FFP စည်းမျဉ်းနှင့်ကိုက်ညီအောင် ပီအက်စ်ဂျီ ဘယ်လိုလုပ်သလဲ ဥရောပထိပ်သီးများစောင့်ကြည့်နေ

ဘိုင်ယန်မြူးနစ်ဥက္ကဌဟာချန်ပီယံလိဂ်ပြိုင်ဘက်ပီအက်စ်ဂျီအသင်းမှာယခုနွေရာသီတွင်ကစားသမားများစွာခေါ်ယူပြီး UEFA ရဲ့FFP (Financial Fair Play)စည်းမျဉ်းနှင့် ကိုက်ညီအောင်ဘယ်လိုလုပ်သလဲ နားမလည်နိုင်အောင်ဖြစ်ရကြောင်းဆိုသွားပါတယ်။

ပီအက်စ်ဂျီဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာလီယွန်နယ်မက်ဆီ၊ဆာဂျီယိုရာမို့စ်၊ဒွန်နာရမ်မာ၊ဝီနယ်ဒမ်တို့အားအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူခဲ့တယ်ဆိုပေမယ့်ယင်းကစားသမားများအတွက်လုပ်ခအပြင်လက်မှတ်ထိုးစရိတ်လည်းများစွာသုံးရပါမယ်။

ဒါကြောင့်လည်းဘိုင်ယန်မြူးနစ်ဥက္ကဌဟာဘတ်ဟိုင်နာက “ပီအက်စ်ဂျီဟာအခုအသင်းကိုပိုကောင်းအောင်အားဖြည့်နေတယ်။သူတို့ယူအီးအက်ဖ်အေရဲ့စည်းမျဉ်းနဲ့ကိုက်ညီအောင်ဘယ်လုပ်သလဲအနီးစပ်စောင့်ကြည့်နေပါတယ်။အခြားကလပ်တွေလည်းစောင့်ကြည့်နေမယ်လို့ထင်ပါတယ်။ပဲရစ်(ပီအက်စ်ဂျီ)အပေါ်မှာအလျှင်စလိုဆုံးဖြတ်မှာမဟုတ်ပါဘူး။ဒါပေမယ့်အဝယ်ပေါ်လစီကကြီးမားပါတယ်။ပြောင်းရွှေ့ကြေးနဲ့တင်ဆိုင်တာမဟုတ်ပါဘူး။လစာလည်းပါပါသေးတယ်”လို့ပြောကြားခဲ့ပါတယ်။

ဟိုင်နာရဲ့ပြောကြားချက်ကိုကြည့်ရင် FFP စည်းမျဉ်းမှာပြောင်းရွှေ့ကြေးနဲ့တင်မကလုပ်ခအသုံးစရိတ်နဲ့လည်းသက်ဆိုင်နေတာတွေ့ရပါမယ်။ယခုနွေရာသီတွင်ကလပ်အမြောက်အမြားတို့မှာကိုဗစ်ကြောင့်ငွေကြေးထိခိုက်မှုနဲ့ပြောင်းရွှေ့ကြေးစရိတ်များစွာအသုံးမပြုကြပါဘူး။

ချဲလ်ဆီးမှာလူကာကူကိုပေါင်၉၇.၅သန်းဖြင့်ခေါ်ယူခဲ့သော်လည်းကစားသမား၉ဦးအားပေါင်၉၆သန်းဖြင့်ရောင်းချခဲ့ပါတယ်။တစ်ဖက်တွင်မန်စီးတီးမှာလည်းယမန်နွေအပြောင်းအရွှေ့မှလက်ကျန်ပေါင်သန်း၆၀ကိုယခုနွေထပ်ထည့်ပေါင်းသုံးကာဂရဲလ်လစ်ရှ်အားပေါင်သန်း၁၀၀ဖြင့်ခေါ်ယူထားကြောင်းဂွါဒီယိုလာကဆိုဖူးပါတယ်။

ဆက်လက်ပြီးဟိုင်နာက “မက်ဆီဟာယူရိုသန်း၄၀(ပေါင်၃၄သန်း)ရတယ်လို့ကြားတယ်။ဒီတော့ယူရိုသန်း၈၀ပါ။ဟာမီကီ၊ရာမို့စ်၊ဒွန်နာရမ်မာတို့ကိုလည်းခေါ်ထားပါသေးတယ်”လို့ပြောကြားခဲ့ပါတယ်။

ZawGyi

FFP စည္းမ်ဥ္းႏွင့္ကိုက္ညီေအာင္ ပီအက္စ္ဂ်ီ ဘယ္လိုလုပ္သလဲ ဥေရာပထိပ္သီးမ်ားေစာင့္ၾကည့္ေန

ဘိုင္ယန္ျမဴးနစ္ဥကၠဌဟာခ်န္ပီယံလိဂ္ၿပိဳင္ဘက္ပီအက္စ္ဂ်ီအသင္းမွာယခုေႏြရာသီတြင္ကစားသမားမ်ားစြာေခၚယူၿပီး UEFA ရဲ႕FFP (Financial Fair Play)စည္းမ်ဥ္းႏွင့္ ကိုက္ညီေအာင္ဘယ္လိုလုပ္သလဲ နားမလည္ႏိုင္ေအာင္ျဖစ္ရေၾကာင္းဆိုသြားပါတယ္။

ပီအက္စ္ဂ်ီဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာလီယြန္နယ္မက္ဆီ၊ဆာဂ်ီယိုရာမို႔စ္၊ဒြန္နာရမ္မာ၊ဝီနယ္ဒမ္တို႔အားအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူခဲ့တယ္ဆိုေပမယ့္ယင္းကစားသမားမ်ားအတြက္လုပ္ခအျပင္လက္မွတ္ထိုးစရိတ္လည္းမ်ားစြာသုံးရပါမယ္။

ဒါေၾကာင့္လည္းဘိုင္ယန္ျမဴးနစ္ဥကၠဌဟာဘတ္ဟိုင္နာက “ပီအက္စ္ဂ်ီဟာအခုအသင္းကိုပိုေကာင္းေအာင္အားျဖည့္ေနတယ္။သူတို႔ယူအီးအက္ဖ္ေအရဲ႕စည္းမ်ဥ္းနဲ႔ကိုက္ညီေအာင္ဘယ္လုပ္သလဲအနီးစပ္ေစာင့္ၾကည့္ေနပါတယ္။အျခားကလပ္ေတြလည္းေစာင့္ၾကည့္ေနမယ္လို႔ထင္ပါတယ္။ပဲရစ္(ပီအက္စ္ဂ်ီ)အေပၚမွာအလွ်င္စလိုဆုံးျဖတ္မွာမဟုတ္ပါဘူး။ဒါေပမယ့္အဝယ္ေပၚလစီကႀကီးမားပါတယ္။ေျပာင္းေ႐ႊ႕ေၾကးနဲ႔တင္ဆိုင္တာမဟုတ္ပါဘူး။လစာလည္းပါပါေသးတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဟိုင္နာရဲ႕ေျပာၾကားခ်က္ကိုၾကည့္ရင္ FFP စည္းမ်ဥ္းမွာေျပာင္းေ႐ႊ႕ေၾကးနဲ႔တင္မကလုပ္ခအသုံးစရိတ္နဲ႔လည္းသက္ဆိုင္ေနတာေတြ႕ရပါမယ္။ယခုေႏြရာသီတြင္ကလပ္အေျမာက္အျမားတို႔မွာကိုဗစ္ေၾကာင့္ေငြေၾကးထိခိုက္မႈနဲ႔ေျပာင္းေ႐ႊ႕ေၾကးစရိတ္မ်ားစြာအသုံးမျပဳၾကပါဘူး။

ခ်ဲလ္ဆီးမွာလူကာကူကိုေပါင္၉၇.၅သန္းျဖင့္ေခၚယူခဲ့ေသာ္လည္းကစားသမား၉ဦးအားေပါင္၉၆သန္းျဖင့္ေရာင္းခ်ခဲ့ပါတယ္။တစ္ဖက္တြင္မန္စီးတီးမွာလည္းယမန္ေႏြအေျပာင္းအေ႐ႊ႕မွလက္က်န္ေပါင္သန္း၆၀ကိုယခုေႏြထပ္ထည့္ေပါင္းသုံးကာဂရဲလ္လစ္ရွ္အားေပါင္သန္း၁၀၀ျဖင့္ေခၚယူထားေၾကာင္းဂြါဒီယိုလာကဆိုဖူးပါတယ္။

ဆက္လက္ၿပီးဟိုင္နာက “မက္ဆီဟာယူ႐ိုသန္း၄၀(ေပါင္၃၄သန္း)ရတယ္လို႔ၾကားတယ္။ဒီေတာ့ယူ႐ိုသန္း၈၀ပါ။ဟာမီကီ၊ရာမို႔စ္၊ဒြန္နာရမ္မာတို႔ကိုလည္းေခၚထားပါေသးတယ္”လို႔ေျပာၾကားခဲ့ပါတယ္။