နောက်ဆုံးတွေ့ဆုံကြစဉ်ကအတိုင်း

ကြာသပတေးည ပြင်သစ်လီဂူး တန်းတက်ပလေးအော့ဖ် ပထမအကျော့ ပွဲကြိုသုံးသပ်ချက်

တူးလော့စ် နှင့် နန့်တက်စ် (ည ၁း၁၅)(ဖိုးရာဇာ)

လီဂူး ၁ရဲ့အဆင့် ၁၈နေရာကနန့်တက်စ်နဲ့လီဂူး ၂ရဲ့ အဆင့် ၃နေရာကတူးလော့စ်တို့ယှဉ်ပြိုင်ရမှုပါ။ရာသီသိမ်းနောက်ဆုံးပွဲစဉ်မှာမောင့်ပယ်လီယာကို အရေးနိမ့်လိုက်ပေမယ့်နန့်တက်စ်ရဲ့ခြေစွမ်း မဆိုးရွားခဲ့ပါဘူး။

အဲဒီပွဲမတိုင်ခင်နိုင်ပွဲတွေဆက်တိုက်ရရှိလို့သာနန့်တက်စ်တန်းမဆင်းရဘဲပလေးအော့ဖ်ကစားခွင့်ရရှိခဲ့တာဖြစ်တယ်။ခံစစ်ပိုင်းအနည်းငယ်ယိုယွင်းပေမယ့် ကူလီဘာလီ၊ မူအာနီ၊ ဘလက်စ်တို့ အတွဲအဖက်မိမှုနဲ့အတူနန့်တက်စ်တိုက်စစ်ကတော့ဂိုးသွင်းအားမဆိုးပါဘူး။တူးလော့စ်ဟာဆိုရင်လည်းတိုက်စစ်ပိုင်း ဂိုးမြူးလှတဲ့အသင်းပါ။

အိမ်ကွင်းဆိုရင်တူးလော့စ်တိုက်စစ်ကဂိုးသွင်းအားစိတ်ချရပါတယ်။ဒါပေမဲ့ ခံစစ်ကြောင်းကတော့နန့်တက်စ်လိုတိုက်စစ်ထက်မြက်တဲ့ပြိုင်ဘက်တွေဘက်ကိုဂိုးပေးရစမြဲပါပဲ။အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့များလို့နောက်ဆုံးတွေ့ဆုံကြစဉ်ကအတိုင်းဂိုးပေါင်းအပေါ်ကိုပုံအောရမယ်။

zawgyi




