ချဲလ်ဆီးနှင့်သမိုင်းမှတ်တမ်းရေးထိုးရန်နည်းပြတူချယ်ပစ်မှတ်ထား

ချဲလ်ဆီးဟာဗုဒ္ဓဟူးနေ့တုန်းကရီးရဲလ်မက်ဒရစ်ကိုနှစ်ကျော့ပေါင်းရလဒ်၃-၁ဖြင့်အနိုင်ရရှိကာချန်ပီယံလိဂ်ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ပြီးနောက်အက်ဖ်အေဖလားနှင့်ချန်ပီယံလိဂ်ဖလားတို့အားတစ်ပြိုင်တည်းဆွတ်ခူးကာသမိုင်းမှတ်တမ်းရေးထိုးရန်ပစ်မှတ်ထားနေပါတယ်။

ချဲလ်ဆီးဟာတီမိုဝါနာ၊မေဆင်မောင့်တို့ရဲ့ဂိုးများဖြင့်ရီးရဲလ်မက်ဒရစ်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးနှစ်ကျော့ပေါင်းရလဒ်၃-၁ဖြင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ပါတယ်။၎င်းတို့ဟာချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ပရီးမီးယားလိဂ်ပြိုင်ဘက်မန်စီးတီးအသင်းနှင့်ရင်ဆိုင်ကစားရပါမယ်။

ချဲလ်ဆီးဟာအက်ဖ်အေဖလားဗိုလ်လုပွဲသို့လည်းတက်ရောက်ထားပြီးမေလ၁၅ရက်နေ့မှာဝင်ဘာလေကွင်းတွင်လက်စတာစီးတီးနှင့်ရင်ဆိုင်ကစားရပါမယ်။၎င်းတို့ဟာချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ်မေလ၂၉ရက်နေ့မှာမန်စီးတီးနှင့်ရင်ဆိုင်ကစားရပါမယ်။

တူချယ်က “မပြီးဆုံးသေးပါဘူး။အစ္စတန်ဘူလ်သို့အနိုင်ယူဖို့သွားရပါဦးမယ်။အလုပ်ကမပြီးဆုံးသေးပါဘူး။အခုကျွန်တော်တို့မှာဗိုလ်လုပွဲနှစ်ပွဲကစားဖို့ရှိနေပါတယ်”လို့ပြောကြားသွားပါတယ်။

ချဲလ်ဆီးဟာချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ရင်ဆိုင်ကစားရမယ့်မန်စီးတီးနှင့်ယခုအပတ်မှာပရီးမီးယားလိဂ်ပွဲစဉ်အဖြစ်ရင်ဆိုင်ကစားရပါမယ်။၎င်းတို့ဟာပြီးခဲ့တဲ့လတုန်းကမန်စီးတီးကိုအနိုင်ယူကာအက်ဖ်အေဖလားဗိုလ်လုပွဲသို့တက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။

တူချယ်က “ဆီမီးဖိုင်နယ်ပွဲရလဒ်ကလာမယ့်ပွဲမှာကျွန်တော်တို့ကိုအသာစီးမရရှိစေပါဘူး။ဒါပေမယ့်ယင်းပွဲရလဒ်ကကျွန်တော်တို့ကိုယုံကြည်မှုနဲ့ကောင်းမွန်တဲ့ခံစားမှုပေးပါတယ်”လို့ပြောကြားသွားပါတယ်။

zawgyi

ခ်ဲလ္ဆီးႏွင့္သမိုင္းမွတ္တမ္းေရးထိုးရန္နည္းျပတူခ်ယ္ပစ္မွတ္ထား

ခ်ဲလ္ဆီးဟာဗုဒၶဟူးေန႔တုန္းကရီးရဲလ္မက္ဒရစ္ကိုႏွစ္ေက်ာ့ေပါင္းရလဒ္၃-၁ျဖင့္အႏိုင္ရရွိကာခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ခဲ့ၿပီးေနာက္အက္ဖ္ေအဖလားႏွင့္ခ်န္ပီယံလိဂ္ဖလားတို႔အားတစ္ၿပိဳင္တည္းဆြတ္ခူးကာသမိုင္းမွတ္တမ္းေရးထိုးရန္ပစ္မွတ္ထားေနပါတယ္။

ခ်ဲလ္ဆီးဟာတီမိုဝါနာ၊ေမဆင္ေမာင့္တို႔ရဲ႕ဂိုးမ်ားျဖင့္ရီးရဲလ္မက္ဒရစ္ကို၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးႏွစ္ေက်ာ့ေပါင္းရလဒ္၃-၁ျဖင့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ခဲ့ပါတယ္။၎တို႔ဟာခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ပရီးမီးယားလိဂ္ၿပိဳင္ဘက္မန္စီးတီးအသင္းႏွင့္ရင္ဆိုင္ကစားရပါမယ္။

ခ်ဲလ္ဆီးဟာအက္ဖ္ေအဖလားဗိုလ္လုပြဲသို႔လည္းတက္ေရာက္ထားၿပီးေမလ၁၅ရက္ေန႔မွာဝင္ဘာေလကြင္းတြင္လက္စတာစီးတီးႏွင့္ရင္ဆိုင္ကစားရပါမယ္။၎တို႔ဟာခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျဖစ္ေမလ၂၉ရက္ေန႔မွာမန္စီးတီးႏွင့္ရင္ဆိုင္ကစားရပါမယ္။

တူခ်ယ္က “မၿပီးဆုံးေသးပါဘူး။အစၥတန္ဘူလ္သို႔အႏိုင္ယူဖို႔သြားရပါဦးမယ္။အလုပ္ကမၿပီးဆုံးေသးပါဘူး။အခုကြၽန္ေတာ္တို႔မွာဗိုလ္လုပြဲႏွစ္ပြဲကစားဖို႔ရွိေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ခ်ဲလ္ဆီးဟာခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ရင္ဆိုင္ကစားရမယ့္မန္စီးတီးႏွင့္ယခုအပတ္မွာပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ရင္ဆိုင္ကစားရပါမယ္။၎တို႔ဟာၿပီးခဲ့တဲ့လတုန္းကမန္စီးတီးကိုအႏိုင္ယူကာအက္ဖ္ေအဖလားဗိုလ္လုပြဲသို႔တက္ေရာက္ခဲ့တာလည္းျဖစ္ပါတယ္။

တူခ်ယ္က “ဆီမီးဖိုင္နယ္ပြဲရလဒ္ကလာမယ့္ပြဲမွာကြၽန္ေတာ္တို႔ကိုအသာစီးမရရွိေစပါဘူး။ဒါေပမယ့္ယင္းပြဲရလဒ္ကကြၽန္ေတာ္တို႔ကိုယုံၾကည္မႈနဲ႔ေကာင္းမြန္တဲ့ခံစားမႈေပးပါတယ္”လို႔ေျပာၾကားသြားပါတယ္။