ဒီပွဲလည်း ဂိုးနည်းဦးမှာ

ကြာသပတေးည အာရှဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယူအေအီး နှင့် အီရန် (ည ၁၁း၁၅)(အိုဇုန်း)

အရှုံးမရှိရလဒ်တွေဆက်တိုက်ရှာဖွေထားနိုင်တဲ့ယူအေအီးရဲ့ခြေစွမ်းကအားရစရာပါ။ အထူးသဖြင့်အိမ်ကွင်းဆိုရင်ယူအေအီးခံစစ်ကြောင်းကလုံခြုံလွန်းပြီးတော်ရုံတိုက်စစ်လောက်ကိုထိန်းချုပ်ဟန့်တားနိုင်စွမ်းရှိနေတယ်။

အီရန်ကလည်းနိုင်ပွဲတွေဆက်နေတယ်ဆိုတာခံစစ်ကြောင်းလုံခြုံလွန်းပြီးသူတို့တိုက်စစ်ကတစ်ဂိုးဆိုဆိုသလောက်အနိုင်ရလဒ်ထိန်းကစားနိုင်စွမ်းရှိလို့ပါ။အခုပွဲမှာနှစ်သင်းစလုံးထိန်းကစားလာနိုင်ပြီးကွင်းလယ်နဲ့ခံစစ်အပြိုင်အဆိုင်မာကျောမှုကိုအထင်းသားမြင်ရနိုင်တယ်။ ဒီပွဲလည်းဂိုးနည်းဦးမှာပါ။

zawgyi




