ဗလင်စီယာနဲ့အတူ စွန့်စားချင်မိတယ်

တနင်္ဂနွေည စပိန်လာလီဂါ ပွဲစဉ်-၃၄ ပွဲကြိုသုံးသပ်ချက်

ဗလင်စီယာ နှင့် ဘာစီလိုနာ (ည ၁း၃၀)(သတိုး-မှော်ဘီ)

ဒီနှစ်သင်းတွေ့ဆုံခဲ့ကြတဲ့နောက်ဆုံး၆ပွဲမှာ ဗလင်စီယာတစ်ပွဲသာရှုံးပြီး၂ပွဲနိုင်၊ ၃ပွဲသရေကျခဲ့ရပါတယ်။လက်ရှိမှာဘာကာတိုက်စစ်ကမက်ဆီ၊ ဂရစ်ဇ်မန်းတို့ခြေစွမ်းပြမှုနဲ့အတူဂိုးသွင်းအားထက်မြက်လာပေမယ့်ခံစစ်ယိုယွင်းမှုကတော့စိတ်ပျက်စရာကောင်းနေဆဲပါပဲ။

ချန်ပီယံဆုအတွက်တီကို၊ ရီးရဲလ်တို့နဲ့အပြိုင်ကြိုးစားနေရတာကြောင့်ဘာကာအနိုင်ကစားမှာဆိုပေမယ့်လည်းဂိုးပြတ်ဖို့တော့မလွယ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဗလင်စီယာကလည်းတန်းဆင်းဇုန်အထက်စိုးရိမ်ရဆဲအခြေအနေမှာသာရှိနေသေးပြီးခံစစ်ဘယ်လောက်အမှားများများဆိုလာဦးဆောင်တဲ့တိုက်စစ်ကပြိုင်ဘက်တိုင်းကိုအခက်တွေ့စေလို့ပါ။

ဂိုးပြတ်နိုင်မှလက်မထောင်ခွင့်ရရှိမယ်ဆိုပြီး ဘာကာဘက်ကနေခပ်ပြင်းပြင်းအကျောပေးထားလို့ ဗလင်စီယာနဲ့အတူစွန့်စားချင်မိတယ်။

zawgyi




