
သောကြာည စပိန်လာလီဂါ အဖွင့်ပွဲစဉ်-၁ ပွဲကြိုသုံးသပ်ချက်
ဗလင်စီယာ နှင့် ဂီတာဖေး (ည ၁း၃၀)(သတိုး မှော်ဘီ)
ဂီတာဖေးရဲ့ရာသီကြိုပြင်ဆင်ထားမှုက အရမ်းကိုအားရစရာကောင်းလှတယ်။ခြေစမ်းပွဲ ၆ပွဲစလုံး အနိုင်ရလဒ်တွေချည်း စိုက်ထူနိုင်ခဲ့ပြီးပြိုင်ပွဲစုံနောက်ဆုံး ၇ပွဲမှာ ဂီတာဖေးခံစစ်ကြောင်းကစုစုပေါင်းပေးဂိုးတစ်ဂိုးတည်းပဲရှိတဲ့အထိလုံခြုံခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီကလိုမျိုး ခြေစွမ်းပိုင်းဆိုးရွာခြင်း မဖြစ်ရစေဖို့ ဂီတာဖေး အထူးပြင်ဆင်နေခဲ့တာပါ။ဗလင်စီယာကတော့ ပြီးခဲ့တဲ့ရာသီကုန်ခါနီးကအတိုင်း ခြေစွမ်းပိုင်း ယိမ်းယိုင်နေဆဲဖြစ်ပြီးရာသီကြိုကာလတစ်လျှောက်လုံးဘယ်နေရာကို ဦးစားပေးပြင်လို့ပြင်နေမှန်းမသိဘူး။
ဒီပွဲမှာ အိမ်ရှင်ဖြစ်လို့ ဗလင်စီယာဘက်ကနေ သရေ ၃၀ရှုံး အကျောပေးထားတယ်။ရာသီကန့်လန့်ကာကိုမတင်ပေးမယ့်အသင်းကအမှတ်ရအောင်ယူမယ့် ဂီတာဖေးပါပဲ။
zawgyi