”နိုင်လည်းနိုင်မယ် ပေါ်လည်းပေါ်မယ်”
ဗုဒ္ဓဟူးည အီတလီစီးရီးအေ ပွဲစဉ်-၁၀ ပွဲကျန် ပွဲကြိုသုံးသပ်ချက်
အူဒီးနီးစ် နှင့် အတ္တလန္တာ (ည ၈:၃၀)(မြန်မာပြည်ဂုရု)
တန်းဆင်းဇုန်ကိုတဖြည်းဖြည်းချင်းမျက်စောင်းထိုးလာနေတဲ့အူဒီးနီးစ်ရဲ့အနေအထားကစိတ်ပျက်စရာအရမ်းကောင်းလှတယ်။တိုက်စစ်ပိုင်းကပုံမှန်ဂိုးသွင်းအားရှိနေပေမယ့်လည်းအူဒီးနီးစ်ခံစစ်ကြောင်းကတော့ဟောင်းလောင်းကြီးပွင့်နေပြီးဘယ်အသင်းနဲ့ပဲဖြစ်ဖြစ်ဂိုးအလှူပေးနေရတယ်။
အမှားများလွန်းတဲ့ခံစစ်ကြောင်းကိုပြင်ဆင်နိုင်ခြင်းမရှိသေးတာကြောင့်လည်းအခုလိုမျိုး အူဒီးနီးစ်ရဲ့ရလဒ်တွေယိုယွင်းနေရတာပါ။အတ္တလန္တာကတော့ အသင်းလိုက်စုဖွဲ့အားမာကျောထက်မြက်လွန်းပြီး ရှေ့၊ လယ်၊ နောက် အပြစ်ပြောစရာမရှိပါဘူး။
ဇာပါတာနာနေပေမယ့်မူရီရယ်၊ ဂိုဆန်းတို့ရှိနေတာကြောင့်အတ္တလန္တာတိုက်စစ်ကဂိုးရဖို့ စိတ်ချရပါတယ်။အူဒီးနီးစ်အနေနဲ့အိမ်ရှင်ဆိုပေမယ့်လည်း အတ္တလန္တာတိုက်စစ်ကိုထိန်းချုပ်နိုင်စွမ်းမရှိလောက်ဘူး။
တစ်ဂိုးနိုင်ရင်ပဲ ၆၅ရမယ့် အတ္တလန္တာကို ရွေးချယ်တာ အမှန်ကန်ဆုံးလုပ်ရပ်ဖြစ်မှာပါ။ဂိုးပေါင်းစျေး ၃+၄၅ဖွင့်လှစ်ထားမှုမှာ ဂိုးပေါ်ကိုလည်း ကစားသင့်တယ်။တွေ့ခဲ့တဲ့ နောက်ဆုံး ၅ပွဲတုန်းကလိုပဲ အတ္တလန္တာ နိုင်ပါမယ်။ ပြီးတော့ ဂိုးပေါ်ပါမယ်။
zawgyi