အိမ်ကွင်းရာနှုန်းပြည့်အနိုင်ကို ဆက်ထိန်းမယ့် ဗယ်လီကာနို

တနင်္လာည စပိန်လာလီဂါ ပွဲစဉ်-၁၂ ပွဲကြိုသုံးသပ်ချက်

ဗယ်လီကာနို နှင့် ဆယ်တာဗီဂို (ည ၁၂း၀၀)(သတိုး မှော်ဘီ)

လာလီဂါကိုတန်းပြန်တက်လာတဲ့ဗယ်လီကာနိုရဲ့ဒီရာသီခြေစွမ်းကအံ့သြစရာကောင်းနေပြီးအိမ်ကွင်းပွဲတိုင်းလည်းရာနှုန်းပြည့်နိုင်ထားပါတယ်။အဆင့် ၅ နေရာရောက်နေတဲ့ဗယ်လီကာနိုတိုက်စစ်မှာ ဝါရင့်တိုက်စစ်မှုးဖာကာအိုတစ်ယေက်လည်းဂိုးသွင်းခြေစွမ်းပြနေတာပါ။

ဆယ်တာဗီဂိုကတော့နောက်ဆုံးလာလီဂါ ၄ ပွဲမှာ ၃ ပွဲရှုံးထားပြီးဒီရာသီအဝေးကွင်းပွဲတွေမှာလည်းခြေစွမ်းမငြိမ်ဘဲနိုင်လိုက်ရှုံးလိုက်ဖြစ်နေပါတယ်။ဆယ်တာနဲ့အိမ်ကွင်းတွေ့ဆုံမှုနောက်ဆုံး ၅ ကြိမ်စလုံးနိုင်ထားတဲ့ဗယ်လီကာနိုဟာအိမ်ကွင်းရာနှုန်းပြည့်ကိုဆက်ထိန်းနိုင်မှာပါ။

zawgyi




