
လီးမေဆင်ဟာ PGMOL နှင့်နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းလိုက်ပြီးနောက်ပရီးမီးယားလိဂ်ဒိုင်အဖြစ်ဆက်လက်ရှိနေတော့မှာမဟုတ်တော့ပါဘူး။
အသက်၅၁နှစ်ရှိလီးမေဆင်ဟာအာဆင်နယ်နှင့်ဘရန့်ဖို့ဒ်တို့တစ်ဂိုးစီသရေကျတဲ့ပွဲတွင်အမှားကျူးလွန်ပြီးရက်အနည်းငယ်အကြာမှာဘဲဒိုင်အဖွဲ့ချုပ်မှနုတ်ထွက်လာတာဖြစ်ပါတယ်။
မေဆင်ဟာအဆိုပါပွဲစဉ်တွင် VAR ဒိုင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးအိုင်ဗန်တိုနေးရဲ့ချေပဂိုးအားလူကျွံဘောအဖြစ်စစ်ဆေးမှုပြုလုပ်ရန်ပျက်ကွက်ခဲ့ပါတယ်။
အာဆင်နယ်ဟာမေဆင်ရဲ့အမှားကြောင့်ဘရန့်ဖို့ဒ်နှင့်ပွဲတွင်အမှတ်ဆုံးရှုံးခဲ့ရပြီးနောက်ကြားရက်တုန်းကမန်စီးတီးကိုရှုံးနိမ့်ကာအမှတ်ပေးဇယားထိပ်ဆုံးနေရာကိုဖယ်ပေးလိုက်ရပါတယ်။
ZawGyi
VAR အမှား ကျူးလွန်ပြီးနောက် ဒိုင်အဖွဲ့ချုပ် PGMOL မှ မေဆင် ထွက်ခွာ