နယ်သာလန်အသင်းတွင် ဗန်ဒိုက်ပါဝင်နိုင်မည်ဟုနည်းပြယုံကြည်နေဆဲ

နယ်သာလန်နည်းပြဖရန့်ဒီဘိုးဝါးကလာမယ့်နွေရာသီတွင်ကျင်းပမယ့်ယူရို၂၀၂၀ပြိုင်ပွဲတွင်နယ်သာလန်အသင်းနှင့်အတူဗာဂယ်ဗန်ဒိုက်ပါဝင်လာနိုင်မယ်လို့ယုံကြည်နေဆဲဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ဗန်ဒိုက်ဟာအောက်တိုဘာလတုန်းကအဲဗာတန်နှင့်မာဆေးလ်ဆိုက်ဒါဘီပွဲစဉ်တွင်ရရှိခဲ့တဲ့ဒူးအရွတ်ဒဏ်ရာကြောင့်အနားယူလာခဲ့ရသူဖြစ်ပါတယ်။

နယ်သာလန်ဗဟိုနောက်ခံလူဟာဒဏ်ရာမှပြန်လည်ကောင်းမွန်လာပြီးနောက်လီဗာပူးနှင့်အတူလေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပြီးလာမယ့်လတွင်ကျင်းပမယ့်ယူရို၂၀၂၀ပြိုင်ပွဲတွင်ပါဝင်လာနိုင်မယ်လို့ယုံကြည်ရပါတယ်။

ဒီဘိုးဝါးဟာလာမယ့်သောကြာနေ့မှာယူရို၂၀၂၀ပြိုင်ပွဲအတွက်နယ်သာလန်ပမာဏလူစာရင်းကိုကြေညာမှာဖြစ်ပြီးမေလနှောင်းပိုင်းတွင်၂၆ဦးစာရင်းကိုကြေညာသွားပါမယ်။ဒီဘိုးဝါးဟာနယ်သာလန်အသင်းတွင်ဗန်ဒိုက်ကိုထည့်သွင်းရန်တံခါးဖွင့်ပေးထားတုန်းဖြစ်ပါတယ်။

ဒီဘိုးဝါးက “သူ့ဘက်ကဆုံးဖြတ်ရမယ့်အရာပါ။ဒါကသူ့ကစားသမားဘဝပါ။သူလည်းဆုံးဖြတ်ရခက်နေတယ်လို့ထင်တယ်။သူဟာပြန်လည်ထူထောင်ရေးအတွက်ကြီးမားတဲ့ခြေလှမ်းလှမ်းခဲ့ပြီးပြီလို့ထင်ပါတယ်။ကျွန်တော်ကတော့နယ်သာလန်အတွက်သူ့ကိုမျှော်လင့်နေပါတယ်”လို့ပြောကြားသွာပါတယ်။

နယ်သာလန်အသင်းဟာယူရို၂၀၂၀ပြိုင်ပွဲမှာယူကရိန်း၊ဩစတြီးယား၊မြောက်မက်စီဒိုးနီးယားတို့နှင့်တစ်အုပ်စုတည်းကျရောက်နေပါတယ်။

ဒါပေမယ့်ယခုလအစောပိုင်းတုန်းကလီဗာပူးနည်းပြကလော့ပ်ကဗန်ဒိုက်မှာယူရို၂၀၂၀ပြိုင်ပွဲမှာပါဝင်လာနိုင်ဖို့မရှိကြောင်းဆိုခဲ့ဖူးပါတယ်။

zawgyi

နယ္သာလန္အသင္းတြင္ ဗန္ဒိုက္ပါဝင္ႏိုင္မည္ဟုနည္းျပယုံၾကည္ေနဆဲ

နယ္သာလန္နည္းျပဖရန႔္ဒီဘိုးဝါးကလာမယ့္ေႏြရာသီတြင္က်င္းပမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္နယ္သာလန္အသင္းႏွင့္အတူဗာဂယ္ဗန္ဒိုက္ပါဝင္လာႏိုင္မယ္လို႔ယုံၾကည္ေနဆဲျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဗန္ဒိုက္ဟာေအာက္တိုဘာလတုန္းကအဲဗာတန္ႏွင့္မာေဆးလ္ဆိုက္ဒါဘီပြဲစဥ္တြင္ရရွိခဲ့တဲ့ဒူးအ႐ြတ္ဒဏ္ရာေၾကာင့္အနားယူလာခဲ့ရသူျဖစ္ပါတယ္။

နယ္သာလန္ဗဟိုေနာက္ခံလူဟာဒဏ္ရာမွျပန္လည္ေကာင္းမြန္လာၿပီးေနာက္လီဗာပူးႏွင့္အတူေလ့က်င့္ခန္းဆင္းေနၿပီျဖစ္ၿပီးလာမယ့္လတြင္က်င္းပမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ပါဝင္လာႏိုင္မယ္လို႔ယုံၾကည္ရပါတယ္။

ဒီဘိုးဝါးဟာလာမယ့္ေသာၾကာေန႔မွာယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္နယ္သာလန္ပမာဏလူစာရင္းကိုေၾကညာမွာျဖစ္ၿပီးေမလေႏွာင္းပိုင္းတြင္၂၆ဦးစာရင္းကိုေၾကညာသြားပါမယ္။ဒီဘိုးဝါးဟာနယ္သာလန္အသင္းတြင္ဗန္ဒိုက္ကိုထည့္သြင္းရန္တံခါးဖြင့္ေပးထားတုန္းျဖစ္ပါတယ္။

ဒီဘိုးဝါးက “သူ႔ဘက္ကဆုံးျဖတ္ရမယ့္အရာပါ။ဒါကသူ႔ကစားသမားဘဝပါ။သူလည္းဆုံးျဖတ္ရခက္ေနတယ္လို႔ထင္တယ္။သူဟာျပန္လည္ထူေထာင္ေရးအတြက္ႀကီးမားတဲ့ေျခလွမ္းလွမ္းခဲ့ၿပီးၿပီလို႔ထင္ပါတယ္။ကြၽန္ေတာ္ကေတာ့နယ္သာလန္အတြက္သူ႔ကိုေမွ်ာ္လင့္ေနပါတယ္”လို႔ေျပာၾကားသြာပါတယ္။

နယ္သာလန္အသင္းဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာယူကရိန္း၊ဩစႀတီးယား၊ေျမာက္မက္စီဒိုးနီးယားတို႔ႏွင့္တစ္အုပ္စုတည္းက်ေရာက္ေနပါတယ္။

ဒါေပမယ့္ယခုလအေစာပိုင္းတုန္းကလီဗာပူးနည္းျပကေလာ့ပ္ကဗန္ဒိုက္မွာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာပါဝင္လာႏိုင္ဖို႔မရွိေၾကာင္းဆိုခဲ့ဖူးပါတယ္။