”ဒီညမောင်းနှင်မယ့် ရေငုပ်သင်္ဘောက အစုတ်ကြီး”

သောကြာည စပိန်လာလီဂါ ပွဲစဉ်-၂၆ ပွဲကြိုသုံးသပ်ချက်

ဗလင်စီယာ နှင့် ဗီလာရီးရဲလ် (ည ၂:၃၀)(သတိုး- မှော်ဘီ)

ယူရိုပါလိဂ်မှာဘယ်လောက်ပဲခြေစွာစွာလာလီဂါမှာတော့ဗီလာရီးရဲလ်ရဲ့ခြေစွမ်းနဲ့ရလဒ်ပိုင်းကျဆင်းလာပါတယ်။အခုဆိုရင်ဗီလာရီးရဲလ်ဟာလာလီဂါနောက်ဆုံး ၇ပွဲဆက်တိုက်အနိုင်ပျောက်ဆုံးထားပြီးခံစစ်ကြောင်းကလည်းအဲဒီ ၇ပွဲမှာဂိုးမပေးရအောင်တစ်ပွဲသာစွမ်းဆောင်ထားနိုင်ခဲ့တဲ့အထိယိုယွင်းနေတာတွေ့ရတယ်။

ဗလင်စီယာကတော့အဝေးကွင်းညံ့ပေမယ့်အိမ်ကွင်းမဆိုးဘဲအခုနောက်ပိုင်းရလဒ်တွေတိုးတက်လာတယ်။တိတိကျကျပြောရရင်ဗလင်စီယာရဲ့လာလီဂါအိမ်ကွင်းနောက်ဆုံး ၄၃ပွဲမှာ ရှုံးပွဲက၅ပွဲတည်းသာရှိထားတာပါ။

လတ်တလောတွေ့ဆုံမှုတွေကို ကြည့်ပြန်တော့လည်းဗလင်စီယာကွင်းမှာဗီလာရီးရဲလ်ရုန်းကန်ရပြီးရလဒ်ဆိုးမှုတွေပုံမှန်လိုကြုံတွေ့လာနေရတာတွေ့ရတယ်။

ဒါကိုတောင်ဗီလာရီးရဲလ်ကအဝေးကွင်းဖြစ်နေရက်သားနဲ့ သရေဆိုရင် ၆၅နစ်နာရမယ်လို့အကျောပေးထားတယ်။ဗီလာရီးရဲလ်နိုင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူး။ ဗလင်စီယာဘက်ကပုံအောသင့်တယ်။ဒီကနေ့ညမောင်းနှင်မယ့်ရေငုပ်သင်္ဘောကအစုတ်ကြီးပါ။

zawgyi




