နည်းပြတူချယ်ကို အေဘရာဟမ်ချစ်သူဝေဖန်

တမ်မီအေဘရာဟမ်ရဲ့ချစ်သူလီယာမွန်ရိုးဟာချဲလ်ဆီးတိုက်စစ်မှူးကိုအက်ဖ်အေဖလားဗိုလ်လုပွဲအတွက်လူစာရင်းမှာချန်လှပ်ထားခဲ့မှုနဲ့အတူနည်းပြသောမတ်စ်တူချယ်ကိုအပြင်းအထန်ဝေဖန်ခဲ့ပါတယ်။မွန်ရိုးဟာဆိုရှယ်မီဒီယာမှာပို့စ်တင်ပြီးဝေဖန်ခဲ့ပေမယ့်လည်းပြန်လည်ဖျက်ပစ်ခဲ့ပါတယ်။

အေဘရာဟမ်ဟာယခုရာသီမှာအက်ဖ်အေဖလားပြိုင်ပွဲမှာလေးဂိုးအထိသွင်းယူထားနိုင်ပါတယ်။ဒါပေမယ့်လည်းသူဟာဇန်နဝါရီမှာသောမတ်စ်တူချယ်ရောက်လာပြီးနောက်ချဲလ်ဆီးမှာတဖြည်းဖြည်းအရေးပါမှုနည်းပါးလာခဲ့ပါတယ်။

အေဘရာဟမ်ကိုအက်ဖ်အေဖလားဗိုလ်လုပွဲမှာအရန်ခုံမှာပို့ထားမှုအပေါ်မွန်ရိုးက “ဂိုးအများဆုံးသွင်းယူထားတဲ့သူတစ်ဦးကိုဗိုလ်လုပွဲမှာအရန်ခုံပို့ထားရလောက်အောင်ကမ္ဘာကြီးကဘာတွေဖြစ်နေလဲ။တစ်ဦးတည်းကဂိုးတွေကြောင့်သာမဟုတ်ရင်ဒီပြိုင်ပွဲမှာဒီအဆင့်သို့ရောက်လာနိုင်ပါ့မလား။တကယ့်ကိုအဓိပ္ပါယ်မရှိတာပဲ”လို့ပြောကြားသွားခဲ့ပါတယ်။

သောမတ်စ်တူချယ်ရဲ့ချဲလ်ဆီးဟာမနေ့ညတုန်းကအက်ဖ်အေဖလားဗိုလ်လုပွဲမှာလက်စတာကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ကာဒုတိယဖြင့်သာကျေနပ်ခဲ့ရပါတယ်။

မီဒီယာမြားရဲ့ဖောျပွခကြျအရအငျ်ဂလန်တိုက်စစ်မှူးအေဘရာဟမ်ဟာသောမတ်စ်တူချယ်ရဲ့စီမံကိန်းတွင်ပါဝင်ခြင်းမရှိမှုနဲ့အတူလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ချဲလ်ဆီးမှထွက်ခွာဖွယ်ရှိနေကြောင်းသိရပါတယ်။

 

zawgyi






မီဒီယာမြားရဲ့ဖျောပွခကျြအရအင်ျဂလန်တိုက်စစ်မှူးအေဘရာဟမ်ဟာသောမတ်စ်တူချယ်ရဲ့စီမံကိန်းတွင်ပါဝင်ခြင်းမရှိမှုနဲ့အတူလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ချဲလ်ဆီးမှထွက်ခွာဖွယ်ရှိနေကြောင်းသိရပါတယ်။