ဒီတစ်ကြိမ်တော့ အိုဆာဆူနာကို အလှည့်ပေးပါဦး

ကြာသပတေးည စပိန်လာလီဂါ ပွဲစဉ်-၁၉ ပွဲကြိုသုံးသပ်ချက်

ဗလင်စီယာ နှင့် အိုဆာဆူနာ (ည ၁၂:၃၀)(သတိုး- မှော်ဘီ)

လာလီဂါအိမ်ကွင်းနောက်ဆုံး ၈ပွဲမှာနိုင်ပွဲတစ်ပွဲသာရရှိထားတဲ့ဗလင်စီယာရဲ့လက်ရှိအနေအထားက ယုံကြည်ချင်စရာမကောင်းဘူး။ကွင်းလယ်ပိုင်းက အားပျော့သလို ခံစစ်လည်း အမှားများတာကြောင့် ဗလင်စီယာရဲ့ကစားကွက်နဲ့ ရလဒ်တွေ ကျဆင်းနေရတာဖြစ်တယ်။

အိုဆာဆူနာကတော့တန်းဆင်းဇုန်ကလွတ်ဖို့ အစွမ်းကုန်ကြိုးစားနေပြီးလက်ရှိမှာခြေစွမ်းပိုင်းတိုးတက်ကောင်းမွန်နေတဲ့အသင်းပါ။ပြိုင်ပွဲစုံနောက်ဆုံး၄ပွဲမှာဂိုးမပေးရအောင်၃ပွဲအထိ စွမ်းဆောင်ထားနိုင်တဲ့ဗလင်စီယာခံစစ်ကြောင်းကအတော်လေးလုံခြုံနေတယ်ဆိုရမယ်။

အခုပွဲမှာလည်းအဝေးကွင်းဖြစ်လို့အိုဆာဆူနာအနေနဲ့ မရှုံးနိမ့်ရေးဦးစားပေးပြီးခံစစ်လုံအောင်အဓိကထားယှဉ်ပြိုင်လာနိုင်တယ်။သရေဆိုရင်ဗလင်စီယာနစ်နာရမယ်ဆိုပြီးအကျောပေးထားလို့အိုဆာဆူနာကိုကြိုက်တယ်။အစဉ်အလာပိုင်းမှာဗလင်စီယာအပြတ်အသတ်သာလွန်ပေမယ့်ဒီတစ်ကြိမ်တော့အိုဆာဆူနာကိုအလှည့်ပေးပါဦး။

zawgyi




