ဘောလုံးလောကအတွင်းသို့ ဝင်ရောက်ဖို့ နီးစပ်ခဲ့တဲ့ UFC စူပါစတားကော်နာမက်ဂရီဂေါ်

UFC စူပါစတားကော်နာမက်ဂရီဂေါ်ကဆဲလ်တစ်အသင်းရှယ်ယာများကိုဝယ်ယူရန်ဒါမွန့်ဒက်စ်မွန်နှင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းဖွင့်ဟသွားခဲ့ပြီးကလပ်တစ်ခုကိုဝယ်ယူလိုခဲ့ကြောင်းပြောကြားလာပါတယ်။

ကော်နာမက်ဂရီဂေါ်ဟာမကြာသေးမီတုန်းကမန်ယူကိုဝယ်ယူရန်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းဟာသလုပ်ပြောကြားခဲ့ဖူးသူလည်းဖြစ်ပါတယ်။

တွစ်တာတွင်ပရိသတ်တစ်ဦးကမက်ဂရီဂေါ်အားဘောလုံးအသင်းတစ်သင်းတွင်အမှန်တကယ်ရင်းနှီးမြှပ်နှံမှုပြုလုပ်ရန်လုပ်ဆောင်ခဲ့ဖူးသလားလို့မေးမြန်းခဲ့ပါတယ်။

ထိုအခါမက်ဂရီဂေါ်က “အရိုးသားဆုံးပြောရရင်ဆဲလ်တစ်နဲ့ပတ်သက်ပြီးပထမဆုံးဆွေးနွေးခဲ့တာပါ။ဒါမွန်ဒက်စ်မွန်ရဲ့ရှယ်ယာကိုဝယ်ယူဖို့ပါ။ကျွန်တော်ဟာအားကစားအသင်းတစ်သင်းကိုဝယ်ယူဖို့အမှန်တကယ်ဘဲ စိတ်ဝင်စားခဲ့ဖူးပါတယ်။ဒါပေမယ့်ဆဲလ်တစ်နဲ့မန်ယူကတော့ကျွန်တော်ကြိုက်တဲ့အသင်းနှစ်သင်းပါ။အခြားအသင်းတွေကိုလည်းစဉ်းစားမှာပါ။ကလပ်တစ်ခုအတွက်ကျွန်တော်ကြီးကြီးမားမားလုပ်ဆောင်နိုင်တယ်လို့ယုံကြည်နေပါတယ်”လို့ပြောကြားခဲ့ပါတယ်။

မက်ဂရီဂေါ်ဟာပေါင်၁၈၁သန်းကြွယ်ဝချမ်းသာသူဖြစ်ပြီးဆဲလ်တစ်အသင်းမှာ Stock Exchange တွင်ပေါင်၁၁၈သန်းတန်ဖိုးသာရှိတဲ့အသင်းဖြစ်ပါတယ်။

အိုင်းရစ်သူဌေးဒက်စ်မွန်ဟာပေါင်၁.၅ဘီလီယံကျော်ကြွယ်ဝချမ်းသာသူဖြစ်ပြီးဆဲလ်တစ်အသင်းရှယ်ယာ၁၉.၈ရာခိုင်နှုန်းကိုပိုင်ဆိုင်သူဖြစ်ပါတယ်။မကြာသေးမီတုန်းကတော့၎င်းကသူပိုင်ရှယ်ယာများကိုလက်လွှတ်ရန်အစီအစဉ်မရှိကြောင်းပြောကြားခဲ့ဖူးပါတယ်။

zawgyi

ေဘာလုံးေလာကအတြင္းသို႔ ဝင္ေရာက္ဖို႔ နီးစပ္ခဲ့တဲ့ UFC စူပါစတားေကာ္နာမက္ဂရီေဂၚ

UFC စူပါစတားေကာ္နာမက္ဂရီေဂၚကဆဲလ္တစ္အသင္းရွယ္ယာမ်ားကိုဝယ္ယူရန္ဒါမြန႔္ဒက္စ္မြန္ႏွင့္ေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္းဖြင့္ဟသြားခဲ့ၿပီးကလပ္တစ္ခုကိုဝယ္ယူလိုခဲ့ေၾကာင္းေျပာၾကားလာပါတယ္။

ေကာ္နာမက္ဂရီေဂၚဟာမၾကာေသးမီတုန္းကမန္ယူကိုဝယ္ယူရန္အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္းဟာသလုပ္ေျပာၾကားခဲ့ဖူးသူလည္းျဖစ္ပါတယ္။

တြစ္တာတြင္ပရိသတ္တစ္ဦးကမက္ဂရီေဂၚအားေဘာလုံးအသင္းတစ္သင္းတြင္အမွန္တကယ္ရင္းႏွီးျမႇပ္ႏွံမႈျပဳလုပ္ရန္လုပ္ေဆာင္ခဲ့ဖူးသလားလို႔ေမးျမန္းခဲ့ပါတယ္။

ထိုအခါမက္ဂရီေဂၚက “အ႐ိုးသားဆုံးေျပာရရင္ဆဲလ္တစ္နဲ႔ပတ္သက္ၿပီးပထမဆုံးေဆြးေႏြးခဲ့တာပါ။ဒါမြန္ဒက္စ္မြန္ရဲ႕ရွယ္ယာကိုဝယ္ယူဖို႔ပါ။ကြၽန္ေတာ္ဟာအားကစားအသင္းတစ္သင္းကိုဝယ္ယူဖို႔အမွန္တကယ္ဘဲ စိတ္ဝင္စားခဲ့ဖူးပါတယ္။ဒါေပမယ့္ဆဲလ္တစ္နဲ႔မန္ယူကေတာ့ကြၽန္ေတာ္ႀကိဳက္တဲ့အသင္းႏွစ္သင္းပါ။အျခားအသင္းေတြကိုလည္းစဥ္းစားမွာပါ။ကလပ္တစ္ခုအတြက္ကြၽန္ေတာ္ႀကီးႀကီးမားမားလုပ္ေဆာင္ႏိုင္တယ္လို႔ယုံၾကည္ေနပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

မက္ဂရီေဂၚဟာေပါင္၁၈၁သန္းႂကြယ္ဝခ်မ္းသာသူျဖစ္ၿပီးဆဲလ္တစ္အသင္းမွာ Stock Exchange တြင္ေပါင္၁၁၈သန္းတန္ဖိုးသာရွိတဲ့အသင္းျဖစ္ပါတယ္။

အိုင္းရစ္သူေဌးဒက္စ္မြန္ဟာေပါင္၁.၅ဘီလီယံေက်ာ္ႂကြယ္ဝခ်မ္းသာသူျဖစ္ၿပီးဆဲလ္တစ္အသင္းရွယ္ယာ၁၉.၈ရာခိုင္ႏႈန္းကိုပိုင္ဆိုင္သူျဖစ္ပါတယ္။မၾကာေသးမီတုန္းကေတာ့၎ကသူပိုင္ရွယ္ယာမ်ားကိုလက္လႊတ္ရန္အစီအစဥ္မရွိေၾကာင္းေျပာၾကားခဲ့ဖူးပါတယ္။