ဂိုးပြတ်နိုင်ဖို့ဆိုတာ အလွယ်လေး

ကြာသပတေးည ပြင်သစ်အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

ဗယ်လိုင်းရက်စ် နှင့် မိုနာကို (ည ၁း၄၅)(ဖိုးရာဇာ)

နေရှင်နယ်၂မှာတောင်ရပ်တည်မှုမကောင်းတဲ့ဗယ်လိုင်းရက်စ်အတွက်ဒီအဆင့်ထိ တက်လှမ်းလာနိုင်တာပဲကံကောင်းလွန်းနေပါပြီ။ပွဲတွေဆက်တိုက်ချောင်လို့သာ ဗယ်လိုင်းရက်စ်ဒီအထိတက်လာတာဖြစ်ပြီးလူအင်အားနဲ့ ခြေစွမ်းပိုင်းကမိုနာကိုထက်အများကြီး နိမ့်ကျပါတယ်။

လတ်တလောလုံခြုံလွန်းနေတဲ့မိုနာကိုခံစစ်ကြောင်းကိုဗယ်လိုင်းရက်စ် ဖြတ်ကျော်ဂိုးသွင်းဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူး။ဗယ်လိုင်းရက်စ်ခံစစ်ကလည်း ကီဗင်ဗိုလန်၊ ယက်ဒါ၊ အဂူလာတို့ရဲ့ မိုနာကိုကြယ်ပွင့်တွေကို ထိန်းချုပ်ဖို့ ခက်လိမ့်မယ်။

ပြင်သစ်လီဂူးမှာချန်ပီယံလိဂ်ဝင်ခွင့်မလွဲချော်စေဖို့ ကြိုးစားနေရချိန်ဆိုပေမယ့်အခုပွဲကိုလည်းမိုနာကိုအစွမ်းကုန်တိုက်ပွဲဝင်လာပါလိမ့်မယ်။မိုနာကို အနည်း ဆုံး၃ဂိုးပြတ်အနိုင်ရဖို့ဆိုတာအလွယ်လေးရယ်ပါ။

zawgyi

ဂိုးျပတ္ႏိုင္ဖို႔ဆိုတာ အလြယ္ေလး

ၾကာသပေတးည ျပင္သစ္အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ ပြဲႀကိဳသုံးသပ္ခ်က္

ဗယ္လိုင္းရက္စ္ ႏွင့္ မိုနာကို (ည ၁း၄၅)(ဖိုးရာဇာ)

ေနရွင္နယ္၂မွာေတာင္ ရပ္တည္မႈမေကာင္းတဲ့ ဗယ္လိုင္းရက္စ္အတြက္ ဒီအဆင့္ထိ တက္လွမ္းလာႏိုင္တာပဲ ကံေကာင္းလြန္းေနပါၿပီ။ပြဲေတြဆက္တိုက္ေခ်ာင္လို႔သာ ဗယ္လိုင္းရက္စ္ ဒီအထိတက္လာတာျဖစ္ၿပီး လူအင္အားနဲ႔ ေျခစြမ္းပိုင္းက မိုနာကိုထက္ အမ်ားႀကီး နိမ့္က်ပါတယ္။လတ္တေလာ လုံၿခဳံလြန္းေနတဲ့ မိုနာကိုခံစစ္ေၾကာင္းကို ဗယ္လိုင္းရက္စ္ ျဖတ္ေက်ာ္ဂိုးသြင္းဖို႔ဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္ပါဘူး။

ဗယ္လိုင္းရက္စ္ခံစစ္ကလည္း ကီဗင္ဗိုလန္၊ ယက္ဒါ၊ အဂူလာတို႔ရဲ႕ မိုနာကိုၾကယ္ပြင့္ေတြကို ထိန္းခ်ဳပ္ဖို႔ ခက္လိမ့္မယ္။ျပင္သစ္လီဂူးမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ မလြဲေခ်ာ္ေစဖို႔ ႀကိဳးစားေနရခ်ိန္ဆိုေပမယ့္ အခုပြဲကိုလည္း မိုနာကို အစြမ္းကုန္ တိုက္ပြဲဝင္လာပါလိမ့္မယ္။မိုနာကို အနည္းဆုံး ၃ဂိုးျပတ္အႏိုင္ရဖို႔ဆိုတာ အလြယ္ေလးရယ္ပါ။