ကိုယ့်ကိုယ်ဆရာကြီးထင်လာတဲ့ ဗန်ဒီဘိခ်

ဒွန်နီဗန်ဒီဘီခ်ဟာအေဂျက်စ်မှမန်ချက်စတာယူနိုက်တက်သို့ပြောင်းရွှေ့ကစားပြီးနောက်ကိုယ့်ကိုယ်ဆရာကြီးတွေးထင်လာကြောင်းစွပ်စွဲပြောကြားခြင်းခံရပါတယ်။

နယ်သာလန်လက်ရွေးစင်ကစားသမားဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကအေဂျက်စ်မှမန်ယူသို့ပေါင်သန်း၄၀ဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။သူဟာဆိုးလ်ရှားရဲ့မန်ယူအသင်းမှာအရန်အဖြစ်သာအဓိကကစားနေရပြီးပရီးမီးယားလိဂ်၁၆ပွဲကစားခွင့်ရရှိရာမှာ၂ပွဲတည်းသာပွဲထွက်ခွင့်ရထားပါတယ်။

ဒတ်ချ်ဂန္ထဝင်တိုက်စစ်မှူးမာကိုဗန်ဘက်စတန်က “သူတို့ကအေဂျက်စ်မှာကစားတုန်းကလည်းကြီးကျယ်တဲ့ဘဝရရှိခဲ့တယ်။ဒီတော့သူတို့ဟာအခြားနိုင်ငံမှာလည်းအကောင်အကြီးကြီးဖြစ်နိုင်တယ်လို့တွေးကြတယ်။ဒါပေမယ့်နယ်သာလန်မှာလည်းကောင်းမွန်တဲ့ပြိုင်ဆိုင်မှုရှိပါတယ်။အေဂျက်စ်လိုအသင်းမျိုးကအများကြီးကူညီခဲ့ပါတယ်။အထူးသဖြင့်နံပါတ်၁၀နေရာအတွက်ပေါ့။နောက်တော့သူဟာနိုင်ငံခြားသို့ထွက်သွားတော့တယ်။လုံးဝကွဲပြားတဲ့ဇာတ်လမ်းဖြစ်လာတော့တယ်”လို့ပြောကြားခဲ့ပါတယ်။

နယ်သာလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာမန်ယူတွင်မာတစ်၊ဘရူနိုဖာနန်ဒက်စ်၊ဖရက်၊စကော့မက်တိုမီနေး၊ပေါလ်ပေါ့ဘာတို့ရဲ့အရန်ကစားသမားအဖြစ်သာကစားခွင့်ရရှိနေသူဖြစ်ပါတယ်။

သူဟာမန်ယူမှာကစားခွင့်ရရှိရေးရုန်းကန်နေရသော်လည်းနယ်သာလန်အသင်းတွင်မူပုံမှန်ကစားခွင့်ရရှိကာခြေစွမ်းပြကစားနေပြီးယူရို၂၀၂၀ပြိုင်ပွဲမှာပါဝင်ခွင့်ရရှိဖို့သေချာနေပါတယ်။

သူဟာမန်ယူတွင်နေရာရရှိရန်ရုန်းကန်နေရမှုကြောင့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်အသင်းပြောင်းရန်စဉ်းစားပြီးမော်ရင်ဟိုကရိုးမားသို့ခေါ်ဆောင်လိုလျက်ရှိနေပါတယ်။

zawgyi

ကိုယ့္ကိုယ္ဆရာႀကီးထင္လာတဲ့ ဗန္ဒီဘိခ္

ဒြန္နီဗန္ဒီဘီခ္ဟာေအဂ်က္စ္မွမန္ခ်က္စတာယူႏိုက္တက္သို႔ေျပာင္းေ႐ႊ႕ကစားၿပီးေနာက္ကိုယ့္ကိုယ္ဆရာႀကီးေတြးထင္လာေၾကာင္းစြပ္စြဲေျပာၾကားျခင္းခံရပါတယ္။

နယ္သာလန္လက္ေ႐ြးစင္ကစားသမားဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကေအဂ်က္စ္မွမန္ယူသို႔ေပါင္သန္း၄၀ျဖင့္ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။သူဟာဆိုးလ္ရွားရဲ႕မန္ယူအသင္းမွာအရန္အျဖစ္သာအဓိကကစားေနရၿပီးပရီးမီးယားလိဂ္၁၆ပြဲကစားခြင့္ရရွိရာမွာ၂ပြဲတည္းသာပြဲထြက္ခြင့္ရထားပါတယ္။

ဒတ္ခ်္ဂႏၴဝင္တိုက္စစ္မႉးမာကိုဗန္ဘက္စတန္က “သူတို႔ကေအဂ်က္စ္မွာကစားတုန္းကလည္းႀကီးက်ယ္တဲ့ဘဝရရွိခဲ့တယ္။ဒီေတာ့သူတို႔ဟာအျခားႏိုင္ငံမွာလည္းအေကာင္အႀကီးႀကီးျဖစ္ႏိုင္တယ္လို႔ေတြးၾကတယ္။ဒါေပမယ့္နယ္သာလန္မွာလည္းေကာင္းမြန္တဲ့ၿပိဳင္ဆိုင္မႈရွိပါတယ္။ေအဂ်က္စ္လိုအသင္းမ်ိဳးကအမ်ားႀကီးကူညီခဲ့ပါတယ္။အထူးသျဖင့္နံပါတ္၁၀ေနရာအတြက္ေပါ့။ေနာက္ေတာ့သူဟာႏိုင္ငံျခားသို႔ထြက္သြားေတာ့တယ္။လုံးဝကြဲျပားတဲ့ဇာတ္လမ္းျဖစ္လာေတာ့တယ္”လို႔ေျပာၾကားခဲ့ပါတယ္။

နယ္သာလန္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာမန္ယူတြင္မာတစ္၊ဘ႐ူႏိုဖာနန္ဒက္စ္၊ဖရက္၊စေကာ့မက္တိုမီေနး၊ေပါလ္ေပါ့ဘာတို႔ရဲ႕အရန္ကစားသမားအျဖစ္သာကစားခြင့္ရရွိေနသူျဖစ္ပါတယ္။

သူဟာမန္ယူမွာကစားခြင့္ရရွိေရး႐ုန္းကန္ေနရေသာ္လည္းနယ္သာလန္အသင္းတြင္မူပုံမွန္ကစားခြင့္ရရွိကာေျခစြမ္းျပကစားေနၿပီးယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာပါဝင္ခြင့္ရရွိဖို႔ေသခ်ာေနပါတယ္။

သူဟာမန္ယူတြင္ေနရာရရွိရန္႐ုန္းကန္ေနရမႈေၾကာင့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အသင္းေျပာင္းရန္စဥ္းစားၿပီးေမာ္ရင္ဟိုက႐ိုးမားသို႔ေခၚေဆာင္လိုလ်က္ရွိေနပါတယ္။