ဂျူဗင်တပ်ကို အယ်လီဂရီကြောင့်ပဲ ယုံလိုက်မယ်

တနင်္ဂနွေည အီတလီစီးရီးအေ ပွဲစဉ်-၁ ပွဲကြိုသုံးသပ်ချက်

အူဒီးနီးစ် နှင့် ဂျူဗင်တပ် (ည ၁၁းဝဝ)(အိုဇုန်း)

အင်တာမီလန်ကိုဖလားပေးလိုက်ရလို့ အောင်မြင်မှုတစ်ခေတ်ပြန်ထူထောင်ရေးနည်းပြယ်အလီဂရီဟာဂျူဗင်တပ်ကိုတစ်ကျော့ပြန်ရောက်ခဲ့တယ်။

မနှစ်ကအဆင့် (၄)သာရခဲ့တဲ့အတွက်ငါးနှစ်ဆက်ဖလားယူပေးခဲ့တဲ့အယ်လီဂရီကိုပြန်ခေါ်ခဲ့ရာမှာရာသီကြိုခြေစမ်းပွဲရလဒ်တွေကတော့အထင်ကြီးစရာပါပဲ။

နောက်ဆုံးသုံးပွဲမှာတင်ဂျူဗင်တပ်ဟာ ၁၀ဂိုး သွင်းခဲ့လို့ အကောင်းဆုံးအသင်းပြန်လာမလာစောင့်ကြည့်ရမယ်။ အူဒီးနီးစ်နဲ့နောက်ဆုံးရှစ်ပွဲမှာခုနစ်ပွဲနိုင်ထားတဲ့ဂျူဗင်တပ်ကိုအယ်လီဂရီကြောင့်ပဲယုံလိုက်ပါမယ်။

zawgyi




