VARရဲ့ကယ်တင်မှုကြောင့်အဖိုးတန်ရမှတ်သုံးမှတ်ရခဲ့တဲ့ ဝက်စ်ဘရွန်း

ဝက်စ်ဘရွန်းနှင့်ဘရိုက်တန်တို့ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာဒိုင်လူကြီးရဲ့အငြင်းပွားစရာအကောင်းဆုံးဆုံးဖြတ်ချက် တစ်ခုနဲ့ကြုံခဲ့ရပါတယ်။ယင်းပွဲစဉ်မှာကွင်းလယ်ဒိုင်လူကြီးလီမေဆင်ဟာလီဝစ်ဒန့်ခ်ရဲ့ဘရိုက်တန်အတွက်ချေပဂိုးကိုဆုံးဖြတ်ချက်နှစ်ကြိမ်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ပါတယ်။

ဝက်စ်ဘရွန်းဟာပွဲချိန်၁၁မိနစ်မှာကိုင်လီဘာလေရဲ့ဂိုးကိုပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။ဘာလေဟာထောင့်ကန်ဘော ကနေခေါင်းတိုက်ပြီးသွင်းယူခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်ပွဲချိန်၂၉မိနစ်မှာဘရိုက်တန်ကချေပဂိုးရရှိခဲ့ပါတယ်။

လီဝစ်ဒန့်ခ်ဟာဧရိယာအပြင်မှာရရှိတဲ့ဖရီးကစ်ကိုအမြန်ကန်ပြီးအကာအကွယ်မဲ့နေတဲ့ဂိုးပေါက်သို့ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ဝက်စ်ဘရွန်းဂိုးသမားဆမ်ဂျွန်စတုန်းကWall အတွက်ညှိနေတုန်းဒန့်ခ်ကကန်သွင်းခဲ့တာပါ။

လီမေဆင်ဟာချက်ချင်းဆိုသလိုဘဲယင်းဂိုးကိုခွင့်မပြုခဲ့ပါဘူး။ဒါပေမယ့်VARဒိုင်လူကြီးကမေဆင်ဟာဖရီးကစ်ကန် ဖို့အတွက်ဝီစီမှုတ်ခွင့်ပြုထားပြီးဖြစ်တာကြောင့်ဂိုးကိုခွင့်ပြုဖို့ပြောကြားခဲ့ပါတယ်။

နှစ်ဖက်ကစားသမားတို့ဟာဒိုင်လူကြီးကိုဝိုင်းရံပြီးစောဒကတက်မှုပြုလုပ်ခဲ့ပါတယ်။ဒိုင်လူကြီးမေဆင်ဟာလည်းVAR ဒိုင်နဲ့စကားပြောခဲ့ကာဂိုးကိုခွင့်မပြုခဲ့ပါဘူး။ဘာကြောင့်ခွင့်မပြုသလဲဆိုတော့မေဆင်ဟာဘောလုံးမကန်ခင်မှာဝီ စီဒုတိယအကြိမ်မှုတ်ခဲ့လို့ဖြစ်ပါတယ်။

မေဆင်ဟာဘာကြောင့်ဒုတိယအကြိမ်ဝီစီမှုတ်သလဲမသိရပါဘူး။ဒါပေမယ့်သူဟာဝက်စ်ဘရွန်းဂိုးသမားဘက်ကအ ဆင်သင့်မဖြစ်သေးလို့မှုတ်ခဲ့တာလို့ယူဆရပါတယ်။

ယင်းပွဲမှာဝက်စ်ဘရွန်းက၁-၀ဂိုးနဲ့ဘဲအနိုင်ရရှိခဲ့ပါတယ်။ပွဲအပြီးမှာဘရိုက်တန်မှလီဝစ်ဒန့်ခ်ဟာဂိုးကိုခွင့်မပြုခဲ့တဲ့ ဒိုင်လူကြီးမေဆင်ကိုအပြင်းအထန်ဝေဖန်ခဲ့ပါတယ်။

မေဆင်ဟာယခုရာသီမှာဝေဖန်မှုများနှင့်ကြုံခဲ့နေရတဲ့ဒိုင်လူကြီးဖြစ်ပါတယ်။ဝုဗ်နည်းပြနျူနိုကသူတို့ရဲ့ပွဲတွေကို မေဆင်ကိုမကိုင်တွယ်ဖို့ပြောကြားခဲ့ဖူးသလိုမေဆင်မှာပရီးမီးယားလိဂ်ပွဲကိုကိုင်တွယ်နိုင်မယ့်အရည်အချင်းမရှိ ကြောင်းဝေဖန်ခဲ့ဖူးပါတယ်။ယင်းသို့ဝေဖန်မှုရဲ့အကျိုးဆက်အနေဖြင့်ပေါ်တူဂီလူမျိုးနည်းပြဟာပေါင်၂၅၀၀၀ဒဏ်ရိုက်ခံခဲ့ရပါတယ်။

ZawGyi

VARရဲ႕ကယ္တင္မႈေၾကာင့္အဖိုးတန္ရမွတ္သုံးမွတ္ရခဲ့တဲ့ ဝက္စ္ဘ႐ြန္း

ဝက္စ္ဘ႐ြန္းႏွင့္ဘ႐ိုက္တန္တို႔ရဲ႕ပရီးမီးယားလိဂ္ပြဲစဥ္မွာဒိုင္လူႀကီးရဲ႕အျငင္းပြားစရာအေကာင္းဆုံးဆုံးျဖတ္ခ်က္ တစ္ခုနဲ႔ႀကဳံခဲ့ရပါတယ္။ယင္းပြဲစဥ္မွာကြင္းလယ္ဒိုင္လူႀကီးလီေမဆင္ဟာလီဝစ္ဒန႔္ခ္ရဲ႕ဘ႐ိုက္တန္အတြက္ေခ်ပဂိုးကိုဆုံးျဖတ္ခ်က္ႏွစ္ႀကိမ္ႀကိမ္တိုင္တိုင္ျပဳလုပ္ခဲ့ပါတယ္။

ဝက္စ္ဘ႐ြန္းဟာပြဲခ်ိန္၁၁မိနစ္မွာကိုင္လီဘာေလရဲ႕ဂိုးကိုပြဲကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။ဘာေလဟာေထာင့္ကန္ေဘာ ကေနေခါင္းတိုက္ၿပီးသြင္းယူခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ပြဲခ်ိန္၂၉မိနစ္မွာဘ႐ိုက္တန္ကေခ်ပဂိုးရရွိခဲ့ပါတယ္။

လီဝစ္ဒန႔္ခ္ဟာဧရိယာအျပင္မွာရရွိတဲ့ဖရီးကစ္ကိုအျမန္ကန္ၿပီးအကာအကြယ္မဲ့ေနတဲ့ဂိုးေပါက္သို႔ကန္သြင္းခဲ့တာ ျဖစ္ပါတယ္။ဝက္စ္ဘ႐ြန္းဂိုးသမားဆမ္ဂြၽန္စတုန္းကWall အတြက္ညႇိေနတုန္းဒန႔္ခ္ကကန္သြင္းခဲ့တာပါ။

လီေမဆင္ဟာခ်က္ခ်င္းဆိုသလိုဘဲယင္းဂိုးကိုခြင့္မျပဳခဲ့ပါဘူး။ဒါေပမယ့္VARဒိုင္လူႀကီးကေမဆင္ဟာဖရီးကစ္ကန္ ဖို႔အတြက္ဝီစီမႈတ္ခြင့္ျပဳထားၿပီးျဖစ္တာေၾကာင့္ဂိုးကိုခြင့္ျပဳဖို႔ေျပာၾကားခဲ့ပါတယ္။

ႏွစ္ဖက္ကစားသမားတို႔ဟာဒိုင္လူႀကီးကိုဝိုင္းရံၿပီးေစာဒကတက္မႈျပဳလုပ္ခဲ့ပါတယ္။ဒိုင္လူႀကီးေမဆင္ဟာလည္းVAR ဒိုင္နဲ႔စကားေျပာခဲ့ကာဂိုးကိုခြင့္မျပဳခဲ့ပါဘူး။ဘာေၾကာင့္ခြင့္မျပဳသလဲဆိုေတာ့ေမဆင္ဟာေဘာလုံးမကန္ခင္မွာဝီ စီဒုတိယအႀကိမ္မႈတ္ခဲ့လို႔ျဖစ္ပါတယ္။

ေမဆင္ဟာဘာေၾကာင့္ဒုတိယအႀကိမ္ဝီစီမႈတ္သလဲမသိရပါဘူး။ဒါေပမယ့္သူဟာဝက္စ္ဘ႐ြန္းဂိုးသမားဘက္ကအ ဆင္သင့္မျဖစ္ေသးလို႔မႈတ္ခဲ့တာလို႔ယူဆရပါတယ္။

ယင္းပြဲမွာဝက္စ္ဘ႐ြန္းက၁-၀ဂိုးနဲ႔ဘဲအႏိုင္ရရွိခဲ့ပါတယ္။ပြဲအၿပီးမွာဘ႐ိုက္တန္မွလီဝစ္ဒန႔္ခ္ဟာဂိုးကိုခြင့္မျပဳခဲ့တဲ့ ဒိုင္လူႀကီးေမဆင္ကိုအျပင္းအထန္ေဝဖန္ခဲ့ပါတယ္။

ေမဆင္ဟာယခုရာသီမွာေဝဖန္မႈမ်ားႏွင့္ႀကဳံခဲ့ေနရတဲ့ဒိုင္လူႀကီးျဖစ္ပါတယ္။ဝုဗ္နည္းျပန်ဴႏိုကသူတို႔ရဲ႕ပြဲေတြကို ေမဆင္ကိုမကိုင္တြယ္ဖို႔ေျပာၾကားခဲ့ဖူးသလိုေမဆင္မွာပရီးမီးယားလိဂ္ပြဲကိုကိုင္တြယ္ႏိုင္မယ့္အရည္အခ်င္းမရွိ ေၾကာင္းေဝဖန္ခဲ့ဖူးပါတယ္။ယင္းသို႔ေဝဖန္မႈရဲ႕အက်ိဳးဆက္အေနျဖင့္ေပၚတူဂီလူမ်ိဳးနည္းျပဟာေပါင္၂၅၀၀၀ဒဏ္႐ိုက္ခံခဲ့ရပါတယ္။