”ဒီလိုပွဲမျိုးမှဂိုးမပေါ်ရင်အခြားဘယ်ပွဲမှဂိုးမပေါ်တော့ဘူး”

တနင်္ဂနွေည အီတလီစီးရီးအေ ပွဲစဉ်-၂၆ ပွဲကြိုသုံးသပ်ချက်

ဗီရိုနာ နှင့် အေစီမီလန် (ည ၈:၃၀)(မြန်မာပြည်ဂုရု)

ဇယားထိပ်ဆုံးကအင်တာမီလန်ကိုအမီလိုက်ဖို့ ကြိုးစားနေပေမယ့်လည်းအေစီမီလန်ရဲ့ရလဒ်ပိုင်းကတိုးတက်ကောင်းမွန်လာခြင်းမရှိဘူး။အီဘရာဟီမိုဗစ်၊ ကက်ဆီတို့ရဲ့တိုက်စစ်ပိုင်းဂိုးဘယ်လောက်ပဲသွင်းသွင်းနောက်တန်းကပေးဂိုးများလွန်းလို့ အေစီမီလန်ရုန်းကန်နေရတာဖြစ်တယ်။

ဗီရိုနာကလည်းဘာရက်၊ ဖာရာအိုနီတို့အစွမ်းပြမှုနဲ့အတူတိုက်စစ်ကဂိုးတွေသွင်းလာနိုင်သလောက်နောက်တန်းကပေးဂိုးများနေဆဲအသင်းပါ။ဒီလိုပွဲမျိုးမှ ဂိုးမပေါ်ရင်အခြားဘယ်ပွဲမှဂိုးမပေါ်တော့ဘူးလို့ပဲတင်စားညွှန်းဆိုချင်တယ်။

zawgyi




