”ဒီလောက်တောင် တိုက်စစ်အသက်မဲ့နေတာ ဘာကြောင့် ယုံကြည်ရမှာလဲ”

သောကြာည စပိန်လာလီဂါပွဲစဉ်-၂၁ ပွဲကြိုသုံးသပ်ချက်

ဗယ်လာဒိုးလစ် နှင့် ဟူစကာ (ည ၂:၃၀)(သတိုး- မှော်ဘီ)

အမှတ်ပေးဇယားအောက်ဆုံးကဟူစကာရဲ့ခြေစွမ်းကအတော်လေးစိတ်ပျက်စရာကောင်းလွန်းနေပြီးအိမ်ဖြည့်ခံအဆင့်လို့တောင်မဆိုနိုင်ပါဘူး။ယိုယွင်းလွန်းတဲ့ခံစစ်ကြောင်းကိုဟူစကာပြင်ဆင်နေရချိန်မှာသူတို့ရဲ့တိုက်စစ်ကလည်း အသက်မဲ့လာပြီး အခုဆိုရင်လာလီဂါနောက်ဆုံး ၄ပွဲဆက်တိုက်ဂိုးပေါက်ပျောက်ခဲ့ရတယ်။

ဗယ်လာဒိုးလစ်ကတော့နိုင်ပွဲတွေရှားပါးပြီးတန်းဆင်းဇုန်ကို မျက်စောင်းထိုးနေတာမှန်ပေမယ့်ခံစစ်သာယိုယွင်းတဲ့အသင်းပါ။ မာရန်ဟာအိုနာနေပေမယ့် ဝီးစ်မန်း၊ ပလာနိုတို့အတွဲအဖက်မိပြီးခြေစွမ်းပြနေတဲ့ တိုက်စစ်ပိုင်းကတော့ဟူစကာထက်အများကြီသာလွန်ပါတယ်။

လက်ရှိအချိန်ဟူစကာမှာဒဏ်ရာရသူတွေအရမ်းများပြီး အွန်တီဗီရော့စ်လည်း ပွဲပယ်ခံထားရလို့ ကွင်းလယ်ထိန်းချုပ်မှုဘယ်လိုမှရှိမယ်မထင်ဘူး။ပွဲစတယ်ဆိုကတည်းကဗယ်လာဒိုးလစ်ကပဲအားကောင်းတဲ့တိုက်စစ်အစွမ်းပြပြီးအဆက်မပြတ်ဖိအားပေးပါလိမ့်မယ်။

မထင်မှတ်ဘဲသရေကျရင် ၂၅ နစ်နာရမယ်လို့ ဗယ်လာဒိုးလစ်ကအကျောပေးထားတယ်။ဟူစကာရဲ့တိုက်စစ်ဒီလောက်တောင်အသက်မဲ့လွန်းတာဘာကြောင့်ယုံကြည်ရမှာလဲ။ရှုံးရင် ၂၅၊ နိုင်ရင်အပြည့်လို့သဘောထားပြီး ဗယ်လာဒိုးလစ်ကိုအပိုင်ပုံအောရမယ်။

zawgyi




