တူရကီလိဂ်ပွဲတွင် သွေးပူလေ့ကျင့်ခန်းအစီအစဉ်တွင် အသင်းတိုက်ခိုက်ခံရပြီးနောက် ပရိသတ်များ ကွင်းထဲသို့ မီးရှူးများနှင့်ဓားပစ်ပေါက်ခဲ့ပေမဲ့ ပွဲပြီးအောင်ကစားခဲ့

ဘော်ဆာစပေါ်နှင့်အေမက်စပေါ်တို့ရဲ့ပွဲစဉ်မတိုင်မီနှင့်ပွဲကစားချိန်အတွင်းတွင်ပရိသတ်နှင့်ကစားသမားတို့ဆူပူသောင်းကျန်းမှုများပြုလုပ်ခဲ့ပေမဲ့ပွဲကိုပြီး ဆုံးအောင်ကစားသွားခဲ့တာတွေ့ရပါတယ်။

အွန်လိုင်းတွင်ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်အရပရိသတ်များဟာကွင်းအတွင်းသို့ရေဗူးများ၊မီးရှူးများဖြင့်ပစ်ပေါက်ခဲ့သလိုကွင်းအတွင်းပစ်ပေါက်တဲ့အရာတွေထဲမှာဓားတစ်ချောင်းလည်းပါဝင်တာတွေ့ရပါတယ်။

ဒါ့အပြင်အဆိုပါပွဲစဉ်အတွင်းတွင်အိမ်ရှင်ပရိသတ်များဟာကော်ဒစ်ရှ်ဆန့်ကျင့်ရေးစာသားကိလည်းသံပြိုင်အော်ဟစ်ခဲ့ကြောင်းစွပ်စွဲခံထားရပါတယ်။

အေမက်စပေါ်အသင်းရဲ့အင်စတာဂရမ်အကောင့်တွင်တင်ထားတဲ့ဗီဒီယိုဖိုင်အရဘော်ဆာစပေါ်ကစားသမားများဟာကွင်းအတွင်းဝင်ရောက်လာပြီးနောက်သွေးပူလေ့ကျင့်ခန်းပြုလုပ်နေတဲ့အေမက်စပေါ်ကစားသမားများကိုတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။

ပွဲမတိုင်မီရန်ဖြစ်တိုက်ခိုက်မှုဖြစ်ခဲ့ပေမဲ့လည်းပွဲကိုစီစဉ်ထားတဲ့အတိုင်းကစားသွားခဲ့ပါတယ်။

ဒါပေမဲ့ပွဲကစားချိန်မိနစ်၉၀အတွင်းတွင်ပရိသတ်များဟာကွင်းအတွင်းသို့မီးရှူးများဖြင့်အဆက်မပြတ်ပစ်လွှတ်ခဲ့ကြပါတယ်။ပရိသတ်များပစ်ပေါက်တဲ့အရာတွေထဲမှာဓားတစ်ချောင်းလည်းပါဝင်ပါတယ်။

တူရကီမီဒီယာများရဲ့ဖော်ပြချက်အရပွဲအပြီးတွင်လည်းအေမက်စပေါ်ကစားသမားများဟာ ဘော်ဆာစပေါ်အသင်းရဲ့တိုက်ခိုက်မှုခံခဲ့ရသေးကြောင်းသိရပါတယ်။

ZawGyi

တူရကီလိဂ္ပြဲတြင္ ေသြးပူေလ့က်င့္ခန္းအစီအစဥ္တြင္ အသင္းတိုက္ခိုက္ခံရၿပီးေနာက္ ပရိသတ္မ်ား ကြင္းထဲသို႔ မီးရႉးမ်ားႏွင့္ဓားပစ္ေပါက္ခဲ့ေပမဲ့ ပြဲၿပီးေအာင္ကစားခဲ့

ေဘာ္ဆာစေပၚႏွင့္ေအမက္စေပၚတို႔ရဲ႕ပြဲစဥ္မတိုင္မီႏွင့္ပြဲကစားခ်ိန္အတြင္းတြင္ပရိသတ္ႏွင့္ကစားသမားတို႔ဆူပူေသာင္းက်န္းမႈမ်ားျပဳလုပ္ခဲ့ေပမဲ့ပြဲကိုၿပီးဆုံးေအာင္ကစားသြားခဲ့တာေတြ႕ရပါတယ္။

အြန္လိုင္းတြင္ထြက္ေပၚလာတဲ့ဗီဒီယိုဖိုင္အရပရိသတ္မ်ားဟာကြင္းအတြင္းသို႔ေရဗူးမ်ား၊မီးရႉးမ်ားျဖင့္ပစ္ေပါက္ခဲ့သလိုကြင္းအတြင္းပစ္ေပါက္တဲ့အရာေတြထဲမွာဓားတစ္ေခ်ာင္းလည္းပါဝင္တာေတြ႕ရပါတယ္။

ဒါ့အျပင္အဆိုပါပြဲစဥ္အတြင္းတြင္အိမ္ရွင္ပရိသတ္မ်ားဟာေကာ္ဒစ္ရွ္ဆန႔္က်င့္ေရးစာသားကိလည္းသံၿပိဳင္ေအာ္ဟစ္ခဲ့ေၾကာင္းစြပ္စြဲခံထားရပါတယ္။

ေအမက္စေပၚအသင္းရဲ႕အင္စတာဂရမ္အေကာင့္တြင္တင္ထားတဲ့ဗီဒီယိုဖိုင္အရေဘာ္ဆာစေပၚကစားသမားမ်ားဟာကြင္းအတြင္းဝင္ေရာက္လာၿပီးေနာက္ေသြးပူေလ့က်င့္ခန္းျပဳလုပ္ေနတဲ့ေအမက္စေပၚကစားသမားမ်ားကိုတိုက္ခိုက္ခဲ့ေၾကာင္းသိရပါတယ္။

ပြဲမတိုင္မီရန္ျဖစ္တိုက္ခိုက္မႈျဖစ္ခဲ့ေပမဲ့လည္းပြဲကိုစီစဥ္ထားတဲ့အတိုင္းကစားသြားခဲ့ပါတယ္။

ဒါေပမဲ့ပြဲကစားခ်ိန္မိနစ္၉၀အတြင္းတြင္ပရိသတ္မ်ားဟာကြင္းအတြင္းသို႔မီးရႉးမ်ားျဖင့္အဆက္မျပတ္ပစ္လႊတ္ခဲ့ၾကပါတယ္။ပရိသတ္မ်ားပစ္ေပါက္တဲ့အရာေတြထဲမွာဓားတစ္ေခ်ာင္းလည္းပါဝင္ပါတယ္။

တူရကီမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရပြဲအၿပီးတြင္လည္းေအမက္စေပၚကစားသမားမ်ားဟာ ေဘာ္ဆာစေပၚအသင္းရဲ႕တိုက္ခိုက္မႈခံခဲ့ရေသးေၾကာင္းသိရပါတယ္။