ပုလင်းကောက်သမားဘဝမှ ကမ္ဘာကျော်ဘောလုံးသမားဖြစ်လာခဲ့တဲ့သူ

“သူ့ဘဝမှာလုပ်ဆောင်ခဲ့တာတွေကတကယ်လို့အံ့ဩစရာကောင်းလွန်းလှပါတယ်။သူ့အပေါ်မှာကျွန်တော်တကယ်ဘဲလေးစားရပါတယ်”ကစားဖော်ဟောင်းကီဗင်ကယ်လ်ဘိန်း။

သူ့ဘဝကတကယ်ဘဲအံ့ဩစရာကောင်းလွန်းလှပါတယ်။သူဟာအီကွေဒေါကလမ်းမတွေပေါ်မှာပုလင်းတွေလိုက်ကောက်ပြီးရောင်းစားရတဲ့ဘဝမျိုးကနေအိုးထရက်ဖို့ဒ်ကွင်းမှာပရိသတ်၇၅၀၀၀ရဲ့ရှေ့မှောက်မှာကစားနိုင်တဲ့အထိကမ္ဘာကျော်လာခဲ့သူဖြစ်ပါတယ်။အဲဒါကတော့တခြားမဟုတ်ပါဘူး။မန်ယူတောင်ပံတိုက်စစ်သမားဟောင်းအန်တိုနီယိုဗလန်စီယာရဲ့ဘဝဇာတ်ကြောင်းဖြစ်ပါတယ်။

ဗလန်စီယာဟာအီကွေဒေါမှာချို့ချို့တဲ့တဲ့မွေးဖွားကြီးပြင်းခဲ့ပြီးညီအစ်ကိုနှစ်ယောက်တို့နဲ့အတူလမ်းမတွေပေါ်မှာဖန်ပုလင်းရှာဖွေခဲ့ရပါတယ်။

သူတို့ညီအစ်ကိုသုံးယောက်ရှာဖွေရရှိလာတဲ့ဖန်ပုလင်းတွေကိုဖခင်ဖြစ်သူကရောင်းချပါတယ်။အဲဒီတုန်းကဗလန်စီယာတို့ရဲ့ကျင်လည်ရတဲ့ဘဝကအင်မတန်မှခက်ခဲကြမ်းတမ်းလွန်းလှပါတယ်။ဗလန်စီယာဟာခက်ခဲကြမ်းတမ်းတဲ့ခရောင်းလမ်းကိုလျှောက်လှမ်းရပေမယ့်လည်းသူ့ရဲ့အိပ်မက်ဖြစ်တဲ့ဘောလုံးသမားတစ်ဦးဖြစ်လာရေးအိပ်မက်ကိုတော့ခပ်ကျစ်ကျစ်လေးဆုပ်ကိုင်ထားခဲ့ပါတယ်။

သူဟာဘောလုံးကွင်းမှာမိခင်နှင့်အတူရေသန့်ဗူးများကူရောင်းရပါသေးတယ်။ဒါပေမယ့်ဗလန်စီယာဟာအားလပ်ချိန်တွေမှာနေအိမ်အနီးမြေကွက်လပ်မှာမိဘတွေ၊ညီအစ်ကို၊အစ်မတွေနဲ့အတူခြေဗလာနဲ့ဘောလုံးကစားပြီးဘောလုံးကောင်းသထက်ကောင်းလာဖို့ကြိုးစားပါတယ်။

သူ့ရဲ့ကြိုးစားအားထုတ်မှုကိုဘုရားသခင်ကမျက်နှာခဲပစ်လုပ်မထားခဲ့ပါဘူး။သူ့ကြိုးစားအားထုတ်မှုတွေကအသက်၁၁နှစ်အရွယ်သို့ရောက်လာချိန်မှာအကျိုးစတင်ခံစားရပါတော့တယ်။

သူ့ရဲ့ဘောလုံးကျွမ်းကျင်မှုတွေကိုဘောလုံးကင်းထောက်ပီဒရိုပါလာဇာကသိရှိသွားခဲ့ပါတယ်။အိမ်ဘေးကဖုန်ဆိုးမြေမှာကစားနေတဲ့ဗလန်စီယာရဲ့ခြေစွမ်းကိုကင်းထောက်ကတွေ့ရှိသွားခဲ့ပြီးဒေသခံကလပ်တစ်ခုနှင့်စာချုပ်ချုပ်ဆိုနိုင်အောင်ကူညီခဲ့ပါတယ်။ယင်းမှာသူဟာအသက်၁၄နှစ်ဘဲရှိသေးပေမယ့်လည်းအသက်၁၈နှစ်အရွယ်ကစားသမားတွေနဲ့ကစားခဲ့ရပါတယ်။

သူ့ရဲ့ပထမဆုံးနည်းပြဖြစ်တဲ့ပါလာဇာက “အသက်ချင်းကွာပေမယ့်လည်းသူ့ရဲ့ခေါင်းဆောင်စွမ်းရည်ကိုပြသနိုင်ခဲ့တယ်”လို့ပြောကြားခဲ့ပါတယ်။

၂နှစ်ကြာချိန်မှာတော့ဗလန်စီယာဟာအီကွေဒေါကလပ်အယ်လ်နေစီယွန်နယ်မှာကစားနိုင်မယ့်အခွင့်အရေးရရှိလာပါတော့တယ်။

သူဟာပထမဆုံးပရော်ဖက်ရှင်နယ်ကလပ်အတွက်ကစားခွင့်ရရှိရေးအတွက်အီကွေဒေါရဲ့မြို့တော်သို့ထွက်ခွာခဲ့ပါတယ်။သူ့ဘဝအတွက်အကြီးမားဆုံးအပြောင်အလဲဖြစ်လာတော့မှာဖြစ်ပါတယ်။ဒါပေမယ့်ဗလန်စီယာဟာသူ့ရဲ့အခွင့်အရေးကြီးလက်လွှတ်ရမှာစိုးလို့ဖခင်ဖြစ်သူကိုတခွန်းမျှမဟခဲ့ပါဘူး။

ဗလန်စီယာက “အဖေ့ကိုမပြောခဲ့ဘူး။ပြောလိုက်ရင်မသွားရတော့မှာစိုးလို့ပါ။ပထမဆုံးအကြိမ်အဖြစ်အိမ်ကနေထွက်ခွာလာခဲ့ရတာပါ။ဘယ်နေရာမှာနေရမယ်၊ဘယ်မှာစားရမယ်ဆိုတာမသိတော့အရမ်းလည်းစိုးရိမ်ထိတ်လန့်နေခဲ့တယ်။ဒါပေမယ့်ကိုယ့်မှာအိပ်မက်တစ်ခုရှိရင်ဖြစ်လာအောင်လုပ်ချင်တယ်ဆိုရင်စွန့်စွားရမှာပေါ့”လို့ပြောကြားခဲ့ပါတယ်။

ဗလန်စီယာဟာဖခင်ဖြစ်သူကိုမပြောခဲ့ပေမယ့်မိခင်ဖြစ်သူနှင့်အစ်ကိုအကြီးဆုံးတို့ကိုတော့သူ့ဆုံးဖြတ်ချက်ကိုပြောခဲ့ပါတယ်။သူတို့ကဘဲဗလန်စီယာအတွက်ဘတ်စ်ကားလက်မှတ်ဖိုးပေးခဲ့တာပါ။သူဟာရှစ်နာရီကြာကားစီးပြီးတဲ့နောက်အီကွေဒေါရဲ့မြို့တော်သို့ရောက်ချလာပါတော့တယ်။အယ်လ်နေစီယွန်နယ်မှာသူဟာတစ်လကိုပေါင်၆၀ရရှိပါတယ်။

“အယ်လ်နေစီယွန်နယ်သို့ပထမဆုံးအကြိမ်ရောက်တုန်းကကျွန်တော့်ကိုအက်ဒီးဒက်စ်ဖိနပ်အဖြူတွေပေးတာမှတ်မိပါသေးတယ်။ဖိနပ်တွေကအရမ်းမိုက်တယ်။အဲဒီမတိုင်ခင်တုန်းကတစ်ခါမှမစီးခဲ့ဖူးဘူး။ပတ္တူဖိနပ်စီးပြီးတောဲ့ကစားခဲ့ရတယ်”လို့ပြောကြားခဲ့ပါတယ်။

ဗလန်စီယာဟာငယ်ငယ်ရွယ်ရွယ်နဲ့သူ့မိသားစုအတွက်အောင်မြင်မှုရရှိရေးစွန့်စားခန်းထွက်ခဲ့ရတာပါ။ပထမဆုံးပရော်ဖက်ရှင်နယ်ကလပ်ကနေဗလန်စီယာဟာဗီလာရီးရဲလ်၊ရီခရီယေတီဗို၊ဝီဂန်တို့မှာကစားခဲ့ပါတယ်။

သူ့အတွက်ပရော်ဖက်ရှင်နယ်ကစားသမားဘဝအကြီးမားဆုံးအောင်မြင်မှုရရှိလာခဲ့တာကတော့မန်ယူသို့ပြောင်းရွှေ့လာချိန်မှာဖြစ်ပါတယ်။

ဗလန်စီယာက “ကျွန်တော်လုပ်ဆောင်ခဲ့တဲ့အရာတွေအတွက်အရမ်းဂုဏ်ယူပါတယ်”လို့ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့မေလ၁၂ရက်နေ့မှာတော့ဗလန်စီယာကဘောလုံးကစားသမားဘဝကနေအနားယူလိုက်ပြီဖြစ်ကြောင်းကြေညာလာပါတယ်။

ဗလနျစီယာဟာအောကျခွအေညတရဘဝကနကေမ်ဘာဘောလုံးသမားတစ်ဦးဖြစ်လာတဲ့အထိအလျှော့မပေးဘဲလုပ်ဆောင်လာခဲ့တဲ့ဇာတ်လမ်းကတော့လူတိုင်းအတွက်စိတ်ဓာတ်မြင့်တက်နေစေမှာသေချာနေပါတယ်။

zawgyi

ပုလင္းေကာက္သမားဘဝမွ ကမာၻေက်ာ္ေဘာလုံးသမားျဖစ္လာခဲ့တဲ့သူ

“သူ႔ဘဝမွာလုပ္ေဆာင္ခဲ့တာေတြကတကယ္လို႔အံ့ဩစရာေကာင္းလြန္းလွပါတယ္။သူ႔အေပၚမွာကြၽန္ေတာ္တကယ္ဘဲေလးစားရပါတယ္”ကစားေဖာ္ေဟာင္းကီဗင္ကယ္လ္ဘိန္း။

သူ႔ဘဝကတကယ္ဘဲအံ့ဩစရာေကာင္းလြန္းလွပါတယ္။သူဟာအီေကြေဒါကလမ္းမေတြေပၚမွာပုလင္းေတြလိုက္ေကာက္ၿပီးေရာင္းစားရတဲ့ဘဝမ်ိဳးကေနအိုးထရက္ဖို႔ဒ္ကြင္းမွာပရိသတ္၇၅၀၀၀ရဲ႕ေရွ႕ေမွာက္မွာကစားႏိုင္တဲ့အထိကမာၻေက်ာ္လာခဲ့သူျဖစ္ပါတယ္။အဲဒါကေတာ့တျခားမဟုတ္ပါဘူး။မန္ယူေတာင္ပံတိုက္စစ္သမားေဟာင္းအန္တိုနီယိုဗလန္စီယာရဲ႕ဘဝဇာတ္ေၾကာင္းျဖစ္ပါတယ္။

ဗလန္စီယာဟာအီေကြေဒါမွာခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ေမြးဖြားႀကီးျပင္းခဲ့ၿပီးညီအစ္ကိုႏွစ္ေယာက္တို႔နဲ႔အတူလမ္းမေတြေပၚမွာဖန္ပုလင္းရွာေဖြခဲ့ရပါတယ္။

သူတို႔ညီအစ္ကိုသုံးေယာက္ရွာေဖြရရွိလာတဲ့ဖန္ပုလင္းေတြကိုဖခင္ျဖစ္သူကေရာင္းခ်ပါတယ္။အဲဒီတုန္းကဗလန္စီယာတို႔ရဲ႕က်င္လည္ရတဲ့ဘဝကအင္မတန္မွခက္ခဲၾကမ္းတမ္းလြန္းလွပါတယ္။ဗလန္စီယာဟာခက္ခဲၾကမ္းတမ္းတဲ့ခေရာင္းလမ္းကိုေလွ်ာက္လွမ္းရေပမယ့္လည္းသူ႔ရဲ႕အိပ္မက္ျဖစ္တဲ့ေဘာလုံးသမားတစ္ဦးျဖစ္လာေရးအိပ္မက္ကိုေတာ့ခပ္က်စ္က်စ္ေလးဆုပ္ကိုင္ထားခဲ့ပါတယ္။

သူဟာေဘာလုံးကြင္းမွာမိခင္ႏွင့္အတူေရသန႔္ဗူးမ်ားကူေရာင္းရပါေသးတယ္။ဒါေပမယ့္ဗလန္စီယာဟာအားလပ္ခ်ိန္ေတြမွာေနအိမ္အနီးေျမကြက္လပ္မွာမိဘေတြ၊ညီအစ္ကို၊အစ္မေတြနဲ႔အတူေျခဗလာနဲ႔ေဘာလုံးကစားၿပီးေဘာလုံးေကာင္းသထက္ေကာင္းလာဖို႔ႀကိဳးစားပါတယ္။

သူ႔ရဲ႕ႀကိဳးစားအားထုတ္မႈကိုဘုရားသခင္ကမ်က္ႏွာခဲပစ္လုပ္မထားခဲ့ပါဘူး။သူ႔ႀကိဳးစားအားထုတ္မႈေတြကအသက္၁၁ႏွစ္အ႐ြယ္သို႔ေရာက္လာခ်ိန္မွာအက်ိဳးစတင္ခံစားရပါေတာ့တယ္။

သူ႔ရဲ႕ေဘာလုံးကြၽမ္းက်င္မႈေတြကိုေဘာလုံးကင္းေထာက္ပီဒ႐ိုပါလာဇာကသိရွိသြားခဲ့ပါတယ္။အိမ္ေဘးကဖုန္ဆိုးေျမမွာကစားေနတဲ့ဗလန္စီယာရဲ႕ေျခစြမ္းကိုကင္းေထာက္ကေတြ႕ရွိသြားခဲ့ၿပီးေဒသခံကလပ္တစ္ခုႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ေအာင္ကူညီခဲ့ပါတယ္။ယင္းမွာသူဟာအသက္၁၄ႏွစ္ဘဲရွိေသးေပမယ့္လည္းအသက္၁၈ႏွစ္အ႐ြယ္ကစားသမားေတြနဲ႔ကစားခဲ့ရပါတယ္။

သူ႔ရဲ႕ပထမဆုံးနည္းျပျဖစ္တဲ့ပါလာဇာက “အသက္ခ်င္းကြာေပမယ့္လည္းသူ႔ရဲ႕ေခါင္းေဆာင္စြမ္းရည္ကိုျပသႏိုင္ခဲ့တယ္”လို႔ေျပာၾကားခဲ့ပါတယ္။

၂ႏွစ္ၾကာခ်ိန္မွာေတာ့ဗလန္စီယာဟာအီေကြေဒါကလပ္အယ္လ္ေနစီယြန္နယ္မွာကစားႏိုင္မယ့္အခြင့္အေရးရရွိလာပါေတာ့တယ္။

သူဟာပထမဆုံးပေရာ္ဖက္ရွင္နယ္ကလပ္အတြက္ကစားခြင့္ရရွိေရးအတြက္အီေကြေဒါရဲ႕ၿမိဳ႕ေတာ္သို႔ထြက္ခြာခဲ့ပါတယ္။သူ႔ဘဝအတြက္အႀကီးမားဆုံးအေျပာင္အလဲျဖစ္လာေတာ့မွာျဖစ္ပါတယ္။ဒါေပမယ့္ဗလန္စီယာဟာသူ႔ရဲ႕အခြင့္အေရးႀကီးလက္လႊတ္ရမွာစိုးလို႔ဖခင္ျဖစ္သူကိုတခြန္းမွ်မဟခဲ့ပါဘူး။

ဗလန္စီယာက “အေဖ့ကိုမေျပာခဲ့ဘူး။ေျပာလိုက္ရင္မသြားရေတာ့မွာစိုးလို႔ပါ။ပထမဆုံးအႀကိမ္အျဖစ္အိမ္ကေနထြက္ခြာလာခဲ့ရတာပါ။ဘယ္ေနရာမွာေနရမယ္၊ဘယ္မွာစားရမယ္ဆိုတာမသိေတာ့အရမ္းလည္းစိုးရိမ္ထိတ္လန႔္ေနခဲ့တယ္။ဒါေပမယ့္ကိုယ့္မွာအိပ္မက္တစ္ခုရွိရင္ျဖစ္လာေအာင္လုပ္ခ်င္တယ္ဆိုရင္စြန႔္စြားရမွာေပါ့”လို႔ေျပာၾကားခဲ့ပါတယ္။

ဗလန္စီယာဟာဖခင္ျဖစ္သူကိုမေျပာခဲ့ေပမယ့္မိခင္ျဖစ္သူႏွင့္အစ္ကိုအႀကီးဆုံးတို႔ကိုေတာ့သူ႔ဆုံးျဖတ္ခ်က္ကိုေျပာခဲ့ပါတယ္။သူတို႔ကဘဲဗလန္စီယာအတြက္ဘတ္စ္ကားလက္မွတ္ဖိုးေပးခဲ့တာပါ။သူဟာရွစ္နာရီၾကာကားစီးၿပီးတဲ့ေနာက္အီေကြေဒါရဲ႕ၿမိဳ႕ေတာ္သို႔ေရာက္ခ်လာပါေတာ့တယ္။အယ္လ္ေနစီယြန္နယ္မွာသူဟာတစ္လကိုေပါင္၆၀ရရွိပါတယ္။

“အယ္လ္ေနစီယြန္နယ္သို႔ပထမဆုံးအႀကိမ္ေရာက္တုန္းကကြၽန္ေတာ့္ကိုအက္ဒီးဒက္စ္ဖိနပ္အျဖဴေတြေပးတာမွတ္မိပါေသးတယ္။ဖိနပ္ေတြကအရမ္းမိုက္တယ္။အဲဒီမတိုင္ခင္တုန္းကတစ္ခါမွမစီးခဲ့ဖူးဘူး။ပတၱဴဖိနပ္စီးၿပီးေတာဲ့ကစားခဲ့ရတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဗလန္စီယာဟာငယ္ငယ္႐ြယ္႐ြယ္နဲ႔သူ႔မိသားစုအတြက္ေအာင္ျမင္မႈရရွိေရးစြန႔္စားခန္းထြက္ခဲ့ရတာပါ။ပထမဆုံးပေရာ္ဖက္ရွင္နယ္ကလပ္ကေနဗလန္စီယာဟာဗီလာရီးရဲလ္၊ရီခရီေယတီဗို၊ဝီဂန္တို႔မွာကစားခဲ့ပါတယ္။

သူ႔အတြက္ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝအႀကီးမားဆုံးေအာင္ျမင္မႈရရွိလာခဲ့တာကေတာ့မန္ယူသို႔ေျပာင္းေ႐ႊ႕လာခ်ိန္မွာျဖစ္ပါတယ္။

ဗလန္စီယာက “ကြၽန္ေတာ္လုပ္ေဆာင္ခဲ့တဲ့အရာေတြအတြက္အရမ္းဂုဏ္ယူပါတယ္”လို႔ေျပာၾကားသြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေမလ၁၂ရက္ေန႔မွာေတာ့ဗလန္စီယာကေဘာလုံးကစားသမားဘဝကေနအနားယူလိုက္ၿပီျဖစ္ေၾကာင္းေၾကညာလာပါတယ္။

ဗလန်စီယာဟာေအာက်ခြေအညတရဘဝကနေကမ္ဘာေဘာလုံးသမားတစ္ဦးျဖစ္လာတဲ့အထိအေလွ်ာ့မေပးဘဲလုပ္ေဆာင္လာခဲ့တဲ့ဇာတ္လမ္းကေတာ့လူတိုင္းအတြက္စိတ္ဓာတ္ျမင့္တက္ေနေစမွာေသခ်ာေနပါတယ္။