ဖူလ်ဟမ်ဂိုးသမားကို မထုတ်ခဲ့တဲ့ VAR လှောင်ပြောင်ခြင်းခံနေရ

ဖူလ်ဟမ်ဂိုးသမားအယ်ဖုန်းအာရီယိုလာဘန်လေနှင့်ပွဲစဉ်တွင်ပင်နယ်တီဧရိယာအပြင်ဘက်တွင်ဘောလုံးကိုရှင်းရှင်းလင်းလင်းထိခဲ့သော်လည်းထုတ်ပယ်ခြင်းမခံခဲ့ရပါဘူး။

ဖူလ်ဟမ်နှင့်ဘန်လေတို့ရဲ့ဒုတိယပိုင်းမှာဘန်လေကတန်ပြန်တိုက်စစ်ဆင်ခဲ့ပြီးဖူလ်ဟမ်ဂိုးသမားဟာပင်နယ်တီဧရိယာအပြင်သို့အထိထွက်ကာပြိုင်ဘက်တိုက်စစ်မှူးမာတဲဗိုင်ဒရာကိုတားဆီးဖို့ကြိုးပမ်းခဲ့ပါတယ်။ပြင်သစ်ဂိုးသမားဟာအလျှင်အမြန်ဘဲဘောလုံးကိုလက်ဖြင့်ထိကာကာကွယ်ခဲ့တာတွေ့ရပါတယ်။

အထက်ပါဖြစ်ရပ်ကို VAR ကစစ်ဆေးမှုပြုလုပ်ခဲ့သော်လည်းအနီကတ်ပြထုတ်ပယ်ခဲ့ခြင်းမရှိပါဘူး။VAR ကမာရီယိုလာမီနာကအကာအကွယ်ပေးထားမှုကြောင့်ဘန်လေမှာဂိုးရနိုင်တဲ့အခွင့်အလမ်းနည်းပါးတယ်ဆိုပြီးအာရီယိုလာကိုမထုတ်ပယ်ခဲ့တာလည်းဖြစ်ပါတယ်။

အေရီယိုလာဟာဧရိယာအပြင်မှာဘောလုံးကိုလက်ဖြင့်ထိခဲ့ကာအထုတ်မခံခဲ့ရပေမယ့်ယခုရာသီအစောပိုင်းတုန်းကအာဆင်နယ်ဂိုးသမားလီနိုဟာဝုဗ်နှင့်ပွဲစဉ်တွင်ဧရိယာအပြင်မှာဘောလုံးကိုလက်ဖြင့်ပုတ်ထုတ်ခဲ့မှုအတွက်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ဒါကြောင့်လည်းပရီးမီးယားလိဂ်ပရိသတ်များကVARကိုဟာသတစ််ခုအနေဖြင့်ဆိုရှယ်မီဒီယာမှာလှောင်ပြောင်ရေးသားမှုများပြုလုပ်နေပါတယ်။ဖူလ်ဟမ်ဟာဘန်လေနှင့်ပွဲစဉ်မှာ၂-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးဝက်စ်ဘရွန်း၊ရှက်ဖီးလ်ယူနိုက်တက်တို့နှင့်အတူပရီးမီးယားလိဂ်မှတန်းဆင်းရရန်သေချာသွားခဲ့ပြီဖြစ်ပါတယ်။

zawgyi

ဖူလ္ဟမ္ဂိုးသမားကို မထုတ္ခဲ့တဲ့ VAR ေလွာင္ေျပာင္ျခင္းခံေနရ

ဖူလ္ဟမ္ဂိုးသမားအယ္ဖုန္းအာရီယိုလာဘန္ေလႏွင့္ပြဲစဥ္တြင္ပင္နယ္တီဧရိယာအျပင္ဘက္တြင္ေဘာလုံးကိုရွင္းရွင္းလင္းလင္းထိခဲ့ေသာ္လည္းထုတ္ပယ္ျခင္းမခံခဲ့ရပါဘူး။

ဖူလ္ဟမ္ႏွင့္ဘန္ေလတို႔ရဲ႕ဒုတိယပိုင္းမွာဘန္ေလကတန္ျပန္တိုက္စစ္ဆင္ခဲ့ၿပီးဖူလ္ဟမ္ဂိုးသမားဟာပင္နယ္တီဧရိယာအျပင္သို႔အထိထြက္ကာၿပိဳင္ဘက္တိုက္စစ္မႉးမာတဲဗိုင္ဒရာကိုတားဆီးဖို႔ႀကိဳးပမ္းခဲ့ပါတယ္။ျပင္သစ္ဂိုးသမားဟာအလွ်င္အျမန္ဘဲေဘာလုံးကိုလက္ျဖင့္ထိကာကာကြယ္ခဲ့တာေတြ႕ရပါတယ္။

အထက္ပါျဖစ္ရပ္ကို VAR ကစစ္ေဆးမႈျပဳလုပ္ခဲ့ေသာ္လည္းအနီကတ္ျပထုတ္ပယ္ခဲ့ျခင္းမရွိပါဘူး။VAR ကမာရီယိုလာမီနာကအကာအကြယ္ေပးထားမႈေၾကာင့္ဘန္ေလမွာဂိုးရႏိုင္တဲ့အခြင့္အလမ္းနည္းပါးတယ္ဆိုၿပီးအာရီယိုလာကိုမထုတ္ပယ္ခဲ့တာလည္းျဖစ္ပါတယ္။

ေအရီယိုလာဟာဧရိယာအျပင္မွာေဘာလုံးကိုလက္ျဖင့္ထိခဲ့ကာအထုတ္မခံခဲ့ရေပမယ့္ယခုရာသီအေစာပိုင္းတုန္းကအာဆင္နယ္ဂိုးသမားလီႏိုဟာဝုဗ္ႏွင့္ပြဲစဥ္တြင္ဧရိယာအျပင္မွာေဘာလုံးကိုလက္ျဖင့္ပုတ္ထုတ္ခဲ့မႈအတြက္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ဒါေၾကာင့္လည္းပရီးမီးယားလိဂ္ပရိသတ္မ်ားကVARကိုဟာသတစ္္ခုအေနျဖင့္ဆိုရွယ္မီဒီယာမွာေလွာင္ေျပာင္ေရးသားမႈမ်ားျပဳလုပ္ေနပါတယ္။

ဖူလ္ဟမ္ဟာဘန္ေလႏွင့္ပြဲစဥ္မွာ၂-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ၿပီးဝက္စ္ဘ႐ြန္း၊ရွက္ဖီးလ္ယူႏိုက္တက္တို႔ႏွင့္အတူပရီးမီးယားလိဂ္မွတန္းဆင္းရရန္ေသခ်ာသြားခဲ့ၿပီျဖစ္ပါတယ္။