UEFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်းတွင် ဂျော်ဂျင်ဟို၊ဒီဘရိုင်းနှင့်ကန်တီပါဝင်လာပြီး မက်ဆီမပါဝင်

ယူအီးအက်ဖ်အေဟာယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက်နောက်ဆုံးဆန်ကာတင်စာရင်းထုတ်ပြန်ကြေညာလာပါတယ်။

ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံး(အမျိုးသား)ဆုအတွက်နောက်ဆုံးဆန်ကာတင်သုံးဦးစာရင်းတွင်ချဲလ်ဆီးမှဂျော်ဂျင်ဟို၊အန်ဂိုလိုကန်တီနှင့်မန်စီးတီးမှကီဗင်ဒီဘရိုင်းတို့ပါဝင်လာပါတယ်။

အဆိုပါအလယ်တန်းကစားသမားသုံးဦးတို့ဟာမဲအများဆုံးရရှိခဲ့ပြီးယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက်နောက်ဆုံးဆန်ကာတင်စာရင်းတွင်ပါဝင်လာခဲ့ကြတာဖြစ်ပါတယ်။

 

မက်ဆီဟာအာဂျင်တီးနားနှင့်အတူကိုပါအမေရိကဖလား၊ဘာစီလိုနာနှင့်အတူစပိန်ကိုပါဒယ်ရေးဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်းမဲအများဆုံးစာရင်းမှာအဆင့်၄နေရာမှာရပ်တည်ပြီး နောက်ဆုံးဆန်ကာတင်စာရင်းမှာမပါဝင်ခဲ့ပါဘူး။လီဝန်ဒေါ့စကီး၊ဒွန်နာရမ်မာ၊ဘက်ပေး၊စတာလင်း၊ခရစ္စတီယာနိုရော်နယ်ဒို၊အာလင်းဟာလန်းတို့မှာလည်းမက်ဆီကဲ့သို့နောက်ဆုံးဆန်ကာတင်စာရင်းမှာမပါဝင်ဘဲမဲအများဆုံးရရှိတဲ့၁၀ဦးစာရင်းထဲမှာသာပါဝင်ခဲ့ပါတယ်။

လက်ရှိအချိန်တွင်ချဲလ်ဆီးနှင့်အတူချန်ပီယံလိဂ်ဖလား၊ဥရောပစူပါဖလား၊အီတလီနှင့်အတူယူရို၂၀၂၀ဖလားတို့ဆွတ်ခူးထားတဲ့ဂျော်ဂျင်ဟိုကထိပ်ဆုံးမှရေပန်းအစားဆုံးဖြစ်နေပါတယ်။

ဒါ့အပြင်ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးနည်းပြအဆုအတွက်ဆန်ကာတင်စာရင်းတွင်ကလပ်နည်းပြများအဖြစ်ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်၊မန်စီးတီးနည်းပြဂွါဒီယိုလာနှင့်အီတလီကိုယူရို၂၀၂၀ဖလားဆွတ်ခူးပေးထားတဲ့အီတလီနည်းပြရောဘတ်တိုမန်စီနီတို့ပါဝင်ခဲ့ပါတယ်။

ယူအီးအက်ဖ်အေဟာနေရာအလိုက်အကောင်းဆုံးဆုများအတွက်ဆန်ကာတင်စာရင်းကိုလည်းထုတ်ပြန်ကြေညာခဲ့ပါတယ်။

အကောင်းဆုံးဂိုးဆုအတွက်ဆန်ကာတင်စာရင်းတွင်ကော့တွိုက်စ်(ရီးရဲလ်)၊အီဒါဆင်(မန်စီးတီး)၊မင်ဒီ(ချဲလ်ဆီး)တို့ပါဝင်ခဲ့ပြီးအကောင်းဆုံးနောက်တန်းဆုအတွက်ဆန်ကာတင်စာရင်းတွင်အက်ဇ်ပီလီကူတာ(ချဲလ်ဆီး)၊ရူဘင်ဒိုင်ယက်စ်(မန်စီးတီး)နှင့်ရူဒီဂါ(ချဲလ်ဆီး)တို့ပါဝင်ခဲ့ပါတယ်။

အကောင်းဆုံးအလယ်တန်းကစားသမားဆုအတွက်ဆန်ကာတင်စာရင်းတွင်တစ်နှစ်တာအကောင်းဆုံးဆုအတွက်ဆန်ကာတင်စာရင်းတွင်ပါဝင်တဲ့ကီဗင်ဒီဘရိုင်း၊ဂျော်ဂျင်ဟို၊ကန်တီတို့ပင်ထပ်မံလုရပါမယ်။

အကောင်းဆုံးတိုက်စစ်မှူးဆုအတွက်ဆန်ကာတင်စာရင်းတွင်ဟာလန်း(ဒေါ့မွန်)၊လီဝန်ဒေါ့စကီး(ဘိုင်ယန်)၊ဘက်ပေး(ပီအက်စ်ဂျီ)တို့ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင်ယူရိုပါတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက်ဆန်ကာတင်စာရင်းတွင်ကာဗာနီ(မန်ယူ)၊ဘရူနိုဖာနန်ဒက််စ်(မန်ယူ)နှင့်မိုရီနို(ဗီလာရီးရဲလ်)တို့ပါဝင်ခဲ့ပါတယ်။

ZawGyi

UEFA တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုအတြက္ ဆန္ကာတင္စာရင္းတြင္ ေဂ်ာ္ဂ်င္ဟို၊ဒီဘ႐ိုင္းႏွင့္ကန္တီပါဝင္လာၿပီး မက္ဆီမပါဝင္

ယူအီးအက္ဖ္ေအဟာယူအီးအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုအတြက္ေနာက္ဆုံးဆန္ကာတင္စာရင္းထုတ္ျပန္ေၾကညာလာပါတယ္။

ယူအီးအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံး(အမ်ိဳးသား)ဆုအတြက္ေနာက္ဆုံးဆန္ကာတင္သုံးဦးစာရင္းတြင္ခ်ဲလ္ဆီးမွေဂ်ာ္ဂ်င္ဟို၊အန္ဂိုလိုကန္တီႏွင့္မန္စီးတီးမွကီဗင္ဒီဘ႐ိုင္းတို႔ပါဝင္လာပါတယ္။

အဆိုပါအလယ္တန္းကစားသမားသုံးဦးတို႔ဟာမဲအမ်ားဆုံးရရွိခဲ့ၿပီးယူအီးအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုအတြက္ေနာက္ဆုံးဆန္ကာတင္စာရင္းတြင္ပါဝင္လာခဲ့ၾကတာျဖစ္ပါတယ္။

မက္ဆီဟာအာဂ်င္တီးနားႏွင့္အတူကိုပါအေမရိကဖလား၊ဘာစီလိုနာႏွင့္အတူစပိန္ကိုပါဒယ္ေရးဆြတ္ခူးႏိုင္ခဲ့ေပမယ့္လည္းမဲအမ်ားဆုံးစာရင္းမွာအဆင့္၄ေနရာမွာရပ္တည္ၿပီး ေနာက္ဆုံးဆန္ကာတင္စာရင္းမွာမပါဝင္ခဲ့ပါဘူး။လီဝန္ေဒါ့စကီး၊ဒြန္နာရမ္မာ၊ဘက္ေပး၊စတာလင္း၊ခရစၥတီယာႏိုေရာ္နယ္ဒို၊အာလင္းဟာလန္းတို႔မွာလည္းမက္ဆီကဲ့သို႔ေနာက္ဆုံးဆန္ကာတင္စာရင္းမွာမပါဝင္ဘဲမဲအမ်ားဆုံးရရွိတဲ့၁၀ဦးစာရင္းထဲမွာသာပါဝင္ခဲ့ပါတယ္။

လက္ရွိအခ်ိန္တြင္ခ်ဲလ္ဆီးႏွင့္အတူခ်န္ပီယံလိဂ္ဖလား၊ဥေရာပစူပါဖလား၊အီတလီႏွင့္အတူယူ႐ို၂၀၂၀ဖလားတို႔ဆြတ္ခူးထားတဲ့ေဂ်ာ္ဂ်င္ဟိုကထိပ္ဆုံးမွေရပန္းအစားဆုံးျဖစ္ေနပါတယ္။

ဒါ့အျပင္ယူအီးအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးနည္းျပအဆုအတြက္ဆန္ကာတင္စာရင္းတြင္ကလပ္နည္းျပမ်ားအျဖစ္ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္၊မန္စီးတီးနည္းျပဂြါဒီယိုလာႏွင့္အီတလီကိုယူ႐ို၂၀၂၀ဖလားဆြတ္ခူးေပးထားတဲ့အီတလီနည္းျပေရာဘတ္တိုမန္စီနီတို႔ပါဝင္ခဲ့ပါတယ္။

ယူအီးအက္ဖ္ေအဟာေနရာအလိုက္အေကာင္းဆုံးဆုမ်ားအတြက္ဆန္ကာတင္စာရင္းကိုလည္းထုတ္ျပန္ေၾကညာခဲ့ပါတယ္။

အေကာင္းဆုံးဂိုးဆုအတြက္ဆန္ကာတင္စာရင္းတြင္ေကာ့တြိဳက္စ္(ရီးရဲလ္)၊အီဒါဆင္(မန္စီးတီး)၊မင္ဒီ(ခ်ဲလ္ဆီး)တို႔ပါဝင္ခဲ့ၿပီးအေကာင္းဆုံးေနာက္တန္းဆုအတြက္ဆန္ကာတင္စာရင္းတြင္အက္ဇ္ပီလီကူတာ(ခ်ဲလ္ဆီး)၊႐ူဘင္ဒိုင္ယက္စ္(မန္စီးတီး)ႏွင့္႐ူဒီဂါ(ခ်ဲလ္ဆီး)တို႔ပါဝင္ခဲ့ပါတယ္။

အေကာင္းဆုံးအလယ္တန္းကစားသမားဆုအတြက္ဆန္ကာတင္စာရင္းတြင္တစ္ႏွစ္တာအေကာင္းဆုံးဆုအတြက္ဆန္ကာတင္စာရင္းတြင္ပါဝင္တဲ့ကီဗင္ဒီဘ႐ိုင္း၊ေဂ်ာ္ဂ်င္ဟို၊ကန္တီတို႔ပင္ထပ္မံလုရပါမယ္။

အေကာင္းဆုံးတိုက္စစ္မႉးဆုအတြက္ဆန္ကာတင္စာရင္းတြင္ဟာလန္း(ေဒါ့မြန္)၊လီဝန္ေဒါ့စကီး(ဘိုင္ယန္)၊ဘက္ေပး(ပီအက္စ္ဂ်ီ)တို႔ပါဝင္ခဲ့ပါတယ္။

ဒါ့အျပင္ယူ႐ိုပါတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုအတြက္ဆန္ကာတင္စာရင္းတြင္ကာဗာနီ(မန္ယူ)၊ဘ႐ူႏိုဖာနန္ဒက္္စ္(မန္ယူ)ႏွင့္မိုရီႏို(ဗီလာရီးရဲလ္)တို႔ပါဝင္ခဲ့ပါတယ္။