VAR ရဲ့ဆိုးရွားလှတဲ့ ဆုံးဖြတ်ချက်ကြောင့် မျက်ရည်ကျခဲ့ရတဲ့ သရဲနီစတားဟောင်း

မန်ယူတောင်ပံကစားသမားဟောင်းနာနီဟာ VAR ရဲ့အင်မတန်ဆိုးရွားလှတဲ့ဆုံးဖြတ်ချက်ကြောင့်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက်မျက်ရည်ပါကျခဲ့ရကြောင်းတွေ့ရပါတယ်။

ဘောလုံးလောကတွင် VAR အသုံးပြုလာရခြင်းမှာဘောလုံးပွဲပိုမိုတရားမျှတပြီးလှပလာဖို့ဖြစ်ပါတယ်။ဒါပေမယ့်နာနီအထုတ်ပယ်ခံခဲ့ရမှုမှာတော့ VARကတော့အလွန်ဆိုးရွားလွန်းနေပါတယ်။

အော်လန်ဒိုအက်ဖ်စီစတားဟာကိုလမ်ဘတ်စ်ခရူနဲ့အမေရိကန်မေဂျာလိဂ်ပွဲစဉ်မှာ VAR ရဲ့အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်ကြောင့်အထုတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

၂၀၂၀ခုနှစ်၊နိုဝင်ဘာလတုန်းကပွဲစဉ်မှာနာနီဟာကိုလမ်ဘတ်စ်အလယ်တန်းကစားသမားအာသာထံမှဘောလုံးကိုရှင်းရှင်းလင်းလင်းဖျက်ထုတ်နိုင်ခဲ့ပေမယ့်ဒိုင်လူကြီးရာမီတူကန်ရဲ့အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။ဒိုင်လူကြီးဟာထိုမျှနဲ့အားမရသေးဘဲကွင်းဘေးရှိ မော်နီတာမှာယင်းအဖြစ်အပျက်ကိုထပ်ကြည့်ပြီးနောက်အဝါကတ်ကိုအနီကတ်အဖြစ်ပြောင်းလဲပြသခဲ့ပါတယ်။

နာနီဟာယင်းအနီကတ်ကြောင့်အကြီးအကျယ်စိတ်ပျက်ကာကွင်းအတွင်းမှမျက်ရည်ကျပြီးထွက်ခွာသွားခဲ့ပါတယ်။

ဒါပေမယ့်နောက်ပိုင်းမှာအမေရိကန်မေဂျာလိဂ်ကနာနီရဲ့အနီကတ်ကိုဖယ်ရှားပေးခဲ့ပါတယ်။မန်ယူနှင့်အတူပရီးမီးယားလိဂ်ဖလားလေးကြိမ်ရယူနိုင်ခဲ့တဲ့နာနီဟာလည်းယခုတိုင်အော်လန်ဒိုမှာကစားနေတုန်းဖြစ်ပါတယ်။

ZawGyi

VAR ရဲ႕ဆိုး႐ြားလွတဲ့ ဆုံးျဖတ္ခ်က္ေၾကာင့္ မ်က္ရည္က်ခဲ့ရတဲ့ သရဲနီစတားေဟာင္း

မန္ယူေတာင္ပံကစားသမားေဟာင္းနာနီဟာ VAR ရဲ႕အင္မတန္ဆိုး႐ြားလွတဲ့ဆုံးျဖတ္ခ်က္ေၾကာင့္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရၿပီးေနာက္မ်က္ရည္ပါက်ခဲ့ရေၾကာင္းေတြ႕ရပါတယ္။

ေဘာလုံးေလာကတြင္ VAR အသုံးျပဳလာရျခင္းမွာေဘာလုံးပြဲပိုမိုတရားမွ်တၿပီးလွပလာဖို႔ျဖစ္ပါတယ္။ဒါေပမယ့္နာနီအထုတ္ပယ္ခံခဲ့ရမႈမွာေတာ့ VARကေတာ့အလြန္ဆိုး႐ြားလြန္းေနပါတယ္။

ေအာ္လန္ဒိုအက္ဖ္စီစတားဟာကိုလမ္ဘတ္စ္ခ႐ူနဲ႔အေမရိကန္ေမဂ်ာလိဂ္ပြဲစဥ္မွာ VAR ရဲ႕အျငင္းပြားဖြယ္ရာဆုံးျဖတ္ခ်က္ေၾကာင့္အထုတ္ခံခဲ့ရတာလည္းျဖစ္ပါတယ္။

၂၀၂၀ခုႏွစ္၊ႏိုဝင္ဘာလတုန္းကပြဲစဥ္မွာနာနီဟာကိုလမ္ဘတ္စ္အလယ္တန္းကစားသမားအာသာထံမွေဘာလုံးကိုရွင္းရွင္းလင္းလင္းဖ်က္ထုတ္ႏိုင္ခဲ့ေပမယ့္ဒိုင္လူႀကီးရာမီတူကန္ရဲ႕အဝါကတ္ျပသျခင္းခံခဲ့ရပါတယ္။ဒိုင္လူႀကီးဟာထိုမွ်နဲ႔အားမရေသးဘဲကြင္းေဘးရွိ ေမာ္နီတာမွာယင္းအျဖစ္အပ်က္ကိုထပ္ၾကည့္ၿပီးေနာက္အဝါကတ္ကိုအနီကတ္အျဖစ္ေျပာင္းလဲျပသခဲ့ပါတယ္။

နာနီဟာယင္းအနီကတ္ေၾကာင့္အႀကီးအက်ယ္စိတ္ပ်က္ကာကြင္းအတြင္းမွမ်က္ရည္က်ၿပီးထြက္ခြာသြားခဲ့ပါတယ္။

ဒါေပမယ့္ေနာက္ပိုင္းမွာအေမရိကန္ေမဂ်ာလိဂ္ကနာနီရဲ႕အနီကတ္ကိုဖယ္ရွားေပးခဲ့ပါတယ္။မန္ယူႏွင့္အတူပရီးမီးယားလိဂ္ဖလားေလးႀကိမ္ရယူႏိုင္ခဲ့တဲ့နာနီဟာလည္းယခုတိုင္ေအာ္လန္ဒိုမွာကစားေနတုန္းျဖစ္ပါတယ္။