အနိုင်ရလဒ်က ပြတ်ပြတ်သားသား

စနေည စပိန်လာလီဂါ ပွဲစဉ်-၃၈ ပွဲကြိုသုံးသပ်ချက်

ဗယ်လာဒိုးလစ် နှင့် အက်သလက်တီကို (ည ၁၀း၃၀)(သတိုး-မှော်ဘီ)

တန်းတင်ကျန်ရစ်ဖို့ အခွင့်အရေးရှိနေသေးတာကြောင့်ဗယ်လာဒိုးလစ်သေသေကျေကျေဖောင်ဖျက်တိုက်ပွဲဝင်လာမှာပါ။ဒါပေမဲ့ခံစစ်ကယိုယွင်း၊ တိုက်စစ်ကသေနဲ့ ရှုံးပွဲတွေချည်း ဆက်တိုက်ရင်ဆိုင်ထားရတာကြောင့် ဗယ်လာဒိုးလစ်အပေါ် စိတ်ချချင်စရာမကောင်းသေးဘူ။

အက်သလက်တီကိုကတော့ချန်ပီယံဆုအတွက်ရီးရဲလ်ရဲ့ဖိအားပေးမှုကိုရင်ဆိုင်နေရဆဲဖြစ်လို့ အမှတ်လိုအပ်နေပါသေးတယ်။ထက်မြက်တဲ့တိုက်စစ်ကို ပိုင်ဆိုင်လာတာကြောင့်အက်သလက်တီကိုအနေနဲ့ယိုယွင်းလွန်းတဲ့ ဗယ်လာဒိုးလစ်ခံစစ်ကြောင်းကိုအလွယ်တကူထိုးဖောက်နိုင်မှာပါ။အက်သလက်တီကိုရဲ့အနိုင်ရလဒ်ကပြတ်ပြတ်သားသားတောင်ဖြစ်သွားလိမ့်မယ်။

zawgyi




