Umbro လိုဂိုကို ကလပ်လိုဂိုနဲ့ မှားခဲ့တဲ့ ဘန်လေရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ကော်နက်

ဘန်လေရဲ့ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်မက်စ်ဝဲလ်ကော်နက်ဟာကလပ်နှင့်စာချုပ်ချုပ်ဆိုပြီးနောက်အကြီးမားဆုံးအမှားတစ်ခုကိုပြုလုပ်ခဲ့မိပါတယ်။

ဘန်လေဟာလိုင်ယွန်တိုက်စစ်သမားကိုကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၁၂.၈သန်းဖြင့်ခေါ်ယူခဲ့ပါတယ်။

သူဟာဘန်လေအသင်းနှင့်အင်္ကျီဝတ်ဆင်ပြီးဓာတ်ပုံရိုက်ကူးခံခဲ့ပါတယ်။ယင်းဓာတ်ပုံများထဲမှတစ်ပုံမှာကော်နက်ဟာဘန်လေအသင်းလိုဂိုနှင့် Umbro လိုဂိုကိုမှားယွင်းလက်ညှိုးထိုးကာဓာတ်ပုံရိုက်ခံခဲ့ပါတယ်။

သူဟာလာမယ့်နိုင်ငံတကာပွဲစဉ်များအပြီးမှာဘန်လေအတွက်ပထမဆုံးပွဲကစားလာမှာဖြစ်ပါတယ်။

ကော်နက်ဟာဂွါဒီယိုလာရဲ့မန်စီးတီးနှင့်ချန်ပီယံလိဂ်တွင်သုံးကြိမ်ရင်ဆိုင်ခဲ့ဖူးရာမှာ၄ဂိုးအထိသွင်းယူထားသူလည်းဖြစ်ပါတယ်။

အိုင်ဗရီကို့စ်လက်ရွေးစင်ကော်နက်က “ပရီးမီးယားလိဂ်ကဘန်လေသို့ပြောင်းရွှေ့ရတဲ့အတွက်အရမ်းစိတ်လှုပ်ရှားရပါတယ်။ကမ္ဘာ့အကောင်းဆုံးကစားသမားတွေနဲ့ရင်ဆိုင်ရမှာဖြစ်လို့စိတ်လှုပ်ရှားရပါတယ်။အလုပ်အရမ်းကြိုးစားရပါတော့မယ်။ကျွန်တော့်ဘက်ကအစွမ်းကုန်ကြိုးစားပြီးကလပ်အတွက်လုပ်ဆောင်ပေးသွားပါမယ်”လို့ပြောကြားခဲ့ပါတယ်။

ZawGyi

Umbro လိုဂိုကို ကလပ္လိုဂိုနဲ႔ မွားခဲ့တဲ့ ဘန္ေလရဲ႕စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ ေကာ္နက္

ဘန္ေလရဲ႕ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္မက္စ္ဝဲလ္ေကာ္နက္ဟာကလပ္ႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုၿပီးေနာက္အႀကီးမားဆုံးအမွားတစ္ခုကိုျပဳလုပ္ခဲ့မိပါတယ္။

ဘန္ေလဟာလိုင္ယြန္တိုက္စစ္သမားကိုကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၂.၈သန္းျဖင့္ေခၚယူခဲ့ပါတယ္။

သူဟာဘန္ေလအသင္းႏွင့္အက်ႌဝတ္ဆင္ၿပီးဓာတ္ပုံ႐ိုက္ကူးခံခဲ့ပါတယ္။ယင္းဓာတ္ပုံမ်ားထဲမွတစ္ပုံမွာေကာ္နက္ဟာဘန္ေလအသင္းလိုဂိုႏွင့္ Umbro လိုဂိုကိုမွားယြင္းလက္ညႇိဳးထိုးကာဓာတ္ပုံ႐ိုက္ခံခဲ့ပါတယ္။

သူဟာလာမယ့္ႏိုင္ငံတကာပြဲစဥ္မ်ားအၿပီးမွာဘန္ေလအတြက္ပထမဆုံးပြဲကစားလာမွာျဖစ္ပါတယ္။

ေကာ္နက္ဟာဂြါဒီယိုလာရဲ႕မန္စီးတီးႏွင့္ခ်န္ပီယံလိဂ္တြင္သုံးႀကိမ္ရင္ဆိုင္ခဲ့ဖူးရာမွာ၄ဂိုးအထိသြင္းယူထားသူလည္းျဖစ္ပါတယ္။

အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ေကာ္နက္က “ပရီးမီးယားလိဂ္ကဘန္ေလသို႔ေျပာင္းေ႐ႊ႕ရတဲ့အတြက္အရမ္းစိတ္လႈပ္ရွားရပါတယ္။ကမာၻ႔အေကာင္းဆုံးကစားသမားေတြနဲ႔ရင္ဆိုင္ရမွာျဖစ္လို႔စိတ္လႈပ္ရွားရပါတယ္။အလုပ္အရမ္းႀကိဳးစားရပါေတာ့မယ္။ကြၽန္ေတာ့္ဘက္ကအစြမ္းကုန္ႀကိဳးစားၿပီးကလပ္အတြက္လုပ္ေဆာင္ေပးသြားပါမယ္”လို႔ေျပာၾကားခဲ့ပါတယ္။