyi





